ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင္႔ခံရသည့္ MGY ဂ်ာနယ္ သတင္းေထာက္ သံုးဦးအား ေခၚယူစစ္ေဆး

ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင္႔ခံရသည့္ MGY ဂ်ာနယ္ သတင္းေထာက္ သံုးဦးအား ေခၚယူစစ္ေဆး
ဇွန် 18, 2017
By Tachileik News Agency

ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင္႔ အမႈဖြင့္ခံထားရသည့္ မေကြးၿမိဳ႕ အေျခစိုက္ MGY သတင္း ႏွင္႔ရသစံုဂ်ာနယ္မွ သတင္းေထာက္(၃)ဦးကို ဇြန္(၁၈)ရက္ေန႔တြင္ မေကြးၿမိဳ႕ နယ္ေျမရဲစခန္းမွ ေခၚယူ၍ စစ္ေဆးေၾကာင္း သိရသည္။

“ဒီေန႔ ကၽြန္ေတာ္တို႔သံုးဦးကို အမႈစစ္က ေခၚယူစစ္ေဆးၿပီး ကၽြန္ေတာ္နဲ႔ ဇာဇာ(မေကြး)ရဲ႕ ဖုန္းေတြကို သိမ္းပါတယ္။ စီအိုင္ဒီကိုပို႔ၿပီး စစ္ေဆးရမွာလို႔ ေျပာပါတယ္။ အမႈစစ္ကို ကၽြန္ေတာ့္ ေဖ႔စ္ဘုတ္အေကာင္႔နဲ႔ ဆက္လက္ သံုးခြင္႔ရိွလားဆိုေတာ႔ သံုးပါလို႔ ေျပာပါတယ္” ဟု MGY ဂ်ာနယ္တာဝန္ခံအယ္ဒီတာ တင္ေရႊ(မင္းဘူး) က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၎၏ ေဖ႔စ္ဘုတ္စာမ်က္ႏွာ၌ ပို႔စ္တင္ျခင္းမွာ မယ္လေတာင္ေက်းရြာအုပ္စု သေဘၤာဆိပ္ေက်းရြာတြင္ အုတ္လုပ္ငန္းကို ခြင္႔ျပဳခ်က္ မရိွဘဲ လုပ္ေနသည့္အေပၚ အစိုးရႏွင္႔ ျပည္သူမ်ားသိေစရန္၊ ေက်းရြာလမ္း ေဖာက္လုပ္ရာတြင္လည္း သက္ဆိုင္ရာမွ သတ္မွတ္ေပးထားေသာ ေနရာဟုတ္/မဟုတ္နွင္႔ သဘာဝေဘး အႏၱရာယ္ကို အကာအကြယ္ေပးေနသည့္ သစ္ပင္မ်ားအား ဘူဒိုဇာႏွင္႔ ထိုး၍ ဖယ္ရွားခြင္႔ျပဳ/မျပဳ တာဝန္ရိွသူမ်ားက ကြင္းဆင္းစစ္ေဆးေစရန္ ရည္ရြယ္၍ တင္ခဲ႔ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ႔သည္ဆို၏။

ဦးတင္ေရႊတင္ခဲ့ေသာပို႔စ္တြင္ “မျဖစ္သင္႔တာေတြပါ”ဟု မွတ္ခ်က္ေပးခဲ႔ေသာ ဇာဇာ(မေကြး)ႏွင္႔ အဆိုပါ ပိုု႔စ္အား Share ျခင္း၊ Comment ေပးျခင္း လံုးဝမလုပ္ေဆာင္ေသာ္လည္း အမႈဖြင့္ခံထားရသူ ဖူးပြင့္ေနျခည္တို႔အားလည္း ပို႔စ္ေရးသူ ဦးတင္ေရႊႏွင့္အတူ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ)ျဖင္႔ပင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

