ေက်ာက္မဲမီးေလာင္မႈ လူေလးဦးဒဏ္ရာရၿပီး မီးေဘးသင့္လူဦးေရ ၆၁ ဦး နီးစပ္ရာတြင္ ယာယီခိုလံႈေန

ေက်ာက္မဲမီးေလာင္မႈ လူေလးဦးဒဏ္ရာရၿပီး မီးေဘးသင့္လူဦးေရ ၆၁ ဦး နီးစပ္ရာတြင္ ယာယီခိုလံႈေန
ဇွန် 6, 2017
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ အမွတ္(၃)ရပ္ကြက္၊ နယ္ေျမ(၅) ရွိ ေရခဲစက္လူေနအိမ္ခန္းတြဲတစ္ခု ဇြန္လ (၆) ရက္ နံနက္အေစာပိုင္းတြင္ မီးေလာင္ကၽြြမ္းမႈျဖစ္ပြားသျဖင့္ လူ(၄)ဦးဒဏ္ရာရၿပီး မီးေဘးသင့္လူဦးေရ (၆၁)ဦးအတြက္ ယာယီတဲမ်ား ေဆာက္လုပ္ေနစဥ္အတြင္း နီးစပ္ရာတြင္ ယာယီခိုလံႈေနၾကေၾကာင္း သိရသည္။
ီမီးေလာင္မႈေၾကာင့္ အိမ္ခန္းတြဲရွိ အခန္း(၁၁)ခန္း၊ အနီးရွိ ေနအိမ္ (၁)လံုး၊ သံုးဘီးယာဥ္(၂)စီးႏွင့္ ဆိုင္ကယ္(၇)စီး ဆံုးရံႈးၿပီး မီးၿငိမ္းသတ္ရင္း ေလးဦးဒဏ္ရာရသြားေၾကာင္း သိရသည္။
“အဲဒီနားမွာေနတဲ့ အမ်ိဳးသားႀကီးတစ္ေယာက္က မီးေလာင္တဲ့ေနရာမွာ ဝိုင္းၿပီးၿငိမ္းသတ္ရင္း မီးေလာင္တဲ့ေနရာ က ေပါက္ကြဲမႈတစ္ခုက လာမွန္လို႔ ဒဏ္ရာ အနည္းငယ္ရတယ္။ ေနာက္အမ်ိဳးသမီးတစ္ဦးလည္း ေရခပ္ေနတုန္း မီးစလာမွန္လို႔ ဒဏ္ရာအနည္းငယ္ရထားတယ္။ ႏွစ္ဦးစလံုးက မစိုးရိမ္ရပါဘူး။ ေက်ာက္မဲေဆးရံုမွာတင္ထား တယ္လို႔ သိရပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ တပ္ဖြဲ႔ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။
မီးေလာင္ကၽြမ္းမႈေၾကာင့္ မီးေဘးသင့္အိမ္ေထာင္စု (၁၈)စုမွ အမ်ိဳးသား (၃၀)ဦး၊ အမ်ိဳးသမီး (၃၁)ဦး စုစုေပါင္း (၆၁) ဦးမွာ လက္ရိွတြင္ နီးစပ္ရာေဆြမ်ိဳးအိမ္မ်ားတြင္ ခိုလံႈေနၿပီး ၎တို႔အတြက္ ယာယီတဲအိမ္မ်ားကို ေက်ာက္မဲၿမိဳ့ အမွတ္(၁) စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္မွ တပ္မေတာ္သားမ်ား၊ ေက်ာက္မဲၿမိဳ႕၊ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔ဝင္မ်ား၊ ၾကက္ေျခနီအသင္းဝင္မ်ားက ေဆာက္လုပ္ေပးလွ်က္ရွိေၾကာင္း သိရသည္။
မီးေလာင္ကြ်မ္းမႈျဖစ္ပြားစဥ္ ဝိုင္းဝန္းၿငိမ္းသတ္ခဲ့သည့္ အသက္(၄၆)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးႏွင့္ အသက္ (၂၁) ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးတို႔အျပင္ ၿမိဳ့နယ္မီးသတ္တပ္ဖြဲ႔ဝင္တစ္ဦးႏွင့္ အဆိုပါ အိမ္ခန္းတြဲတြင္ေနထိုင္သူ အမ်ိဳးသမီးႀကီးတစ္ဦးလည္း ဒဏ္ရာအနည္းငယ္စီ ရသြားေၾကာင္း သိရသည္။
အိမ္ခန္းတြဲမွ အခန္း(၁၁)ခုရွိသည့္အနက္ (၅)ခန္းေျမာက္အခန္း၌ ဇြန္လ(၆)ရက္ေန႔ နံနက္ (၂)နာရီ(၅)ခန္႔အခ်ိန္တြင္ မီးအားျမႇင့္စက္ အပူလြန္ကဲရာမွ မီးေလာင္ကြ်မ္းမႈ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး (၂)နာရီ(၃၀)မိနစ္ခန္႔မွစ၍ ေက်ာက္မဲၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ သေႏၶမီးသတ္အင္အား(၄၀)၊ မီးသတ္ယာဥ္(၃)စီး၊ ေရသယ္ယာဥ္(၂)စီးႏွင့္ ရပ္ကြက္ေန ျပည္သူလူထု ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ရာ နံနက္(၄)နာရီ(၃၀)မိနစ္အခ်ိန္တြင္ လံုးဝၿငိမ္းသတ္ႏိုင္ခဲ့ျခင္းျဖစ္သည္။
 “စစခ်င္းေလာင္တဲ့အိမ္က မီးေလာင္တာကို သူ႔ဘာသာအရင္ၿငိမ္းေနတာ။ မႏိုင္ေတာ့မွ ေဘးခန္းေတြကိုကူးၿပီး အကုန္ပါသြားတာ။ ကြ်န္ေတာ္တို႔လည္း လူပဲလြတ္တာ။ ဘာပစၥည္းမွ မယူႏိုင္လိုက္ဘူး။ ဆိုင္ကယ္ေတြေတာင္ မေရႊ႕ႏိုင္လို႔ မီးထဲပါသြားတယ္။ မီးအားက ေတာ္ေတာ္ေကာင္းတယ္။ ခဏေလးမွာ အကုန္လံုးကိုမီးကူးသြားတာ။ ရွိသမွ်ပစၥည္း အကုန္မီးထဲပါသြားတယ္”ဟု မီးေလာင္ကြ်မ္းသြားသည့္ အိမ္ခန္းတြဲတစ္ခုတြင္ ေနထိုင္သူအမ်ိဳးသား တစ္ဦးက ေျပာသည္။

