တာခ်ီလိတ္ၿမိဳ႕ရွိ အပိုင္း(စ်)ေျမယာကြက္သစ္ႏွင့္ ပတ္သက္၍ အေကာင္အထည္ေဖာ္ရန္အတြက္ က်ဴးေက်ာ္မ်ားအား ဥပေဒအရ ဖယ္ရွားေတာ့မည္

တာခ်ီလိတ္ၿမိဳ႕ရွိ အပိုင္း(စ်)ေျမယာကြက္သစ္ႏွင့္ ပတ္သက္၍ အေကာင္အထည္ေဖာ္ရန္အတြက္ က်ဴးေက်ာ္မ်ားအား ဥပေဒအရ ဖယ္ရွားေတာ့မည္
ဇွန် 18, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အပိုင္းထဲရွိ  အပိုင္း(စ်)ေျမယာကြက္သစ္ႏွင့္ ပတ္သက္၍ မၾကာမီအေကာင္အထည္ ေဖာ္ႏိုင္ေရးအတြက္ အပိုင္း(စ်) ေျမယာ ကြက္သစ္ထဲတြင္ ၀င္ေရာက္ က်ဴးေက်ာ္ ေနထိုင္သူမ်ားကို ဥပေဒေဘာင္အတြင္းက ဖယ္ျခား ရွင္းလင္းႏိုင္ေရးအတြက္ ဇြန္လ(၁၈)ရက္ေန႔ နံနက္ပိုင္းက တားျမစ္ဆိုင္းဘုတ္ (၃)ခုကို တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီက စိုက္ထူ ခဲ့ေၾကာင္း သိရသည္။

အဆိုပါ တားျမစ္ဆိုင္းဘုတ္မ်ား စိုက္ထူရာတြင္ တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ အပါအ၀င္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သန္းႏု၊  ၿမိဳ႕နယ္လ၀ကမွ ဦးစီးအရာရွိ ဦးစိုင္းဆိုင္တစ္၊ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေက်ာ္နႏၵ၊၊ ၿမဳိ႕နယ္စုိက္ပ်ဳိးေရးဦးစီးဌာနမွ ၿမဳိ႕နယ္ဦးစီးမွဴး ဦးစုိင္းခင္ေဇာ္လတ္ အပါအ၀င္ ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေက်ာက္ႏွင့္ အဖြဲ႔၀င္မ်ားက ေဆာင္ရြက္ခဲ့ၾကသည္။

ယင္းေျမယာကြက္သစ္အတြင္း က်ဴးေက်ာ္၀င္ေရာက္ ေနထိုင္သူမ်ားႏွင့္ ပတ္သက္၍ ကနဦး သတိေပး ဆိုင္းဘုတ္မ်ားကို စိုက္ထူၿပီးေနာက္ ႏို႔တစ္စာမ်ားေပးပို႔ျခင္းအျပင္ သတ္မွတ္ကာလေက်ာ္လြန္သြားပါက က်ဴးေက်ာ္ေနထိုင္သူမ်ားအား ဥပေဒအရ အေရးယူေဆာင္ရြက္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။

