က်ိဳင္းတုံၿမိဳ႕၌ ပထမဆံုး LGBT အေရး ေဆြးေႏြးပြဲ လူငယ္စင္တာတြင္ က်င္းပမည္

က်ိဳင္းတုံၿမိဳ႕၌ ပထမဆံုး LGBT အေရး ေဆြးေႏြးပြဲ လူငယ္စင္တာတြင္ က်င္းပမည္
ဇွန် 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ LGBT အေရး စိတ္ဝင္စားသူမ်ားႏွင့္ LGBT အေရး တက္ၾကြ လႈပ္ရွားသူ ရွင္းသန္႔က ဇြန္လ (၂၉)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕ လူငယ္စင္တာတြင္ ေတြ႔ဆံု ေဆြးေႏြးမည္ ျဖစ္၍ စိတ္ပါဝင္စားသူမ်ား တက္ေရာက္ႏုိင္ေၾကာင္း သိရသည္။

"အဓိကကေတာ့ မရွင္းသန္ ့ ဒီကိုေရာက္ရင္ ဘာေတြေဆြးေႏြးဖို ့ရိွတယ္ဆိုတာ ကၽြန္ေတာ့္ကို ေျပာထားတာေတာ့ မရိွေပမယ့္ ရွမ္း/အေရွ ့ က်ိဳင္းတုံမွာရိွေနတဲ့ LGBTနဲ ့ပတ္သက္ၿပီးေတာ့ LGBTေတြရဲ႕ အခြင့္ အေရးပိုင္းေတြကို ေဆြးေႏြးသြားမယ္။ ၿပီးရင္ ဒီမွာက LGBT Network ေတြလည္း မရိွတဲ့အတြက္ ဒီမွာ ဘယ္လို အေျခအေနရိွမလဲ ေနာက္ၿပီးေတာ့ LGBTနဲ ့ပတ္သက္ၿပီးေတာ့ ခြဲျခားဆက္ဆံမႈေတြရိွလား၊ ဘာေတြ လုပ္သြားမယ္ဆိုတာကို ေဆြးေႏြးသြားမယ္ထင္ပါတယ္"ဟု က်ိဳင္းတုံလူငယ္စင္တာမွ အတြင္းေရးမွဴး ကိုထင္စည္ဆန္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

LGBTအေရး တက္ၾကြလႈပ္ရွားသူတစ္ဦးျဖစ္သည့္ ရွင္းသန္ ့သည္ ဇြန္လ(၂၉)ရက္ေန ့ ညေနတြင္ က်ိဳင္းတုံ လူငယ္စင္တာ၌ LGBTအေရး ေဆြးေႏြးသြားမည္ျဖစ္ကာ ဇြန္လ (၃၀)ရက္ေန ့တြင္ တာခ်ီလိတ္ၿမိဳ႕တြင္ LGBTအေရး ေဆြးေႏြးရန္ ရည္ရြယ္ထားေသာ္လည္း စီစဥ္ထားျခင္းမရိွေသးေၾကာင္း သိရသည္။

"အခုေတာ့ ဒီပြဲအတြက္ Facebook ကေနလည္း ေၾကညာထားတယ္။ လူတိုင္း ဘယ္သူမဆို တက္လို ့ ရတယ္။ ၿပီးရင္ ဖိတ္စာေတြလည္း လုပ္ထားတယ္။ ဒါေပမယ့္ မဖိတ္ျဖစ္ေသးဘူး။ မနက္ျဖန္ေတာ့ စဖိတ္ျဖစ္မယ္ ထင္တယ္။ LGBTေတြရဲ႕ သေဘာတရားအရ စိတ္ခံစားမႈ လြယ္တဲ့အတြက္ အစုအဖြဲ ့ ေလးေတြနဲ ့ ေနၾကတာမ်ားတယ္ေလ။ အဲဒါေၾကာင့္ အဲဒီအဖြဲ ့ေလးေတြကို ဖိတ္ၿပီးေတာ့ ကိုယ္နဲ ့ လက္လွမ္း မီသေလာက္ ေခၚလာၾကဖို ့ ေျပာမယ္။ အဲဒါအျပင္ တခ်ဳိ႕ေတြက သဘာ၀ကိုက ေယာက္်ား စစ္စစ္၊ မိန္းမ စစ္စစ္ေတြျဖစ္ေပမဲ့ LGBTေတြကိုမွ စိတ္၀င္စားၾကတာရိွတယ္။ သူတို ့ကိုလည္း ဖိတ္မယ္။ ၿပီးရင္ LGBTေတြရဲ ႔ မိသားစု၀င္ေတြကိုလည္း ဒီေဆြးေႏြးပြဲမွာ ပါ၀င္လာေအာင္ ဖိတ္မယ္။ ဒါမွလည္း သူတို ့ ကို နားလည္လာႏိုင္မွာပါ"ဟု က်ိဳင္းတုံလူငယ္စင္တာမွ အတြင္းေရးမွဴး ကိုထင္စည္ဆန္းႏိုင္က ေျပာသည္။

ယခုကဲ့သို ့ LGBT (Lesbian, Gay, Bisexual and Transgender) အေရးႏွင့္ပတ္သက္သည့္ေဆြးေႏြးပြဲကို က်ိဳင္းတုံၿမိဳ႕တြင္ ပထမဦးဆုံးအႀကိမ္က်င္းပျခင္းျဖစ္ၿပီး မည္သူမဆို ပါ၀င္ေဆြးေႏြးႏိုင္ေၾကာင္း သိရသည္။