မီးေလာင္မႈအား နံနက္(၄)နာရီ(၃၀)ခန္႔အခ်ိန္တြင္ လံုးဝၿငိမ္းသတ္ႏိုင္ခဲ့ၿပီး မီးေလာင္ကၽြမ္းမႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ တန္ဖိုး က်ပ္ ( ၉၅၀၇၅၀၀ )ရိွေၾကာင္း ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ ခန္႔မွန္းတြက္ခ်က္ထားသည္။

မီးေလာင္ကြ်မ္းမႈစတင္ျဖစ္ပြားရာ မီးေပါ့ဆမႈအျပင္ မီးေလာင္ကၽြမ္းမႈမွ ဒဏ္ရာရေစခဲ့သည့္အတြက္ ေနအိမ္ပိုင္ရွင္အမ်ိဳးသမီးအား ေက်ာက္မဲၿမဳိ႕မရဲစခန္းတြင္ (ပ) ၉၃၊ ပုဒ္မ ၂၈၅၊ ပုဒ္မ ၃၃၇ တို႔ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေနၿဖိဳးျမင့္၊သိန္းထြန္းေအာင္၊ေက်ာက္မဲမီးသတ္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမီးလောင်မှု လူလေးဦးဒဏ်ရာရပြီး မီးဘေးသင့်လူဦးရေ ၆၁ ဦး နီးစပ်ရာတွင် ယာယီခိုလှုံနေ
http://www.tachileik.net/2017/06/kmefirejune.html
*************
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၅) ရှိ ရေခဲစက်လူနေအိမ်ခန်းတွဲတစ်ခု ဇွန်လ (၆) ရက် နံနက်အစောပိုင်းတွင် မီးလောင်ကျွွမ်းမှုဖြစ်ပွားသဖြင့် လူ(၄)ဦးဒဏ်ရာရပြီး မီးဘေးသင့်လူဦးရေ (၆၁)ဦးအတွက် ယာယီတဲများ ဆောက်လုပ်နေစဉ်အတွင်း နီးစပ်ရာတွင် ယာယီခိုလှုံနေကြကြောင်း သိရသည်။
ီမီးလောင်မှုကြောင့် အိမ်ခန်းတွဲရှိ အခန်း(၁၁)ခန်း၊ အနီးရှိ နေအိမ် (၁)လုံး၊ သုံးဘီးယာဉ်(၂)စီးနှင့် ဆိုင်ကယ်(၇)စီး ဆုံးရှုံးပြီး မီးငြိမ်းသတ်ရင်း လေးဦးဒဏ်ရာရသွားကြောင်း သိရသည်။
“အဲဒီနားမှာနေတဲ့ အမျိုးသားကြီးတစ်ယောက်က မီးလောင်တဲ့နေရာမှာ ဝိုင်းပြီးငြိမ်းသတ်ရင်း မီးလောင်တဲ့နေရာ က ပေါက်ကွဲမှုတစ်ခုက လာမှန်လို့ ဒဏ်ရာ အနည်းငယ်ရတယ်။ နောက်အမျိုးသမီးတစ်ဦးလည်း ရေခပ်နေတုန်း မီးစလာမှန်လို့ ဒဏ်ရာအနည်းငယ်ရထားတယ်။ နှစ်ဦးစလုံးက မစိုးရိမ်ရပါဘူး။ ကျောက်မဲဆေးရုံမှာတင်ထား တယ်လို့ သိရပါတယ်”ဟု ကျောက်မဲမြို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁၈)စုမှ အမျိုးသား (၃၀)ဦး၊ အမျိုးသမီး (၃၁)ဦး စုစုပေါင်း (၆၁) ဦးမှာ လက်ရှိတွင် နီးစပ်ရာဆွေမျိုးအိမ်များတွင် ခိုလှုံနေပြီး ၎င်းတို့အတွက် ယာယီတဲအိမ်များကို ကျောက်မဲမြို့ အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်မတော်သားများ၊ ကျောက်မဲမြို့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များက ဆောက်လုပ်ပေးလျှက်ရှိကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သည့် အသက်(၄၆)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့အပြင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် အဆိုပါ အိမ်ခန်းတွဲတွင်နေထိုင်သူ အမျိုးသမီးကြီးတစ်ဦးလည်း ဒဏ်ရာအနည်းငယ်စီ ရသွားကြောင်း သိရသည်။
အိမ်ခန်းတွဲမှ အခန်း(၁၁)ခုရှိသည့်အနက် (၅)ခန်းမြောက်အခန်း၌ ဇွန်လ(၆)ရက်နေ့ နံနက် (၂)နာရီ(၅)ခန့်အချိန်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (၂)နာရီ(၃၀)မိနစ်ခန့်မှစ၍ ကျောက်မဲမြို့နယ်မီးသတ်တပ်ဖွဲ့မှ သန္ဓေမီးသတ်အင်အား(၄၀)၊ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးနှင့် ရပ်ကွက်နေ ပြည်သူလူထု ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက်(၄)နာရီ(၃၀)မိနစ်အချိန်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
 “စစချင်းလောင်တဲ့အိမ်က မီးလောင်တာကို သူ့ဘာသာအရင်ငြိမ်းနေတာ။ မနိုင်တော့မှ ဘေးခန်းတွေကိုကူးပြီး အကုန်ပါသွားတာ။ ကျွန်တော်တို့လည်း လူပဲလွတ်တာ။ ဘာပစ္စည်းမှ မယူနိုင်လိုက်ဘူး။ ဆိုင်ကယ်တွေတောင် မရွှေ့နိုင်လို့ မီးထဲပါသွားတယ်။ မီးအားက တော်တော်ကောင်းတယ်။ ခဏလေးမှာ အကုန်လုံးကိုမီးကူးသွားတာ။ ရှိသမျှပစ္စည်း အကုန်မီးထဲပါသွားတယ်”ဟု မီးလောင်ကျွမ်းသွားသည့် အိမ်ခန်းတွဲတစ်ခုတွင် နေထိုင်သူအမျိုးသား တစ်ဦးက ပြောသည်။

မီးလောင်မှုအား နံနက်(၄)နာရီ(၃၀)ခန့်အချိန်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ( ၉၅၀၇၅၀၀ )ရှိကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ ခန့်မှန်းတွက်ချက်ထားသည်။

မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားရာ မီးပေါ့ဆမှုအပြင် မီးလောင်ကျွမ်းမှုမှ ဒဏ်ရာရစေခဲ့သည့်အတွက် နေအိမ်ပိုင်ရှင်အမျိုးသမီးအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၉၃၊ ပုဒ်မ ၂၈၅၊ ပုဒ်မ ၃၃၇ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #နေဖြိုးမြင့်၊သိန်းထွန်းအောင်၊ကျောက်မဲမီးသတ်ဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~