"ကြ်န္ေတာ္တို႔ လာေရာက္ေဆာင္ရြက္တဲ့ေနရာကေတာ့ ၿမိဳ႕ကြက္သစ္ အပိုင္း (စ်)ေနရာျဖစ္ပါတယ္၊ ဒီေျမေနရာမွာ က်ဴးေက်ာ္ေတြက တစတစမ်ားျပားလာတဲ့အတြက္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ၀င္ေတြနဲ႔ သက္ဆိုင္ရာ တာ၀န္ရွိသူေတြက အစိုးရေျမ မက်ဴးေက်ာ္ရ တည္ဆဲဥပေဒအရ အေရးယူျခင္းခံရမည္ ဆိုၿပီးေတာ့မွာ ဆိုင္းဘုတ္လာေရာက္ ထူေထာင္ရျခင္း ျဖစ္ပါတယ္။ ဒီလိုမ်ဳိး ဆိုင္းဘုတ္ ထူေထာင္ၿပီးရင္ေတာ့ ဒီမွာ က်ဴးေက်ာ္တဲ့ အိမ္ေတြ၊ ေျမကြက္ရိုက္ထားတဲ့သူေတြကို ကြ်န္ေတာ္တို႔ ႏို႔တစ္စာေတြနဲ႔ သတိေပးထုတ္ျပန္ပါမယ္၊ ႏို႔တစ္စာ ထုတ္ျပန္ၿပီးေတာ့မွ သတ္မွတ္ကာလမွာ မဖယ္ရွားတဲ့ သူေတြကိုေတာ့ တရားဥပေဒအရ ဆက္လက္ၿပီးေတာ့မွ အေရးယူေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏို႔တစ္စာမ်ား ေပးပို႔ၿပီးေနာက္ ရက္ေပါင္း(၃၀)လြန္ၿပီးေနာက္တြင္ မဖယ္ရွားေပးသူမ်ားကို ဥပေဒအရ အေရးယူေဆာင္ရြက္မႈမ်ား ျပဳလုပ္ၿပီးေနာက္ ၿမိဳ႕ကြက္သစ္အေကာင္အထည္ေဖာ္ျခင္း လုပ္ငန္းမ်ားကို ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

အပိုင္း (စ်)ေျမယာကြက္သစ္ႏွင့္ ပတ္သက္၍ အကြက္ေဖာ္ရန္အတြက္ လုပ္ငန္းေဆာင္ရြက္ရန္ ကုမၸဏီမ်ားအား တြန္းအားေပးရန္ အကြက္ခ်ထားေရးေကာ္မတီကို တင္ျပၿပီး မူလခ်ထားေပးသည့္ ေျမေပးမိန္႔ အတိုင္း အကြက္မ်ား ရိုက္ေပးသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးအရာရွိ က ဆိုသည္။

"ကြ်န္ေတာ္တို႔ ဒီ ၿမိဳ႕ကြက္သစ္ အပိုင္း (စ်)နဲ႔ ပတ္သက္ၿပီးေတာ့ ယခင္တုန္းကေတာ့ ဒါဟာ ေတာင္ကုန္းေတြ ျဖစ္ပါတယ္၊  အခုကေတာ့ ေျမႀကီးကို ျပန္ျပဳျပင္ထားတ့ဲ အခါၾကေတာ့ နည္းနည္း ညီညာလာတဲ့ ပံုစံျဖစ္ပါတယ္၊ ဒါေပမဲ့ ဒီဟာကို အကြက္ရိုက္ဖို႔ ဆိုတဲ့ဟာကေတာ့ အဆင္သင့္ မျဖစ္ေသးဘူး၊ အဲ့ဒီေတာ့ အကြက္ခ်ထားေရး ေကာ္မတီရွိၿပီးသားပါ၊ ေကာ္မတီကေနၿပီးေတာ့မွ ကုမၸဏီေတြကို အေကာင္အထည္ေဖာ္ဖို႔ တြန္းအားေပး ေဆာင္ရြက္ေစဖို႔အတြက္ ကြ်န္ေတာ္တို႔ ေကာ္မတီကို တင္ျပရမွာ ျဖစ္ပါတယ္၊ ဒီလုပ္ငန္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၿပီးမွ ကြ်န္ေတာ္တို႔က ကြက္စိတ္ကြက္ၾကဲရိုက္ၿပီးေတာ့မွ မူလက ခ်ထားတဲ့ ေျမေပးမိန္႔အတိုင္းပဲ ကြ်န္ေတာ္တို႔က အကြက္ေတြ ရိုက္ေပးမွာ ျဖစ္ပါတယ္၊ အဲ့ဒါၿပီးမွ ကြ်န္ေတာ္တို႔ (၁၀၅)၊ (၁၀၆)ေတြကို ဌာနကေနၿပီးေတာ့မွ ေရးဆြဲေပးရမွာျဖစ္ပါတယ္၊ အဲ့ (၁၀၅)၊ (၁၀၆)ရၿပီးၿပီဆိုရင္ေတာ့ ဒီ(၁၀၅)၊ (၁၀၆)နဲ႔ ခရိုင္ေထြအုပ္မွာ ဂရန္ေလွ်ာက္ရမွာ ျဖစ္ပါတယ္၊ ဂရန္ေလွ်ာက္ၿပီးၿပီဆိုမွ ေနထိုင္ပိုင္ဆိုင္တဲ့ သူေတြဟာ ခိုင္ခိုင္မာမာ ရရွိသြားမွာ ျဖစ္ပါတယ္"ဟု ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေက်ာ္နႏၵက ရွင္းျပသည္။

