တာခ်ီလိတ္ၿမိဳ႕တြင္ ကမာၻ႕သစ္ပင္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ ပံုလို႔ဘုန္းႀကီးေက်ာင္းဝန္းအတြင္း သစ္ပင္ေပါင္း (၅၄၀)ပင္ စုေပါင္းစိုက္ပ်ဳိး

တာခ်ီလိတ္ၿမိဳ႕တြင္ ကမာၻ႕သစ္ပင္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ ပံုလို႔ဘုန္းႀကီးေက်ာင္းဝန္းအတြင္း သစ္ပင္ေပါင္း (၅၄၀)ပင္ စုေပါင္းစိုက္ပ်ဳိး
ဇွန် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္လံုးေက်းရြာအုပ္စု၊ လြယ္စတံုရွိ ပံုလို႔ဘုန္းႀကီးေက်ာင္းဝန္း အတြင္း ကမာၻ႕သစ္ပင္မ်ားေန႔(World Tree Day) အထိမ္းအမွတ္အျဖစ္ ဇြန္လ(၂၈)ရက္ေန႔ နံနက္ပိုင္းက သစ္ပင္အမ်ဳိးအစား(၁၇)မ်ဳိးပါ၀င္သည့္ သစ္ပင္ေပါင္း အပင္(၅၄၀)ကို စုေပါင္း စိုက္ပ်ဳိးခဲ့ၾကေၾကာင္း သိရသည္။

စိုက္ပ်ဳိးရာ၌ ပါ၀င္သည့္ သစ္ပင္အမ်ဳိးအစားမ်ားမွာ ကြ်န္း အပင္(၆၀)၊ ပ်ဥ္းကတိုး (၂၅)ပင္၊ မေဟာ္ဂနီ (၇၅)ပင္၊ ပိေတာက္ (၁၂)ပင္၊ ခေရ (၁၅)ပင္၊ တမာ အပင္(၂၀)၊ ခ်ယ္ရီ (၁၀)ပင္၊ အေျမာက္ဆံ(၁၀)ပင္၊ ေမ်ာက္ငို (၁၀)၊ ကံ့ေကာ္ (၇)ပင္၊ မက်ည္း(၅)ပင္၊ သရက္(၅)ပင္၊ ယူကလစ္ (၅)ပင္၊ ေတာင္သမာ (၈၁)ပင္၊ မယ္ဇလီ အပင္(၁၀၀)၊ ေအာ္ရီရွား အပင္(၅၀) ႏွင့္ ယမေန အပင္(၅၀)တို႔ျဖစ္ၿပီး စုစုေပါင္း (၅၄၀)ပင္အား စုိက္ပ်ဳိးခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါ သစ္ပင္စိုက္ပ်ဳိးပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမွဴး ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးစိုးေဇာ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း )ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ တာခ်ီလိတ္ခရိုင္ သစ္ေတာဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးမ်ိဳးလြင္ ႏွင့္ ခရိုင္/ၿမိဳ႕နယ္သစ္ေတာ ဝန္ထမ္းမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ေဒသခံ ျပည္သူမ်ား တက္ေရာက္ကာ စုေပါင္း စိုက္ပ်ဳိးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း သစ္ေတာဦးစီးဌာနမွ ၂၀၁၇ခုႏွစ္ မိုးရာသီကာလ၌ ယေန႔အထိ စုေပါင္း သစ္ပင္စိုက္ပ်ဳိးပြဲေတာ္မ်ား အျဖစ္ (၄)ႀကိမ္ က်င္းပျပဳလုပ္ခဲ့ေၾကာင္းႏွင့္ ယခု အပင္အေရအတြက္ အပါအ၀င္ စုစုေပါင္း အပင္ေပါင္း (၃၀၃၀)ပင္ စိုက္ပ်ဳိးထားရွိၿပီးေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံရှိ ပုံလို့ဘုန်းကြီးကျောင်းဝန်း အတွင်း ကမာ္ဘ့သစ်ပင်များနေ့(World Tree Day) အထိမ်းအမှတ်အဖြစ် ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက သစ်ပင်အမျိုးအစား(၁၇)မျိုးပါဝင်သည့် သစ်ပင်ပေါင်း အပင်(၅၄၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စိုက်ပျိုးရာ၌ ပါဝင်သည့် သစ်ပင်အမျိုးအစားများမှာ ကျွန်း အပင်(၆၀)၊ ပျဉ်းကတိုး (၂၅)ပင်၊ မဟော်ဂနီ (၇၅)ပင်၊ ပိတောက် (၁၂)ပင်၊ ခရေ (၁၅)ပင်၊ တမာ အပင်(၂၀)၊ ချယ်ရီ (၁၀)ပင်၊ အမြောက်ဆံ(၁၀)ပင်၊ မျောက်ငို (၁၀)၊ ကံ့ကော် (၇)ပင်၊ မကျည်း(၅)ပင်၊ သရက်(၅)ပင်၊ ယူကလစ် (၅)ပင်၊ တောင်သမာ (၈၁)ပင်၊ မယ်ဇလီ အပင်(၁၀၀)၊ အော်ရီရှား အပင်(၅၀) နှင့် ယမနေ အပင်(၅၀)တို့ဖြစ်ပြီး စုစုပေါင်း (၅၄၀)ပင်အား စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း )ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင် နှင့် ခရိုင်/မြို့နယ်သစ်တော ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကာ စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း သစ်တောဦးစီးဌာနမှ ၂၀၁၇ခုနှစ် မိုးရာသီကာလ၌ ယနေ့အထိ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်များ အဖြစ် (၄)ကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ယခု အပင်အရေအတွက် အပါအဝင် စုစုပေါင်း အပင်ပေါင်း (၃၀၃၀)ပင် စိုက်ပျိုးထားရှိပြီးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~