တာခ်ီလိတ္၌ ဖြင့္လွစ္သည့္ Coca Cola လက္လီ စီးပြားေရး ကြ်မ္းက်င္မႈ သင္တန္းတြင္ သင္တန္းသား (၂၆)ဦး တက္ေရာက္ သင္ယူ

တာခ်ီလိတ္၌ ဖြင့္လွစ္သည့္ Coca Cola လက္လီ စီးပြားေရး ကြ်မ္းက်င္မႈ သင္တန္းတြင္ သင္တန္းသား (၂၆)ဦး တက္ေရာက္ သင္ယူ
ဇွန် 10, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္နယ္စပ္ ကုန္သည္မ်ားအသင္းရံုးတြင္ ဇြန္လ(၁၀)ရက္ေန႔ နံနက္ပိုင္းက စတင္၍ အခမဲ့ ပို႔ခ်ေပးေနသည့္ "Coca Cola လက္လီ စီးပြားေရး ကြ်မ္းက်င္မႈ သင္တန္း"တြင္ သင္တန္းသား၊ သင္တန္းသူ စုစုေပါင္း(၂၆)ဦး တက္ေရာက္ သင္ယူေနေၾကာင္း တာခ်ီလိတ္နယ္စပ္ ကုန္သည္မ်ားအသင္းရံုးမွ သိရသည္။

အဆိုပါ သင္တန္းအား သင္တန္းျပ ဆရာ (၂)ဦးမွ ပို႔ခ်ေပးျခင္းျဖစ္ၿပီး ႏိုင္ငံေပါင္း(၁၀၀)ေက်ာ္တြင္ လက္ေတြ႕က်င့္သံုး ေအာင္ျမင္ေနေသာ ILO အသိအမွတ္ျပဳ SIYB Programme ႏွင့္ Coca Cola တို႔မွ ကမကထျပဳေသာ စနစ္ျဖင့္ တာခ်ီလိတ္နယ္စပ္ကုန္သည္မ်ား အသင္း(Tachileik CCI) ႏွင့္ MESI,Kyainge Tong တို႔ ပူးေပါင္း၍ CSR ပညာဒါနအျဖစ္ ပို႔ခ်ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

"Coca Cola လက္လီ စီးပြားေရး ကြ်မ္းက်င္မႈ သင္တန္း"အား ဇြန္လ(၁၀)ရက္ေန႔မွ ဇြန္လ(၁၁)ရက္ေန႔အထိ တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္နယ္စပ္ကုန္သည္မ်ားအသင္းရံုးတြင္ (၂)ရက္တိုင္တိုင္ ဖြင့္လွစ္ပို႔ခ်သြားမွာ ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ တာချီလိတ်နယ်စပ် ကုန်သည်များအသင်းရုံးတွင် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက စတင်၍ အခမဲ့ ပို့ချပေးနေသည့် "Coca Cola လက်လီ စီးပွားရေး ကျွမ်းကျင်မှု သင်တန်း"တွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၆)ဦး တက်ရောက် သင်ယူနေကြောင်း တာချီလိတ်နယ်စပ် ကုန်သည်များအသင်းရုံးမှ သိရသည်။

အဆိုပါ သင်တန်းအား သင်တန်းပြ ဆရာ (၂)ဦးမှ ပို့ချပေးခြင်းဖြစ်ပြီး နိုင်ငံပေါင်း(၁၀၀)ကျော်တွင် လက်တွေ့ကျင့်သုံး အောင်မြင်နေသော ILO အသိအမှတ်ပြု SIYB Programme နှင့် Coca Cola တို့မှ ကမကထပြုသော စနစ်ဖြင့် တာချီလိတ်နယ်စပ်ကုန်သည်များ အသင်း(Tachileik CCI) နှင့် MESI,Kyainge Tong တို့ ပူးပေါင်း၍ CSR ပညာဒါနအဖြစ် ပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

"Coca Cola လက်လီ စီးပွားရေး ကျွမ်းကျင်မှု သင်တန်း"အား ဇွန်လ(၁၀)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ တာချီလိတ်မြို့ရှိ တာချီလိတ်နယ်စပ်ကုန်သည်များအသင်းရုံးတွင် (၂)ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~