အသက္(၁၈)ႏွစ္ေအာက္ အမ်ဳိးသားမ်ား ပါ၀င္မည့္ ၿမိဳ႕နယ္ေပါင္းစံု တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား ေဘာလံုးၿပိဳင္ပြဲ ဇြန္လ(၂၈)တြင္ က်င္းပမည္

အသက္(၁၈)ႏွစ္ေအာက္ အမ်ဳိးသားမ်ား ပါ၀င္မည့္ ၿမိဳ႕နယ္ေပါင္းစံု တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား ေဘာလံုးၿပိဳင္ပြဲ ဇြန္လ(၂၈)တြင္ က်င္းပမည္
ဇွန် 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား ပထမဆံုးအႀကိမ္ ၿမိဳ႕နယ္ေပါင္းစံု အသက္(၁၈)ႏွစ္ေအာက္ အမ်ိဳးသားေဘာလံုးၿပိဳင္ပြဲမ်ားကို  ဇြန္လ (၂၈)ရက္ေန႔၌ တာခ်ီလိတ္ၿမိဳ႕မ အားကစားကြင္းတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌဖလားအျဖစ္ ဒီႏွစ္မွာ ပထမဆံုးအႀကိမ္ က်င္းပတာပါ။ ခရိုင္အတြင္းက တာခ်ီလိတ္၊ တာေလ၊ မုိင္းျဖတ္၊ မုိင္းေယာင္းနဲ႔ က်ိဳင္းလပ္တို႔က အသင္းေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာပါ။ တစ္ႏုိင္ငံလံုးမွာလည္း ဒီလိုပဲ က်င္းပၾကပါတယ္။"ဟု တာခ်ီလိတ္ခရိုင္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမွ ဥကၠဌအျဖစ္ တာဝန္ယူၿပီး ဌာနဆိုင္ရာတာဝန္ရိွသူမ်ားပါဝင္သည့္ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား ေဘာလံုးၿပိဳင္ပြဲအား က်င္းပျခင္းျဖစ္ၿပီး ပထမဆုရ အသင္းအား ဥကၠဌဖလားႏွင့္အတူ ဆုေငြက်ပ္ငါးသိန္း၊ ဒုတိယဆုရသည့္အသင္းအား ဆုတံဆိပ္ျပားႏွင့္ ဆုေငြက်ပ္သံုးသိန္းအား လည္းေကာင္း၊ အေကာင္းဆံုးအားကစားသမားဆုမ်ားကိုလည္းေကာင္း ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သိရသည္။

"စုစုေပါင္း အသင္း(၆)သင္း ပါဝင္ ယွဥ္ၿပိဳင္ၾကမွာပါ။ ၿပိဳင္ပြဲက်င္းပခါနီးမွာ သူတို႔အားလံုးကိုဖိတ္ၿပီး ပြဲစဥ္အခ်ိန္ဇယား မဲႏိႈက္ၿပီး ဆြဲရမွာပါ။ ပြဲစဥ္အခ်ိန္ဇယားကေတာ့ ဇြန္လ (၂၀) ရက္ေန႔ ဝန္းက်င္ေလာက္မွာ ထြက္ပါလိမ့္မယ္"ဟု ခရိုင္အားကစားႏွင့္ကာယပညာဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က ေျပာသည္။

အဆိုပါ ၿပိဳင္ပြဲသို႔ တာခ်ီလိတ္မွ ႏွစ္သင္း၊ တာေလ၊ မုိင္းျဖတ္၊ မုိင္းေယာင္းႏွင့္ က်ိဳင္းလပ္ စသည္တို႔ အပါအ၀င္ စုစုေပါင္း (၆)သင္း  ပါဝင္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဖလား ပထမဆုံးအကြိမ် မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို ဇွန်လ (၂၈)ရက်နေ့၌ တာချီလိတ်မြို့မ အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖလားအဖြစ် ဒီနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပတာပါ။ ခရိုင်အတွင်းက တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်းနဲ့ ကျိုင်းလပ်တို့က အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ တစ်နိုင်ငံလုံးမှာလည်း ဒီလိုပဲ ကျင်းပကြပါတယ်။"ဟု တာချီလိတ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဥက္ကဌအဖြစ် တာဝန်ယူပြီး ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ပြီး ပထမဆုရ အသင်းအား ဥက္ကဌဖလားနှင့်အတူ ဆုငွေကျပ်ငါးသိန်း၊ ဒုတိယဆုရသည့်အသင်းအား ဆုတံဆိပ်ပြားနှင့် ဆုငွေကျပ်သုံးသိန်းအား လည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုများကိုလည်းကောင်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

"စုစုပေါင်း အသင်း(၆)သင်း ပါဝင် ယှဉ်ပြိုင်ကြမှာပါ။ ပြိုင်ပွဲကျင်းပခါနီးမှာ သူတို့အားလုံးကိုဖိတ်ပြီး ပွဲစဉ်အချိန်ဇယား မဲနှိုက်ပြီး ဆွဲရမှာပါ။ ပွဲစဉ်အချိန်ဇယားကတော့ ဇွန်လ (၂၀) ရက်နေ့ ဝန်းကျင်လောက်မှာ ထွက်ပါလိမ့်မယ်"ဟု ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က ပြောသည်။

အဆိုပါ ပြိုင်ပွဲသို့ တာချီလိတ်မှ နှစ်သင်း၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်းနှင့် ကျိုင်းလပ် စသည်တို့ အပါအဝင် စုစုပေါင်း (၆)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~