တားျမစ္ဆိုင္းဘုတ္မ်ား စိုက္ထူသတိေပးထားျခင္းသည္ က်ဴးေက်ာ္မ်ားႏွင့္ေျမယာကိစၥမ်ား ေျဖရွင္းမၿပီးခင္ အခ်ိန္အထိ ေျမကြက္မ်ားႏွင့္ ပတ္သက္၍ ဆက္လက္ၿပီး အရႈပ္အရွင္းမ်ား မျဖစ္ေစရန္အတြက္ အျပန္အလွန္ ေရာင္း၀ယ္မႈမ်ား ႏွင့္ ေပါင္ႏွံငွားရမ္းမႈမ်ား မျပဳလုပ္ရန္အတြက္ တားျမစ္ျခင္းလည္း ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ထံသိရသည္။

အဆိုပါ ေျမေနရာသည္ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အပိုင္းထဲတြင္ ပါ၀င္ၿပီး အနီးစပ္ဆံုးအေနျဖင့္ တာေ၀မီးစက္ေဟာင္းေရွ႕ လမ္းၾကားအတြင္း၌ တည္ရွိသည္။

သတင္း - ကိုေဇာင္း
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းထဲရှိ အပိုင်း(ဈ)မြေယာကွက်သစ်နှင့် ပတ်သက်၍ မကြာမီအကောင်အထည် ဖော်နိုင်ရေးအတွက် အပိုင်း(ဈ) မြေယာ ကွက်သစ်ထဲတွင် ဝင်ရောက် ကျူးကျော် နေထိုင်သူများကို ဥပဒေဘောင်အတွင်းက ဖယ်ခြား ရှင်းလင်းနိုင်ရေးအတွက် ဇွန်လ(၁၈)ရက်နေ့ နံနက်ပိုင်းက တားမြစ်ဆိုင်းဘုတ် (၃)ခုကို တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ တားမြစ်ဆိုင်းဘုတ်များ စိုက်ထူရာတွင် တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ မြို့နယ်လဝကမှ ဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နန္ဒ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် အပါအဝင် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်နှင့် အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။

ယင်းမြေယာကွက်သစ်အတွင်း ကျူးကျော်ဝင်ရောက် နေထိုင်သူများနှင့် ပတ်သက်၍ ကနဦး သတိပေး ဆိုင်းဘုတ်များကို စိုက်ထူပြီးနောက် နို့တစ်စာများပေးပို့ခြင်းအပြင် သတ်မှတ်ကာလကျော်လွန်သွားပါက ကျူးကျော်နေထိုင်သူများအား ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

"ကျွန်တော်တို့ လာရောက်ဆောင်ရွက်တဲ့နေရာကတော့ မြို့ကွက်သစ် အပိုင်း (ဈ)နေရာဖြစ်ပါတယ်၊ ဒီမြေနေရာမှာ ကျူးကျော်တွေက တစတစများပြားလာတဲ့အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အစိုးရမြေ မကျူးကျော်ရ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဆိုပြီးတော့မှာ ဆိုင်းဘုတ်လာရောက် ထူထောင်ရခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး ဆိုင်းဘုတ် ထူထောင်ပြီးရင်တော့ ဒီမှာ ကျူးကျော်တဲ့ အိမ်တွေ၊ မြေကွက်ရိုက်ထားတဲ့သူတွေကို ကျွန်တော်တို့ နို့တစ်စာတွေနဲ့ သတိပေးထုတ်ပြန်ပါမယ်၊ နို့တစ်စာ ထုတ်ပြန်ပြီးတော့မှ သတ်မှတ်ကာလမှာ မဖယ်ရှားတဲ့ သူတွေကိုတော့ တရားဥပဒေအရ ဆက်လက်ပြီးတော့မှ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နို့တစ်စာများ ပေးပို့ပြီးနောက် ရက်ပေါင်း(၃၀)လွန်ပြီးနောက်တွင် မဖယ်ရှားပေးသူများကို ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် မြို့ကွက်သစ်အကောင်အထည်ဖော်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

