ကျောင်းနေရွယ် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ပိုစတာများအား ကျောင်းများတွင် ချိတ်ဆွဲ

ကျောင်းနေရွယ် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ပိုစတာများအား ကျောင်းများတွင် ချိတ်ဆွဲ
ဇှနျ 13, 2017
By Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကျောင်းများတွင် ကျောင်းနေရွယ် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိရာတွင် တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်း (၃)ကျောင်းတွင် ပိုစတာများ ချိတ်ဆွဲထားရှိကြောင်း သိရသည်။

အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်ကိုကို နှင့် အဖွဲ့မှ တာချီလိတ်မြို့ပေါ်ရှိ အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း) နှင့် အထက(ဟောင်လိတ်)တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး၊ ရုပ်စုံကာတွန်း၊ ဆောင်ပုဒ်များ၊ လမ်းညွှန် အမှတ် အသားများ ပါဝင်သည့် (၈)ပေ(၃)ပေ ဗွီနှိုင်းပိုစတာများအား ကျောင်းတစ်ကျောင်းလျှင် (၂)ခုစီဖြင့် ချိတ်ဆွဲထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~