တင္ေရႊ(မင္းဘူး) အေကာင့္ျဖင့္ ေဖ႔စ္ဘုတ္လူမႈကြန္ရက္စာမ်က္ႏွာတြင္ “သို႔- မေကြးတိုင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ေထြအုပ္တာဝန္ရိွသူမ်ား၊ေျမစာရင္းတာဝန္ရိွသူမ်ားခင္ဗ်ား -မသိလို႔ေမးပါရေစ။ မေကြးမွာ အုတ္ဖုတ္လုပ္ငန္းခြင္႔ျပဳထားပါသလား။ ျမင္းကင္းသေဘၤာဆိပ္နယ္ေျမ ပလပ္ေျမတြင္ အုတ္ ထုတ္လုပ္ေနပါသည္။ မယ္လွေတာင္အုပ္စုအုပ္ခ်ဳပ္ေရးမွဴးက သတင္းမီဒီယာေတြ သူ႔ခြင္႔ျပဳခ်က္ရမွ ရြာထဲအဝင္ခံမယ္နဲ႔ အာဏာရွင္ဆန္ဆန္ေျပာေသးသဗ်။ မယံုသြားၾကည္႔ပါ ။ အခြန္ဘ႑ာ နစ္နာပါတယ္။ လုပ္ငန္းရွင္ကလည္း ခပ္ထန္ထန္ပါ။ ဒီၾကားထဲ သစ္ပင္မ်ားအား ဘူဒိုဇာနဲ႔ထိုးဖို႔ လုပ္ေနတဲ႔အတြက္ ျမင္းကင္းရြာျပည္သူ တခ်ိဳ႕က ကန္႔ကြက္လ်က္ရိွေနပါတယ္။ တာဝန္ရိွသူမ်ား ကြင္းဆင္း စစ္ေဆးသင္႔ပါတယ္”ဟု ပို႔စ္တင္ခဲ႔ျခင္း၊ ဇာဇာ(မေကြး)မွလည္း Comment တြင္ “မျဖစ္သင္႔တာေတြပါ”ဟု တင္ခဲ႔သည္႔အေပၚ မယ္လွေတာင္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးေဌးလြင္က အမႈဖြင္႔ခဲ႔ ျခင္းျဖစ္ေၾကာင္း ရဲစခန္း ပထမသတင္းေပးတိုင္ခ်က္အရ သိရသည္။

သက္ဆိုင္ရာ ဌာနအဖဲြ႔အစည္းမ်ားထံ အေၾကာင္းၾကားတင္ျပၿပီး ေက်းရြာသူ/ေက်းရြာသားမ်ား လြယ္ကူစြာ သြားလာႏိုင္ေရး ယခင္လမ္းေဟာင္းအား အသစ္ခ်ဲ႕ထြင္ ျပဳလုပ္ေနစဥ္ မေကြးၿမိဳ႕ MGY ဂ်ာနယ္မွ အသင္းဝင္မ်ားျဖစ္ေသာ ဦးတင္ေရႊ၊ မဇာဇာဆန္းႏွင္႔ မဖူးပြင္႔ေနျခည္တို႔ ေရာက္ရိွလာကာ သတင္းယူရန္ ေျပာဆိုၿပီး ၎တို႔ျပဳျပင္ေနေသာလမ္းမွာ သဘာဝပတ္ဝန္းက်င္ထိခိုက္သည့္အတြက္ လုပ္ငန္းရပ္ဆိုင္းရန္၊ မရပ္ဆိုင္းပါက သတင္းတင္မည္ဟုေျပာဆိုသျဖင္႔ ဦးေဌးလြင္က သတင္းတင္လွ်င္ မွန္မွန္ကန္ကန္တင္ရန္ ေျပာဆိုခဲ႔ရာ ၎တို႔(၃)ဦးသည္ ဓာတ္ပံုမ်ားရိုက္၍ ျပန္သြားခဲ႔သည္ဟု တိုင္ခ်က္တြင္ ေဖာ္ျပထားသည္။

“ကၽြန္ေတာ့္အေနနဲ႔ တရားလိုစစ္ထားတယ္။ သက္ေသေတြ စစ္ထားတယ္။ ဒီေန႔ စြပ္စဲြခံရသူေတြကို စစ္ၿပီး သက္ေသခံပစၥည္းေတြကို သိမ္းပါတယ္။ ၿပီးေတာ႔ က်န္တဲ႔ရဲလုပ္ငန္းေတြကို ေဆာင္ရြက္ၿပီးေတာ႔ သက္ဆိုင္ရာေတြဆီ ခြင္႔ျပဳမိန္႔ေတာင္းၿပီး လိုအပ္သလိုဆက္လက္ေဆာင္ရြက္သြားပါမယ္”ဟု အမႈစစ္ ဒုရဲအုပ္ ေဇာ္မင္းဦးက ေျပာသည္။