အပိုင်း (ဈ)မြေယာကွက်သစ်နှင့် ပတ်သက်၍ အကွက်ဖော်ရန်အတွက် လုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီများအား တွန်းအားပေးရန် အကွက်ချထားရေးကော်မတီကို တင်ပြပြီး မူလချထားပေးသည့် မြေပေးမိန့် အတိုင်း အကွက်များ ရိုက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ က ဆိုသည်။

"ကျွန်တော်တို့ ဒီ မြို့ကွက်သစ် အပိုင်း (ဈ)နဲ့ ပတ်သက်ပြီးတော့ ယခင်တုန်းကတော့ ဒါဟာ တောင်ကုန်းတွေ ဖြစ်ပါတယ်၊ အခုကတော့ မြကြေီးကို ပြန်ပြုပြင်ထားတဲ့ အခါကြတော့ နည်းနည်း ညီညာလာတဲ့ ပုံစံဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီဟာကို အကွက်ရိုက်ဖို့ ဆိုတဲ့ဟာကတော့ အဆင်သင့် မဖြစ်သေးဘူး၊ အဲ့ဒီတော့ အကွက်ချထားရေး ကော်မတီရှိပြီးသားပါ၊ ကော်မတီကနပြေီးတော့မှ ကုမ္ပဏီတွေကို အကောင်အထည်ဖော်ဖို့ တွန်းအားပေး ဆောင်ရွက်စေဖို့အတွက် ကျွန်တော်တို့ ကော်မတီကို တင်ပြရမှာ ဖြစ်ပါတယ်၊ ဒီလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှ ကျွန်တော်တို့က ကွက်စိတ်ကွက်ကြဲရိုက်ပြီးတော့မှ မူလက ချထားတဲ့ မြေပေးမိန့်အတိုင်းပဲ ကျွန်တော်တို့က အကွက်တွေ ရိုက်ပေးမှာ ဖြစ်ပါတယ်၊ အဲ့ဒါပြီးမှ ကျွန်တော်တို့ (၁၀၅)၊ (၁၀၆)တွေကို ဌာနကနပြေီးတော့မှ ရေးဆွဲပေးရမှာဖြစ်ပါတယ်၊ အဲ့ (၁၀၅)၊ (၁၀၆)ရပြီးပြီဆိုရင်တော့ ဒီ(၁၀၅)၊ (၁၀၆)နဲ့ ခရိုင်ထွေအုပ်မှာ ဂရန်လျှောက်ရမှာ ဖြစ်ပါတယ်၊ ဂရန်လျှောက်ပြီးပြီဆိုမှ နေထိုင်ပိုင်ဆိုင်တဲ့ သူတွေဟာ ခိုင်ခိုင်မာမာ ရရှိသွားမှာ ဖြစ်ပါတယ်"ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နန္ဒက ရှင်းပြသည်။

တားမြစ်ဆိုင်းဘုတ်များ စိုက်ထူသတိပေးထားခြင်းသည် ကျူးကျော်များနှင့်မြေယာကိစ္စများ ဖြေရှင်းမပြီးခင် အချိန်အထိ မြေကွက်များနှင့် ပတ်သက်၍ ဆက်လက်ပြီး အရှုပ်အရှင်းများ မဖြစ်စေရန်အတွက် အပြန်အလှန် ရောင်းဝယ်မှုများ နှင့် ပေါင်နှံငှါးရမ်းမှုများ မပြုလုပ်ရန်အတွက် တားမြစ်ခြင်းလည်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ထံသိရသည်။

အဆိုပါ မြေနေရာသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းထဲတွင် ပါဝင်ပြီး အနီးစပ်ဆုံးအနဖြေင့် တောဝမီးစက်ဟောင်းရှေ့ လမ်းကြားအတွင်း၌ တည်ရှိသည်။

သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~