ေက်ာက္မဲတြင္ ေရတြင္းထဲခုန္ခ်သည့္အမ်ိဳးသမီးအား မီးသတ္တပ္ဖြဲ႕က ၁၅ မိနစ္အတြင္း ကယ္တင္

ေက်ာက္မဲတြင္ ေရတြင္းထဲခုန္ခ်သည့္အမ်ိဳးသမီးအား မီးသတ္တပ္ဖြဲ႕က ၁၅ မိနစ္အတြင္း ကယ္တင္
ဇွန် 17, 2017
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ အမွတ္(၆)ရပ္ကြက္တြင္ ဇြန္လ (၁၇)ရက္ေန႔ ေန႔လယ္ပိုင္းက ေရတြင္းထဲခုန္ခ်သည့္ အမ်ိဳးသမီးတစ္ဦးအား မီးသတ္ဦးစီးဌာန၏ ကယ္ဆယ္ေရးအဖြဲ႔မွ (၁၅)မိနစ္အတြင္း ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
အမ်ိဳးသမီးတစ္ဦးသည္ ေပ (၃၀)ခန္႔ အနက္ရွိသည့္ေရတြင္းထဲခုန္ခ်လိုက္ေၾကာင္း ေန႔လယ္ (၂)နာရီခြဲခန္႔တြင္ ေက်ာက္မဲခရိုင္ မီးသတ္ ဦးစီးဌာနသို႔ ဖုန္းဆက္အေၾကာင္းၾကားလာသျဖင့္ သြားေရာက္ဆယ္တင္ေပးခဲ့ရာ အဆိုပါအမ်ိဳးသမီးအား ျပင္ပဒဏ္ရာမရွိဘဲ (၁၅)မိနစ္အတြင္း ျပန္လည္ ဆယ္တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မီးသတ္စခန္းကို တာဝန္သိျပည္သူတစ္ဦးက ဖုန္းဆက္အေၾကာင္းၾကားလာတဲ့အတြက္ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔က ရွာေဖြကယ္ဆယ္ေရးအဖြဲ႔ဝင္ ( ၁၁) ဦး၊ မီးသတ္ယာဥ္ (၁) စီးနဲ႔ အခင္းျဖစ္ပြားရာ အမွတ္(၆)ရပ္ကြက္၊ နယ္ေျမ(၅)ကို သြားေရာက္ ဆယ္တင္ခဲ့တာပါ။ ေပ (၃၀)ေလာက္အနက္ရွိတဲ့ ေရတြင္းထဲ ခုန္ခ်ထားတဲ့ အမ်ိဳးသမီးတစ္ဦးကို ျပင္ပဒဏ္ရာမရရွိဘဲ ဆယ္တင္ႏိုင္ခဲ့ပါတယ္”ဟု ေက်ာက္မဲ ခရိုင္မီးသတ္ဦးစီးအရာရွိ ဦးေဇာ္မင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေရတြင္းထဲခုန္ခ်သည့္ အသက္(၃၆)ႏွစ္အရြယ္အမ်ိဳးသမီးမွာ စိတ္ေဝဒနာရွင္ဟု ယူဆရသည့္အတြက္ အမႈဖြင့္ထားျခင္းမရိွေၾကာင္း သိရသည္။
“အခင္းျဖစ္စဥ္မွာ ပါဝင္တဲ့အမ်ိဳးသမီးက စိတ္ေပ့ါသြပ္သူလို႔ ယူဆရတဲ့အတြက္ စခန္းမွာေတာ့ အမႈဖြင့္တာမ်ိဳး မရွိထားပါဘူး။ စိတ္ေဝဒနာရွင္ေတြ က်ဴးလြန္တာမ်ိဳးကို ဥပေဒအရ အမႈဖြင့္လို႔မရတဲ့အတြက္ အမႈမဖြင့္ထားပါဘူး” ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

အဆိုပါအမ်ိဳးသမီးအား အခ်ိန္မီကယ္ဆယ္ႏုိင္ခဲ့ၿပီး အျခားထိခိုက္ဒဏ္ရာရမႈလည္း မရိွသျဖင့္ ေဆးရံုသို႔ ပို႔ေဆာင္ျခင္းမရိွေၾကာင္း ခရိုင္မီးသတ္ဦးစီးမွဴးထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #မီးသတ္ဦးစီးမွဴး

~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်မဲတွင် ရေတွင်းထဲခုန်ချသည့်အမျိုးသမီးအား မီးသတ်တပ်ဖွဲ့က ၁၅ မိနစ်အတွင်း ကယ်တင်
************
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၆)ရပ်ကွက်တွင် ဇွန်လ (၁၇)ရက်နေ့ နေ့လယ်ပိုင်းက ရေတွင်းထဲခုန်ချသည့် အမျိုးသမီးတစ်ဦးအား မီးသတ်ဦးစီးဌာန၏ ကယ်ဆယ်ရေးအဖွဲ့မှ (၁၅)မိနစ်အတွင်း ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
အမျိုးသမီးတစ်ဦးသည် ပေ (၃၀)ခန့် အနက်ရှိသည့်ရေတွင်းထဲခုန်ချလိုက်ကြောင်း နေ့လယ် (၂)နာရီခွဲခန့်တွင် ကျောက်မဲခရိုင် မီးသတ် ဦးစီးဌာနသို့ ဖုန်းဆက်အကြောင်းကြားလာသဖြင့် သွားရောက်ဆယ်တင်ပေးခဲ့ရာ အဆိုပါအမျိုးသမီးအား ပြင်ပဒဏ်ရာမရှိဘဲ (၁၅)မိနစ်အတွင်း ပြန်လည် ဆယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးသတ်စခန်းကို တာဝန်သိပြည်သူတစ်ဦးက ဖုန်းဆက်အကြောင်းကြားလာတဲ့အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ( ၁၁) ဦး၊ မီးသတ်ယာဉ် (၁) စီးနဲ့ အခင်းဖြစ်ပွားရာ အမှတ်(၆)ရပ်ကွက်၊ နယ်မြေ(၅)ကို သွားရောက် ဆယ်တင်ခဲ့တာပါ။ ပေ (၃၀)လောက်အနက်ရှိတဲ့ ရေတွင်းထဲ ခုန်ချထားတဲ့ အမျိုးသမီးတစ်ဦးကို ပြင်ပဒဏ်ရာမရရှိဘဲ ဆယ်တင်နိုင်ခဲ့ပါတယ်”ဟု ကျောက်မဲ ခရိုင်မီးသတ်ဦးစီးအရာရှိ ဦးဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရေတွင်းထဲခုန်ချသည့် အသက်(၃၆)နှစ်အရွယ်အမျိုးသမီးမှာ စိတ်ဝေဒနာရှင်ဟု ယူဆရသည့်အတွက် အမှုဖွင့်ထားခြင်းမရှိကြောင်း သိရသည်။
“အခင်းဖြစ်စဉ်မှာ ပါဝင်တဲ့အမျိုးသမီးက စိတ်ပေ့ါသွပ်သူလို့ ယူဆရတဲ့အတွက် စခန်းမှာတော့ အမှုဖွင့်တာမျိုး မရှိထားပါဘူး။ စိတ်ဝေဒနာရှင်တွေ ကျူးလွန်တာမျိုးကို ဥပဒေအရ အမှုဖွင့်လို့မရတဲ့အတွက် အမှုမဖွင့်ထားပါဘူး” ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသမီးအား အချိန်မီကယ်ဆယ်နိုင်ခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရမှုလည်း မရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခြင်းမရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူးထံမှ သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #မီးသတ်ဦးစီးမှူး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~