အဆိုပါ အမႈႏွင့္ပတ္သက္၍ MGY သတင္းႏွင္႔ရသစံုဂ်ာနယ္ တာဝန္ခံအယ္ဒီတာ တင္ေရႊ(မင္းဘူး)၊ MGY ဂ်ာနယ္သတင္းေထာက္မ်ားျဖစ္ၾကေသာ ဇာဇာ(မေကြး)ႏွင္႔ ဖူးပြင္႔ေနျခည္ တို႔အား မေကြးၿမိဳ႕ နယ္ေျမ ရဲစခန္းမွ (ပ)၄၂၂/၂၀၁၇၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)ျဖင္႔ ဇြန္(၁၀)ရက္ေန႔က အမႈဖြင္႔အေရးယူခဲ႔ျခင္းျဖစ္သည္။

သတင္း - #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသည့် မကွေးမြို့ အခြေစိုက် MGY သတင်း နှင့်ရသစုံဂျာနယ်မှ သတင်းထောက်(၃)ဦးကို ဇွန်(၁၈)ရက်နေ့တွင် မကွေးမြို့ နယ်မြေရဲစခန်းမှ ခေါ်ယူ၍ စစ်ဆေးကြောင်း သိရသည်။
“ဒီနေ့ ကျွန်တော်တို့သုံးဦးကို အမှုစစ်က ခေါ်ယူစစ်ဆေးပြီး ကျွန်တော်နဲ့ ဇာဇာ(မကွေး)ရဲ့ ဖုန်းတွေကို သိမ်းပါတယ်။ စီအိုင်ဒီကိုပို့ပြီး စစ်ဆေးရမှာလို့ ပြောပါတယ်။ အမှုစစ်ကို ကျွန်တော့် ဖေ့စ်ဘုတ်အကောင့်နဲ့ ဆက်လက် သုံးခွင့်ရှိလားဆိုတော့ သုံးပါလို့ ပြောပါတယ်” ဟု MGY ဂျာနယ်တာဝန်ခံအယ်ဒီတာ တင်ရွှေ(မင်းဘူး) က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ ပို့စ်တင်ခြင်းမှာ မယ်လတောင်ကျေးရွာအုပ်စု သင်္ဘောဆိပ်ကျေးရွာတွင် အုတ်လုပ်ငန်းကို ခွင့်ပြုချက် မရှိဘဲ လုပ်နေသည့်အပေါ် အစိုးရနှင့် ပြည်သူများသိစေရန်၊ ကျေးရွာလမ်း ဖောက်လုပ်ရာတွင်လည်း သက်ဆိုင်ရာမှ သတ်မှတ်ပေးထားသော နေရာဟုတ်/မဟုတ်နှင့် သဘာဝဘေး အန္တရာယ်ကို အကာအကွယ်ပေးနေသည့် သစ်ပင်များအား ဘူဒိုဇာနှင့် ထိုး၍ ဖယ်ရှားခွင့်ပြု/မပြု တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးစေရန် ရည်ရွယ်၍ တင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဆို၏။
ဦးတင်ရွှေတင်ခဲ့သောပို့စ်တွင် “မဖြစ်သင့်တာတွေပါ”ဟု မှတ်ချက်ပေးခဲ့သော ဇာဇာ(မကွေး)နှင့် အဆိုပါ ပို့စ်အား Share ခြင်း၊ Comment ပေးခြင်း လုံးဝမလုပ်ဆောင်သော်လည်း အမှုဖွင့်ခံထားရသူ ဖူးပွင့်နခြေည်တို့အားလည်း ပို့စ်ရေးသူ ဦးတင်ရွှေနှင့်အတူ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့်ပင် အမှုဖွင့်ထားကြောင်း သိရသည်။
တင်ရွှေ(မင်းဘူး) အကောင့်ဖြင့် ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် “သို့- မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ထွေအုပ်တာဝန်ရှိသူများ၊မြေစာရင်းတာဝန်ရှိသူများခင်ဗျား -မသိလို့မေးပါရစေ။ မကွေးမှာ အုတ်ဖုတ်လုပ်ငန်းခွင့်ပြုထားပါသလား။ မြင်းကင်းသင်္ဘောဆိပ်နယ်မြေ ပလပ်မြေတွင် အုတ် ထုတ်လုပ်နေပါသည်။ မယ်လှတောင်အုပ်စုအုပ်ချုပ်ရေးမှူးက သတင်းမီဒီယာတွေ သူ့ခွင့်ပြုချက်ရမှ ရွာထဲအဝင်ခံမယ်နဲ့ အာဏာရှင်ဆန်ဆန်ပြောသေးသဗျ။ မယုံသွားကြည့်ပါ။ အခွန်ဘဏ္ဍာ နစ်နာပါတယ်။ လုပ်ငန်းရှင်ကလည်း ခပ်ထန်ထန်ပါ။ ဒီကြားထဲ သစ်ပင်များအား ဘူဒိုဇာနဲ့ထိုးဖို့ လုပ်နေတဲ့အတွက် မြင်းကင်းရွာပြည်သူ တချို့က ကန့်ကွက်လျက်ရှိနေပါတယ်။ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသင့်ပါတယ်”ဟု ပို့စ်တင်ခဲ့ခြင်း၊ ဇာဇာ(မကွေး)မှလည်း Comment တွင် “မဖြစ်သင့်တာတွေပါ”ဟု တင်ခဲ့သည့်အပေါ် မယ်လှတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးလွင်က အမှုဖွင့်ခဲ့ ခြင်းဖြစ်ကြောင်း ရဲစခန်း ပထမသတင်းပေးတိုင်ချက်အရ သိရသည်။
သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများထံ အကြောင်းကြားတင်ပြပြီး ကျေးရွာသူ/ကျေးရွာသားများ လွယ်ကူစွာ သွားလာနိုင်ရေး ယခင်လမ်းဟောင်းအား အသစ်ချဲ့ထွင် ပြုလုပ်နေစဉ် မကွေးမြို့ MGY ဂျာနယ်မှ အသင်းဝင်များဖြစ်သော ဦးတင်ရွှေ၊ မဇာဇာဆန်းနှင့် မဖူးပွင့်နခြေည်တို့ ရောက်ရှိလာကာ သတင်းယူရန် ပြောဆိုပြီး၎င်းတို့ပြုပြင်နေသောလမ်းမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်သည့်အတွက် လုပ်ငန်းရပ်ဆိုင်းရန်၊ မရပ်ဆိုင်းပါက သတင်းတင်မည်ဟုပြောဆိုသဖြင့် ဦးဌေးလွင်က သတင်းတင်လျှင် မှန်မှန်ကန်ကန်တင်ရန် ပြောဆိုခဲ့ရာ၎င်းတို့(၃)ဦးသည် ဓာတ်ပုံများရိုက်၍ ပြန်သွားခဲ့သည်ဟု တိုင်ချက်တွင် ဖော်ပြထားသည်။
“ကျွန်တော့်အနေနဲ့ တရားလိုစစ်ထားတယ်။ သက်သေတွေ စစ်ထားတယ်။ ဒီနေ့ စွပ်စွဲခံရသူတွေကို စစ်ပြီး သက်သေခံပစ္စည်းတွေကို သိမ်းပါတယ်။ ပြီးတော့ ကျန်တဲ့ရဲလုပ်ငန်းတွေကို ဆောင်ရွက်ပြီးတော့ သက်ဆိုင်ရာတွေဆီ ခွင့်ပြုမိန့်တောင်းပြီး လိုအပ်သလိုဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု အမှုစစ် ဒုရဲအုပ် ဇော်မင်းဦးက ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ MGY သတင်းနှင့်ရသစုံဂျာနယ် တာဝန်ခံအယ်ဒီတာ တင်ရွှေ(မင်းဘူး)၊ MGY ဂျာနယ်သတင်းထောက်များဖြစ်ကြသော ဇာဇာ(မကွေး)နှင့် ဖူးပွင့်နခြေည် တို့အား မကွေးမြို့ နယ်မြေ ရဲစခန်းမှ (ပ)၄၂၂/၂၀၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဇွန်(၁၀)ရက်နေ့က အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။
သတင်း - #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~