လိင္စိတ္ကိုင္းၫႊတ္မႈ ႏွင့္ လိင္ဝိေသသ ခံယူမႈ ကြဲျပားသူမ်ားအေရး (LGBT - အမ်ိဳးသမီးအခ်င္းခ်င္း ခ်စ္ခင္ႏွစ္သက္သူ၊ အမ်ိဳးသားအခ်င္းခ်င္း ခ်စ္ခင္ႏွစ္သက္သူ၊ အမ်ိဳးသား အမ်ိဳးသမီး ႏွစ္မ်ိဳးစလံုး ခ်စ္ခင္ႏွစ္သက္သူ၊ ဆန္႔က်င္ဘက္လိင္ကဲ့သို႔ ခံယူေနထိုင္သူမ်ား) ႏွင့္ ပတ္သက္သည့္ ေဆြးေႏြးပြဲကို က်ိဳင္းတုံၿမိဳ႕တြင္ ပထမဦးဆုံးအႀကိမ္ က်င္းပျခင္းျဖစ္ၿပီး မည္သူမဆို ပါ၀င္ေဆြးေႏြးႏိုင္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် LGBT အရေး စိတ်ဝင်စားသူများနှင့် LGBT အရေး တက်ကြွ လှုပ်ရှားသူ ရှင်းသန့်က ဇွန်လ (၂၉)ရက်နေ့တွင် ကျိုင်းတုံမြို့ လူငယ်စင်တာတွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

"အဓိကကတော့ မရှင်းသန့် ဒီကိုရောက်ရင် ဘာတွေဆွေးနွေးဖို့ရှိတယ်ဆိုတာ ကျွန်တော့်ကို ပြောထားတာတော့ မရှိပေမယ့် ရှမ်း/အရှေ့ ကျိုင်းတုံမှာရှိနေတဲ့ LGBTနဲ့ပတ်သက်ပြီးတော့ LGBTတွေရဲ့ အခွင့် အရေးပိုင်းတွေကို ဆွေးနွေးသွားမယ်။ ပြီးရင် ဒီမှာက LGBT Network တွေလည်း မရှိတဲ့အတွက် ဒီမှာ ဘယ်လို အခြေအနေရှိမလဲ နောက်ပြီးတော့ LGBTနဲ့ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံမှုတွေရှိလား၊ ဘာတွေ လုပ်သွားမယ်ဆိုတာကို ဆွေးနွေးသွားမယ်ထင်ပါတယ်"ဟု ကျိုင်းတုံလူငယ်စင်တာမှ အတွင်းရေးမှူး ကိုထင်စည်ဆန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

LGBTအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ရှင်းသန့်သည် ဇွန်လ(၂၉)ရက်နေ့ ညနေတွင် ကျိုင်းတုံ လူငယ်စင်တာ၌ LGBTအရေး ဆွေးနွေးသွားမည်ဖြစ်ကာ ဇွန်လ (၃၀)ရက်နေ့တွင် တာချီလိတ်မြို့တွင် LGBTအရေး ဆွေးနွေးရန် ရည်ရွယ်ထားသော်လည်း စီစဉ်ထားခြင်းမရှိသေးကြောင်း သိရသည်။

"အခုတော့ ဒီပွဲအတွက် Facebook ကနေလည်း ကြေညာထားတယ်။ လူတိုင်း ဘယ်သူမဆို တက်လို့ ရတယ်။ ပြီးရင် ဖိတ်စာတွေလည်း လုပ်ထားတယ်။ ဒါပေမယ့် မဖိတ်ဖြစ်သေးဘူး။ မနက်ဖြန်တော့ စဖိတ်ဖြစ်မယ် ထင်တယ်။ LGBTတွေရဲ့ သဘောတရားအရ စိတ်ခံစားမှု လွယ်တဲ့အတွက် အစုအဖွဲ့ လေးတွေနဲ့ နကြေတာများတယ်လေ။ အဲဒါကြောင့် အဲဒီအဖွဲ့လေးတွေကို ဖိတ်ပြီးတော့ ကိုယ်နဲ့ လက်လှမ်း မီသလောက် ခေါ်လာကြဖို့ ပြောမယ်။ အဲဒါအပြင် တချို့တွေက သဘာဝကိုက ယောက်ျား စစ်စစ်၊ မိန်းမ စစ်စစ်တွဖြေစ်ပေမဲ့ LGBTတွေကိုမှ စိတ်ဝင်စားကြတာရှိတယ်။ သူတို့ကိုလည်း ဖိတ်မယ်။ ပြီးရင် LGBTတွေရဲ့ မိသားစုဝင်တွေကိုလည်း ဒီဆွေးနွေးပွဲမှာ ပါဝင်လာအောင် ဖိတ်မယ်။ ဒါမှလည်း သူတို့ ကို နားလည်လာနိုင်မှာပါ"ဟု ကျိုင်းတုံလူငယ်စင်တာမှ အတွင်းရေးမှူး ကိုထင်စည်ဆန်းနိုင်က ပြောသည်။

ယခုကဲ့သို့ LGBT (Lesbian, Gay, Bisexual and Transgender) အရေးနှင့်ပတ်သက်သည့်ဆွေးနွေးပွဲကို ကျိုင်းတုံမြို့တွင် ပထမဦးဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

လိင်စိတ်ကိုင်းညွှတ်မှု နှင့် လိင်ဝိသေသ ခံယူမှု ကွဲပြားသူများအရေး (LGBT - အမျိုးသမီးအချင်းချင်း ချစ်ခင်နှစ်သက်သူ၊ အမျိုးသားအချင်းချင်း ချစ်ခင်နှစ်သက်သူ၊ အမျိုးသား အမျိုးသမီး နှစ်မျိုးစလုံး ချစ်ခင်နှစ်သက်သူ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူနေထိုင်သူများ) နှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ကျိုင်းတုံမြို့တွင် ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~