တပ်မတော်လေယာဉ် Y-8 ၏ မတော်တဆဖြစ်စဉ်ကြောင့် အသက်သေဆုံးသွားကြသူများ၏ ကျန်ရစ်သူများအတွက် ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ တပ်မတော်သားများနှင့် စေတနာရှင်များမှ ကျပ်သိန်း(၈၂၀)ကျော် စုပေါင်းထောက်ပံ့လှူဒါန်း

တပ်မတော်လေယာဉ် Y-8 ၏ မတော်တဆဖြစ်စဉ်ကြောင့် အသက်သေဆုံးသွားကြသူများ၏ ကျန်ရစ်သူများအတွက် ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ တပ်မတော်သားများနှင့် စေတနာရှင်များမှ ကျပ်သိန်း(၈၂၀)ကျော် စုပေါင်းထောက်ပံ့လှူဒါန်း
ဇှနျ 18, 2017
By Tachileik News Agency



ထောက်ပံ့အလှူငွေ ပေးအပ်ပွဲ အခမ်းအနားတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် စခန်းရုံး အရာရှိ၊ စစ်သည် မိသားစုများမှ ကျပ်(၁၅)သိန်း၊ ကျိုင်းတုံတပ်နယ် တပ်ရင်း တပ်ဖွဲ့ များမှ (၅,၆၈၇,၀၀၀)ကျပ်၊ အမှတ်(၉၀၉) အမြှောက်စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်နှင့် ကွက်ကဲမှုအောက် တပ်ရင်းများမှ (၁,၉၅၀,၀၀၀)ကျပ်၊ မိုင်းခတ်တပ်နယ် တပ်ရင်း၊ တပ်ဖွဲ့ များနှင့် အလှူရှင်များမှ (၁,၇၃၀,၀၀၀)ကျပ်၊ မိုင်းတုံတပ်နယ် တပ်ရင်း၊တပ်ဖွဲ့ များနှင့် အလှူရှင်များမှ (၁,၈၈၀,၀၀၀)ကျပ်၊ တာချီလိတ်တပ်နယ် တပ်ရင်း၊တပ်ဖွဲ့ များနှင့် အလှူရှင်များမှ ကျပ်(၁၆၀)သိန်း၊  ပြည်နယ်(ရှမ်းအရှေ့)၊ ကျိုင်းတုံခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် မိုင်ဆက်ခရိုင် ဌာနဆိုင်ရာများမှ (၅,၄၉၂,၀၀၀)ကျပ်၊ တာချီလိတ်မြို့ရှိ ရွှေတြိဂံဟိုတယ်မှ ကျပ်သိန်း(၁၀၀)တင်မြင့်ရီ ကုမ္ပဏီမှ (၃,၀၀၀,၀၀၀)၊ မိုင်းပျဉ်း/တုံတာတပ်နယ် တပ်ရင်း/တပ်ဖွဲ့ များမှ (၈၃၀,၀၀၀)ကျပ်၊ ရွှေတြိဂံဂေါက်ကလပ်မှ Golferများက (၈၄၀,၀၀၀)ကျပ်၊ မိုင်းဖြတ်/တာလေ ပြည်သူ့ စစ်တပ်ဖွဲ့  ၀င်များမှ (၂,၇၃၀,၀၀၀)ကျပ်၊ အမှတ်(၁၄) စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ်/ ကွက်ကဲမှုအောက် တပ်ရင်းများနှင့် မိုင်းဆက် တပ်ရင်း/တပ်နယ် မိသားစုများမှ (၅,၀၇၈,၀၀၀)ကျပ်၊ အမှတ်(၁၈) စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ်/ ကွက်ကဲမှုအောက် တပ်ရင်းများနှင့် မိုင်းဖြတ်တပ်နယ် တပ်ရင်း/တပ်ဖွဲ့ များမှ (၄,၄၀၀,၀၀၀)ကျပ်၊ ကျိုင်းတုံမြို့နယ်မှ လုပ်ငန်းရှင်များနှင့် စက်သုံးဆီလုပ်ငန်းရှင်များမှ (၉၅၀,၀၀၀)ကျပ်၊ အထူးဒေသ(၄)မှ ကျပ်(၅)သိန်း၊ Bright Time ဆီပန့် မှ ကျပ်(၁)သိန်း၊ ဟိုတယ် တာချီလိတ်မှ ကျပ်(၁၀)သိန်း၊ 1G1 7ဟိုတယ်မှ ကျပ်(၁၀)သိန်း၊ ရွှေတာချီ ခရီးသွားလုပ်ငန်းမှ ကျပ်(၅)သိန်း၊ လွယ်တော်ခမ်းဂိတ် ပြည်သူ့ စစ်အဖွဲ့မှ မှ ကျပ်(၅)သိန်း အသီးသီး ထောက်ပံ့လှူဒါန်းကြရာ လှူဒါန်းငွေမှာ (၈၂၈,၈၇၀,၀၀)ကျပ် ရရှိကြောင်း သိရသည်။

အလှူငွေပေးအပ်ပွဲတွင် တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းပေးရေး ကော်မတီ( CNCMC )ရုံးတွင် လက်ခံကောက်ခံပေးထားပြီး တာချီလိတ်မှ စေတနာရှင်များ၊ လုပ်ငန်းရှင်များ စုပေါင်း ပါဝင်လှူဒါန်းလာကြသည့်  ကျပ်(၁၆၃)သိန်း လည်း အပါအ၀င် ဖြစ်ကြောင်း သိရသည်။


သတင်း/ဓာတ်ပုံ - ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

ဇွန်လ(၇)ရက်နေ့က တပ်မတော်လေယာဉ် Y-8၏ မတော်တဆဖြစ်စဉ်ကြောင့် ပါဝင်သွားသည့် တပ်မတော် ကြည်း၊ ရေ၊ လေ အရာရှိစစ်သည် မိသားစုများ၏ ကျန်ရစ်သူ မိသားစုများအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမတွင် ဇွန်လ(၁၈)ရက် နံနက်(၁၀)နာရီက ထောက်ပံ့အလှူငွေ ပေးအပ်ပွဲအဖြစ် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ စေတနာရှင်များ၏ စုပေါင်း ထောက်ပံ့လှူဒါန်းငွေမှာ ကျပ်သိန်း(၈၂၀)ကျော် ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီဘက်ဒေသမှာ ဒေသခံတိုင်းရင်းသားများ အပါအဝင် စစ်သည်မိသားစုများ အားလုံးသည် အများနှင့်အတူ ဆောင်ရွက်ရမဲ့ လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကိစ္စအားလုံးမှာ တိုးတက်ရေး အတွက် တိုင်းစစ်ဌာနချုပ် အပါအဝင် စုစည်းပြီးတော့ အားလုံးပါဝင်ပြီး ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ အခုလို အခမ်းအနားမှာလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ အလှူရှင်အားလုံးက ပါဝင်ပြီးတော့ အားထက်သရော ကူညီ လှူဒါန်းပေးကြတဲ့အတွက် ကျေးဇူး တင်ပါတယ်။"ဟု တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

