တာချီလိတ်မြို့ ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့မှ မဲခေါင်မြစ်အတွင်း သွားလာ လုပ်ကိုင်ကြသူများအား သဘာဝဘေးအန္တရာယ်ကင်းရေးအတွက် အသိပညာပေးကာ အသက်ကယ်အင်္ကျီများ ပေးအပ်

တာချီလိတ်မြို့ ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့မှ မဲခေါင်မြစ်အတွင်း သွားလာ လုပ်ကိုင်ကြသူများအား သဘာဝဘေးအန္တရာယ်ကင်းရေးအတွက် အသိပညာပေးကာ အသက်ကယ်အင်္ကျီများ ပေးအပ်
ဇှနျ 10, 2017
By Tachileik News Agency



ယင်းဟောပြောပွဲတွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(၀မ်ပုံ)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လှမိုးက ရေယာဉ်မောင်းနှင်သူများ အနေဖြင့် အရက်သေစာ သောက်စားပြီး စက်လှေမောင်းနှင်ခြင်း မပြုရန်၊ သတ်မှတ်လူဦးရေနှင့် ကုန်ချိန်ထက်ပို၍ တင်ဆောင်ခြင်း မပြုရန်၊ လှေအကူများ ထားရှိရန်၊ ရေယာဉ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအတွက် အသက်ကယ်အကျီင်္ တစ်ထည်စီယူဆောင် လာစေရန်ကို လည်းကောင်း၊ တပ်ဖွဲ့ဝင် ရေယာဉ်မှူး ရဲမှူး ရဲမင်းထက်က ရေယာဉ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များ အတွက် အသက်ကယ်လှေ၊ ဖောင်များ၊ ဘောကွင်း များ ပြည့်စုံစွာထားရှိရန်၊ ရေယာဉ် မောင်းနှင်ခြင်း ဆိုင်ရာ ဥပဒေသများနှင့် ရေယာဉ် လိုင်စင်မရှိပါက လိုင်စင်များပြုလုပ်သွားရန်တို့ကို လည်းကောင်း အသိပညာပေးဟောပြောသည်။


သတင်း - #ဝေယံလင်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ အပြည်ပြည်ဆိုင်ရာ ဝမ်ပုံဆိပ်ကမ်းတွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)က ရေကြောင်းဖြင့် သွားလာ လုပ်ကိုင်သူ ပြည်သူများအား မိုးရာသီကာလ သဘာဝဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး ဟောပြောကာ အသက်ကယ် အင်္ကျီများအား ပေးအပ်လှူဒါန်းကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲ နှင့် ပေးအပ်ပွဲကို ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ဝမ်ပုံဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ရာ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လှမိုး နှင့် ရေယာဉ်မှူး ရဲမှူး ရဲမင်းထက် အပါအဝင် မဲခေါင်မြစ်အတွင်း သွားလာ လုပ်ကိုင်ကြသည့် ပြည်သူများ နှင့် သက်ဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းဟောပြောပွဲတွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လှမိုးက ရေယာဉ်မောင်းနှင်သူများ အနဖြေင့် အရက်သေစာ သောက်စားပြီး စက်လှေမောင်းနှင်ခြင်း မပြုရန်၊ သတ်မှတ်လူဦးရေနှင့် ကုန်ချိန်ထက်ပို၍ တင်ဆောင်ခြင်း မပြုရန်၊ လှေအကူများ ထားရှိရန်၊ ရေယာဉ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအတွက် အသက်ကယ်အင်္ကျီ တစ်ထည်စီယူဆောင် လာစေရန်ကို လည်းကောင်း၊ တပ်ဖွဲ့ဝင် ရေယာဉ်မှူး ရဲမှူး ရဲမင်းထက်က ရေယာဉ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များ အတွက် အသက်ကယ်လှေ၊ ဖောင်များ၊ ဘောကွင်း များ ပြည့်စုံစွာထားရှိရန်၊ ရေယာဉ် မောင်းနှင်ခြင်း ဆိုင်ရာ ဥပဒေသများနှင့် ရေယာဉ် လိုင်စင်မရှိပါက လိုင်စင်များပြုလုပ်သွားရန်တို့ကို လည်းကောင်း အသိပညာပေးဟောပြောသည်။

အသိပညာပေး ဟောပြောပွဲ ပြီးနောက်တွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လှမိုးက အသက်ကယ်အင်္ကျီ အထည်(၆၀)အား ပေးအပ်လှူဒါန်းရာ တက်ရောက်လာသူများ ကိုယ်စား စက်လှေအသင်းမှ အဖွဲ့ခေါင်းဆောင် ဦးစိုင်းနိုင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

သတင်း - #ေဝယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~