ေတာင္ႀကီးၿမိဳ႕ အမိႈက္ကင္းစင္ေရး အရပ္ဖက္အဖြဲ႕မ်ား စည္ပင္ဌာနအား ပူးေပါင္းကူညီ

ေတာင္ႀကီးၿမိဳ႕ အမိႈက္ကင္းစင္ေရး အရပ္ဖက္အဖြဲ႕မ်ား စည္ပင္ဌာနအား ပူးေပါင္းကူညီ
ဇွန် 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ အမိႈက္ကင္းစင္ေရးေဆာင္ပုဒ္ႏွင့္ ပန္းအလွစိုက္ပ်ိဳးျခင္းအား အရပ္ဖက္အဖြဲ႕မ်ားက စည္ပင္သာယာေရးဌာနႏွင့္ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ဒီလိုလုပ္ဖို႔ကို ကၽြန္ေတာ္တို႔ CSO အဖြဲ႕ေတြ ျပည္သူေတြအတြက္ အက်ဳိးတစ္ခုခုလုပ္ခ်င္တယ္ဆိုၿပီး ေဆြးေႏြးလိုက္ေတာ့ အမိႈက္ကိစၥနဲ႕ ပတ္သက္ၿပီး လုပ္မယ္ဆိုၿပီး ၀ိုင္း၀န္းအႀကံေပးၿပီး လုပ္ျဖစ္သြားတာပါ။ ေရွ႕ဆက္ၿပီးလည္း ကၽြန္ေတာ္တို႔ေတြ လုပ္ပိုင္ခြင့္ရွိတဲ့ေနရာမွာဆိုရင္ ဌာနဆိုင္ရာေတြက ခြင့္ျပဳမယ္ဆိုရင္ ျပည္သူအက်ဳိးျပဳ သန္႔ရွင္းေရးအပိုင္းေတြကို ဆက္လုပ္သြားမွာပါ” ဟု အရပ္ဖက္အဖြဲ႕တစ္ခုမွ ဦး၀င္းနိုင္စိုးက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕ ဝါးျပားလမ္းဆံုႏွင့္ အေနာက္ၿမိဳ႕ပတ္လမ္းအနီး ေတာင္ေက်ာင္းႀကီး ကန္ေအာက္ဘက္ အမိႈက္မ်ားသည့္ေနရာအား ရွင္းလင္း၍ “အမိႈက္ကင္းမွ ၿမိဳ႕ေတာ္လွ” စာသားေရးထိုးၿပီး ပန္းအလွ စိုက္ပ်ိဳးျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ CSO အဖြဲ႕အစည္းေတြအားလံုးနဲ႔ စည္ပင္နဲ႕ပူးေပါင္းၿပီး လုပ္တာပါ။ စည္ပင္ကလည္းအမ်ားႀကီး ကူညီေပးတာပါ။ စာသားကေတာ့ ကၽြန္ေတာ္တို႔ CSO အဖြဲ႕အစည္းေတြ အားလံုးေပါင္းၿပီး အကုန္သေဘာတူ ထြက္လာတဲ့ စာသားပါ။ အခုကေတာ့ စာသားအၾကမ္းပဲ ေရးရေသးတယ္။ ေနာက္ပိုင္းဆိုရင္ေတာ့ ျမက္ပင္ေတြနဲ႔ အလွဆင္သြားမွာပါ။ အခုက ေငြေၾကး အေျခအေနမေလာက္ေသးလို႕ပါ”ဟု ဦးဝင္းႏိုင္စိုးက ေျပာသည္။

အဆိုပါေနရာတြင္ ေက်ာက္စီစာသားေရးထိုးျခင္းအား စည္ပင္သာယာေရးဦးစီးဌာနက တာဝန္ယူ လုပ္ေဆာင္ေပးၿပီး ဇြန္လ (၅)ရက္ေန႔တြင္ က်ေရာက္မယ့္ ကမာၻ႔ပတ္ဝန္းက်င္ေန႔အထိမ္းအမွတ္ အမိႈက္ကင္းစင္ေရးလႈံ႔ေဆာ္မႈကို အရပ္ဖက္အဖြဲ႔မ်ားက အဆိုပါေနရာတြင္ လုပ္ေဆာင္သြားရန္ စီစဥ္ေနေၾကာင္း သိရသည္။

သတင္း - #ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် အမှိုက်ကင်းစင်ရေးဆောင်ပုဒ်နှင့် ပန်းအလှစိုက်ပျိုးခြင်းအား အရပ်ဖက်အဖွဲ့များက စည်ပင်သာယာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
“ဒီလိုလုပ်ဖို့ကို ကျွန်တော်တို့ CSO အဖွဲ့တွေ ပြည်သူတွေအတွက် အကျိုးတစ်ခုခုလုပ်ချင်တယ်ဆိုပြီး ဆွေးနွေးလိုက်တော့ အမှိုက်ကိစ္စနဲ့ ပတ်သက်ပြီး လုပ်မယ်ဆိုပြီး ဝိုင်းဝန်းအကြံပေးပြီး လုပ်ဖြစ်သွားတာပါ။ ရှေ့ဆက်ပြီးလည်း ကျွန်တော်တို့တွေ လုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာဆိုရင် ဌာနဆိုင်ရာတွေက ခွင့်ပြုမယ်ဆိုရင် ပြည်သူအကျိုးပြု သန့်ရှင်းရေးအပိုင်းတွေကို ဆက်လုပ်သွားမှာပါ” ဟု အရပ်ဖက်အဖွဲ့တစ်ခုမှ ဦးဝင်းနိုင်စိုးက ပြောသည်။
တောင်ကြီးမြို့ ဝါးပြားလမ်းဆုံနှင့် အနောက်မြို့ပတ်လမ်းအနီး တောင်ကျောင်းကြီး ကန်အောက်ဘက် အမှိုက်များသည့်နေရာအား ရှင်းလင်း၍ “အမှိုက်ကင်းမှ မြို့တော်လှ” စာသားရေးထိုးပြီး ပန်းအလှ စိုက်ပျိုးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ CSO အဖွဲ့အစည်းတွေအားလုံးနဲ့ စည်ပင်နဲ့ပူးပေါင်းပြီး လုပ်တာပါ။ စည်ပင်ကလည်းအများကြီး ကူညီပေးတာပါ။ စာသားကတော့ ကျွန်တော်တို့ CSO အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး အကုန်သဘောတူ ထွက်လာတဲ့ စာသားပါ။ အခုကတော့ စာသားအကြမ်းပဲ ရေးရသေးတယ်။ နောက်ပိုင်းဆိုရင်တော့ မြက်ပင်တွေနဲ့ အလှဆင်သွားမှာပါ။ အခုက ငွေကြေး အခြေအနေမလောက်သေးလို့ပါ”ဟု ဦးဝင်းနိုင်စိုးက ပြောသည်။
အဆိုပါနေရာတွင် ကျောက်စီစာသားရေးထိုးခြင်းအား စည်ပင်သာယာရေးဦးစီးဌာနက တာဝန်ယူ လုပ်ဆောင်ပေးပြီး ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မယ့် ကမာ္ဘ့ပတ်ဝန်းကျင်နေ့အထိမ်းအမှတ် အမှိုက်ကင်းစင်ရေးလှုံ့ဆော်မှုကို အရပ်ဖက်အဖွဲ့များက အဆိုပါနေရာတွင် လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။
သတင်း - #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~