ထောက်ပံ့အလှူငွေ ပေးအပ်ပွဲ အခမ်းအနားတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် စခန်းရုံး အရာရှိ၊ စစ်သည် မိသားစုများမှ ကျပ်(၁၅)သိန်း၊ ကျိုင်းတုံတပ်နယ် တပ်ရင်း တပ်ဖွဲ့များမှ (၅,၆၈၇,ဝဝဝ)ကျပ်၊ အမှတ်(၉၀၉) အမြှောက်စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်နှင့် ကွက်ကဲမှုအောက် တပ်ရင်းများမှ (၁,၉၅၀,ဝဝဝ)ကျပ်၊ မိုင်းခတ်တပ်နယ် တပ်ရင်း၊ တပ်ဖွဲ့များနှင့် အလှူရှင်များမှ (၁,၇၃၀,ဝဝဝ)ကျပ်၊ မိုင်းတုံတပ်နယ် တပ်ရင်း၊တပ်ဖွဲ့များနှင့် အလှူရှင်များမှ (၁,၈၈၀,ဝဝဝ)ကျပ်၊ တာချီလိတ်တပ်နယ် တပ်ရင်း၊တပ်ဖွဲ့များနှင့် အလှူရှင်များမှ ကျပ်(၁၆၀)သိန်း၊ ပြည်နယ်(ရှမ်းအရှေ့)၊ ကျိုင်းတုံခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် မိုင်ဆက်ခရိုင် ဌာနဆိုင်ရာများမှ (၅,၄၉၂,ဝဝဝ)ကျပ်၊ တာချီလိတ်မြို့ရှိ ရွှတြေိဂံဟိုတယ်မှ ကျပ်သိန်း(၁၀၀)တင်မြင့်ရီ ကုမ္ပဏီမှ (၃,ဝဝဝ,ဝဝဝ)၊ မိုင်းပျဉ်း/တုံတာတပ်နယ် တပ်ရင်း/တပ်ဖွဲ့များမှ (၈၃၀,ဝဝဝ)ကျပ်၊ ရွှတြေိဂံဂေါက်ကလပ်မှ Golferများက (၈၄၀,ဝဝဝ)ကျပ်၊ မိုင်းဖြတ်/တာလေ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်များမှ (၂,၇၃၀,ဝဝဝ)ကျပ်၊ အမှတ်(၁၄) စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ်/ ကွက်ကဲမှုအောက် တပ်ရင်းများနှင့် မိုင်းဆက် တပ်ရင်း/တပ်နယ် မိသားစုများမှ (၅,ဝ၇၈,ဝဝဝ)ကျပ်၊ အမှတ်(၁၈) စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ်/ ကွက်ကဲမှုအောက် တပ်ရင်းများနှင့် မိုင်းဖြတ်တပ်နယ် တပ်ရင်း/တပ်ဖွဲ့များမှ (၄,၄၀၀,ဝဝဝ)ကျပ်၊ ကျိုင်းတုံမြို့နယ်မှ လုပ်ငန်းရှင်များနှင့် စက်သုံးဆီလုပ်ငန်းရှင်များမှ (၉၅၀,ဝဝဝ)ကျပ်၊ အထူးဒေသ(၄)မှ ကျပ်(၅)သိန်း၊ Bright Time ဆီပန့်မှ ကျပ်(၁)သိန်း၊ ဟိုတယ် တာခ်ီလိတ္မွ က်ပ္(၁၀)သိန္း၊  1G1 7ဟိုတယ်မှ ကျပ်(၁၀)သိန်း၊ ရွှေတာချီ ခရီးသွားလုပ်ငန်းမှ ကျပ်(၅)သိန်း၊ လွယ်တော်ခမ်းဂိတ် ပြည်သူ့စစ်အဖွဲ့မှ မှ ကျပ်(၅)သိန်း အသီးသီး ထောက်ပံ့လှူဒါန်းကြရာ လှူဒါန်းငွေမှာ (၈၂၈,၈၇၀,ဝဝ)ကျပ် ရရှိကြောင်း သိရသည်။

အလှူငွေပေးအပ်ပွဲတွင် တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းပေးရေး ကော်မတီ( CNCMC )ရုံးတွင် လက်ခံကောက်ခံပေးထားပြီး တာချီလိတ်မှ စေတနာရှင်များ၊ လုပ်ငန်းရှင်များ စုပေါင်း ပါဝင်လှူဒါန်းလာကြသည့် (၁၆၃,ဝဝ,ဝဝဝ)ကျပ် လည်း အပါအဝင် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် တပ်မတော်မှ အရာရှိ စစ်သည်များ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ ပါဝင်ထောက်ပံ့လှူဒါန်းကြသည့် စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~