မိုင္းျဖတ္ၿမိဳ႕နယ္မွ လယ္သမားမ်ား ယခုႏွစ္မွစ၍ စိုက္ပ်ိဳးစရိတ္ေခ်းေငြ ရမည္

မိုင္းျဖတ္ၿမိဳ႕နယ္မွ လယ္သမားမ်ား ယခုႏွစ္မွစ၍ စိုက္ပ်ိဳးစရိတ္ေခ်းေငြ ရမည္
ဇွန် 3, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းျဖတ္ၿမိဳ႕နယ္မွ လယ္သမားမ်ားအား ယခုႏွစ္မွစ၍ စိုက္ပ်ိဳးစရိတ္ေခ်းေငြ ထုတ္ေပးမည္ျဖစ္ၿပီး ဇြန္လ (၇)ရက္ေန႔တြင္ လက္ရိွစာရင္းေပးထားသည့္ ေတာင္သူမ်ား စတင္ထုတ္ေခ်း ေပးမည္ျဖစ္ေၾကာင္း သိရသည္။

"မိုင္းျဖတ္ၿမိဳ႕နယ္ကို ဒီနွစ္မွပဲ စိုက္ပ်ိဳးစရိတ္ ထုတ္ေခ်းေပးတာပါ။ မနွစ္က က်ိဳင္းတုံၿမိဳ႕နယ္ တစ္ခုကိုပဲ ထုတ္ေခ်းေပးခဲ႔တာပါ။ မိုင္းျဖတ္အတြက္ အခုလက္ရိွ တင္ျပေတာင္းဆိုထားတာေတြအတြက္ ထုတ္ေခ်းေပးရမွာက သိန္း(၃၀၀)ေက်ာ္ေလာက္ပဲရိွတဲ႔အတြက္ ကၽြန္ေတာ္တို႔ဆီမွာက ေငြေတြအမ်ားႀကီး ပိုေနအုံးမွာ။ ေနာက္ပိုင္းထပ္ၿပီး ေတာင္းဆိုလာတာေတြကိုလည္း က်န္တဲ႔ေငြေတြထဲကေန ထုတ္ေခ်းေပးသြားမွာပါ"ဟု က်ိဳင္းတံုၿမိဳ႕ ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္ မန္ေနဂ်ာ ဦးသက္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရွိတြင္ မိုင္းျဖတ္ၿမိဳ႕နယ္မွ စိုက္ပ်ိဳးစရိတ္ေခ်းေငြရရိွရန္ ေက်းရြာအုပ္စု (၇)အုပ္စုမွ ေတာင္သူ(၅၆)ဦးက တင္ျပေတာင္းဆိုထားသည႔္ က်ပ္သိန္း(၃၀၀)ေက်ာ္ကို  ဇြန္လ(၇)ရက္တြင္ ထုတ္ေခ်းေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္အတြက္ ျမန္မာ့လယ္ယာ ဖြံ႔ၿဖိဳးေရးဘဏ္မွ စိုက္ပ်ိဳးစရိတ္ေခ်းေငြအျဖစ္ က်ပ္သိန္းေပါင္း ေျခာက္ေထာင္ ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

"မိုင္းျဖတ္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးရဲ႕ ေတာင္းဆိုခ်က္အရ မိုင္းျဖတ္ၿမိဳ႕နယ္အတြက္ ကၽြန္ေတာ္တို႔ဘဏ္ကေန ရန္ပုံေငြအျဖစ္ က်ပ္သိန္း(၆၀၀၀) ေတာင္းထားတယ္။ အဲဒီအထဲက အခုလက္ရိွ က်ပ္သိန္း(၃၀၀၀) ရထားပါၿပီ။ အဲဒီအထဲကေန လာမယ့္(၇)ရက္ေန႔မွာ ထုတ္ေခ်းေပးမွာ ျဖစ္ပါတယ္"ဟု မန္ေနဂ်ာ ဦးသက္လြင္က ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ရိွ ျမန္မာ့လယ္ယာ ဖြံ႔ၿဖိဳးေရးဘဏ္အေနျဖင္႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ၿမိဳ႕နယ္မ်ားအား စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေပးလွ်က္ရိွေသာ္လည္း လာေရာက္ေခ်းယူသူနည္းပါးေနေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းဖြတ်မြို့နယ်မှ လယ်သမားများ ယခုနှစ်မှစ၍ စိုက်ပျိုးစရိတ်ချေးငွေ ရမည်
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်မှ လယ်သမားများအား ယခုနှစ်မှစ၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမည်ဖြစ်ပြီး ဇွန်လ (၇)ရက်နေ့တွင် လက်ရှိစာရင်းပေးထားသည့် တောင်သူများ စတင်ထုတ်ချေး ပေးမည်ဖြစ်ကြောင်း သိရသည်။

"မိုင်းဖြတ်မြို့နယ်ကို ဒီနှစ်မှပဲ စိုက်ပျိုးစရိတ် ထုတ်ချေးပေးတာပါ။ မနှစ်က ကျိုင်းတုံမြို့နယ် တစ်ခုကိုပဲ ထုတ်ချေးပေးခဲ့တာပါ။ မိုင်းဖြတ်အတွက် အခုလက်ရှိ တင်ပြတောင်းဆိုထားတာတွေအတွက် ထုတ်ချေးပေးရမှာက သိန်း(၃၀၀)ကျော်လောက်ပဲရှိတဲ့အတွက် ကျွန်တော်တို့ဆီမှာက ငွေတွေအများကြီး ပိုနေအုံးမှာ။ နောက်ပိုင်းထပ်ပြီး တောင်းဆိုလာတာတွေကိုလည်း ကျန်တဲ့ငွေတွေထဲကနေ ထုတ်ချေးပေးသွားမှာပါ"ဟု ကျိုင်းတုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသက်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် မိုင်းဖြတ်မြို့နယ်မှ စိုက်ပျိုးစရိတ်ချေးငွေရရှိရန် ကျေးရွာအုပ်စု (၇)အုပ်စုမှ တောင်သူ(၅၆)ဦးက တင်ပြတောင်းဆိုထားသည့် ကျပ်သိန်း(၃၀၀)ကျော်ကို  ဇွန်လ(၇)ရက်တွင် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျပ်သိန်းပေါင်း ခြောက်ထောင် ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

"မိုင်းဖြတ် မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ တောင်းဆိုချက်အရ မိုင်းဖြတ်မြို့နယ်အတွက် ကျွန်တော်တို့ဘဏ်ကနေ ရန်ပုံငွေအဖြစ် ကျပ်သိန်း(၆၀၀၀) တောင်းထားတယ်။ အဲဒီအထဲက အခုလက်ရှိ ကျပ်သိန်း(၃၀၀၀) ရထားပါပြီ။ အဲဒီအထဲကနေ လာမယ့်(၇)ရက်နေ့မှာ ထုတ်ချေးပေးမှာ ဖြစ်ပါတယ်"ဟု မန်နေဂျာ ဦးသက်လွင်က ပြောသည်။

ကျိုင်းတုံမြို့ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်များအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျှက်ရှိသော်လည်း လာရောက်ချေးယူသူနည်းပါးနေကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~