တပ်မတော်လေယာဉ် Y-8 ဖြစ်စဉ်ကြောင့် ကွယ်လွန်သွားသူများအတွက် တာချီလိတ်မှ စေတနာရှင်များ စုပေါင်း လှူဒါန်းငွေ ကျပ်သိန်း(၁၅၀)ရှိ

ဇွန် 12, 2017
By Tachileik News Agency

တပ်မတော်လေယာဉ် Y-8 မတော်တဆဖြစ်စဉ်နှင့် ပတ်သက်၍ ကွယ်လွန်သွားကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် ကျန်ရစ်သူများအား ထောက်ပံ့နိုင်ရန် တာချီလိတ်မြို့သူ၊ မြို့သားများမှ စုစုပေါင်းလှူဒါန်းလာရာ ဇွန်လ(၁၂)ရက်နေ့အထိ စုစုပေါင်း ကျပ်သိန်း(၁၅၀)တိတိ ရရှိပြီဖြစ်၍ စာရင်းပိတ်လိုက်ပြီး အလှူငွေလက်ခံရေးအဖွဲ့က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ ရက်ပိုင်းအတွင်း စေတနာရှင်များ ကိုယ်စား သွားရောက် ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

"တပ်မတော်လေယာဉ် ဖြစ်စဉ်ကြောင့် ကွယ်လွန်သွားသူ (၁၂၂)ဦးအတွက် ကျွန်တော်တို့ တစ်ဦးကို ကျပ်(၁)သိန်းနှုန်းနဲ့ ထောက်ပံ့ လှူဒါန်းနိုင်ဖို့ လျာထားတာပါ။ အခုက ကျပ်(၁၂၂)သိန်းထက် ကျော်လွန်ပြီး ကျပ်သိန်း(၁၅၀)တိတိ ရရှိသွားတဲ့အတွက် စေတနာရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ စာရင်းပိတ်လိုက်ပါပြီ၊ ဒီရက်ပိုင်းမှာ ကျိုင်းတုံကို သွားပြီး တိုင်းမှူးကနေ တဆင့် စေတနာရှင်များကိုယ်စား လှူဒါန်းပေးသွားမှာဖြစ်ပါတယ်" ဟု ထောက်ပံ့ငွေများ လက်ခံဆောင်ရွက်ပေးနေသူ CNCMC ကော်မတီရုံးမှ ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

တပ်မတော်လေယာဉ် Y-8 မတော်တဆဖြစ်စဉ်နှင့် ပတ်သက်၍ ကွယ်လွန်သွားသူများ၏ ကျန်ရစ်သူများအတွက် ထောက်ပံ့ပေးအပ်နိုင်ရန် မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးရှိ CNCMC ရုံးတွင် အလှူငွေများအား ဇွန်လ(၈)ရက်နေ့က စတင်၍ ဇွန်လ(၁၂)ရက်နေ့အထိ လက်ခံခဲ့ရာ ကျပ်စုစုပေါင်း သိန်း(၁၅၀)ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~

တပ်မတော်လေယာဉ် Y-8 မတော်တဆဖြစ်စဉ်နှင့် ပတ်သက်၍ ကွယ်လွန်သွားကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် ကျန်ရစ်သူများအား ထောက်ပံ့နိုင်ရန် တာချီလိတ်မြို့သူ၊ မြို့သားများမှ စုစုပေါင်းလှူဒါန်းလာရာ ဇွန်လ(၁၂)ရက်နေ့အထိ စုစုပေါင်း ကျပ်သိန်း(၁၅၀)တိတိ ရရှိပြီဖြစ်၍ စာရင်းပိတ်လိုက်ပြီး အလှူငွေလက်ခံရေးအဖွဲ့က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ ရက်ပိုင်းအတွင်း စေတနာရှင်များ ကိုယ်စား သွားရောက် ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

"တပ်မတော်လေယာဉ် ဖြစ်စဉ်ကြောင့် ကွယ်လွန်သွားသူ (၁၂၂)ဦးအတွက် ကျွန်တော်တို့ တစ်ဦးကို ကျပ်(၁)သိန်းနှုန်းနဲ့ ထောက်ပံ့ လှူဒါန်းနိုင်ဖို့ လျာထားတာပါ။ အခုက ကျပ်(၁၂၂)သိန်းထက် ကျော်လွန်ပြီး ကျပ်သိန်း(၁၅၀)တိတိ ရရှိသွားတဲ့အတွက် စေတနာရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ စာရင်းပိတ်လိုက်ပါပြီ၊ ဒီရက်ပိုင်းမှာ ကျိုင်းတုံကို သွားပြီး တိုင်းမှူးကနေ တဆင့် စေတနာရှင်များကိုယ်စား လှူဒါန်းပေးသွားမှာဖြစ်ပါတယ်" ဟု ထောက်ပံ့ငွေများ လက်ခံဆောင်ရွက်ပေးနေသူ CNCMC ကော်မတီရုံးမှ ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

တပ်မတော်လေယာဉ် Y-8 မတော်တဆဖြစ်စဉ်နှင့် ပတ်သက်၍ ကွယ်လွန်သွားသူများ၏ ကျန်ရစ်သူများအတွက် ထောက်ပံ့ပေးအပ်နိုင်ရန် မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးရှိ CNCMC ရုံးတွင် အလှူငွေများအား ဇွန်လ(၁၀)ရက်နေ့က စတင်၍ ဇွန်လ(၁၂)ရက်နေ့အထိ လက်ခံခဲ့ရာ ကျပ်စုစုပေါင်း သိန်း(၁၅၀)ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~