ရွမ္းျပည္နယ္တြင္း ရပ္ရြာလူထုအေျချပဳ ခရီးသြားလုပ္ငန္း တိုးခ်ဲ႕ႏုိင္ေရး ခရီးစဥ္သစ္မ်ား ေဖာ္ထုတ္မည္

ရွမ္းျပည္နယ္တြင္း ရပ္ရြာလူထုအေျချပဳ ခရီးသြားလုပ္ငန္း တိုးခ်ဲ႕ႏုိင္ေရး ခရီးစဥ္သစ္မ်ား ေဖာ္ထုတ္မည္
ဇွန် 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ရပ္ရြာလူထုအေျချပဳ ခရီးသြားလုပ္ငန္း တိုးခ်ဲ႕လုပ္ေဆာင္ႏုိင္ေရးအတြက္ ခရီးစဥ္သစ္မ်ားကို ရွာေဖြ ေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္ထံမွ သိရသည္။

ရွမ္းျပည္နယ္တြင္း ရြာငံ၊ ပင္းတယေဒသ၊ ေရွးေဟာင္းျပဒါးလင္းဂူ၊ သဘာ၀ေရတံခြန္၊ ေရျပာအိုင္၊ သဘာဝလိႈဏ္ဂူမ်ားအား ခရီးစဥ္သစ္မ်ား အျဖစ္ ေဖာ္ေဆာင္သြားမည္ျဖစ္ၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသမ်ားတြင္လည္း ခရီးစဥ္သစ္မ်ား ရွာေဖြေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ခရီးသြားလုပ္ငန္းက တစ္ကယ္တမ္းေျပာရရင္ မီးခိုးမထြက္တဲ့ စက္မႈလုပ္ငန္းတစ္ခုျဖစ္တယ္။ အိမ္နီးနားခ်င္း နိုင္ငံေတြဆိုရင္ မဟာဗ်ဴဟာစီမံခ်က္ေရးဆြဲၿပီး ခရီးသြားလုပ္ငန္းကို ျမႇင့္တင္နိုင္ဖို႕အတြက္ ႀကိဳးစားေနၾကတယ္။ ထိုင္း၊ ကေမၻာဒီးယား၊ လာအိုေတြမွာဆို ခရီးသြားလုပ္ငန္း အရမ္းေအာင္ျမင္တယ္။ ကၽြန္ေတာ္တို႔နိုင္ငံမွာ ခရီးသြားလုပ္ငန္း က်ဆင္းရတဲ့ အေၾကာင္းရင္းက အရင္ေခတ္အဆက္ဆက္မွာ နိုင္ငံေရး မတည္ၿငိမ္မႈေတြကလည္း အဓိက အဟန္႔အတားျဖစ္ေစတယ္။ ကၽြန္ေတာ္တို႔ အစိုးရ လက္ထက္မွာေတာ့ ခရီးသြားလုပ္ငန္းကို ျမႇင့္တင္ဖို႔ အဓိကေဆာင္ရြက္ေနပါတယ္” ဟု ျပည္နယ္ဝန္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၊ က်ဳိင္းတံုၿမိဳ႕နယ္၊ လြယ္ေမြေဒသရွိ ဟိုလတ္(အာခါရြာ)၊ ေနာင္ခ်ဳိ (ဝရြာ) ၊ ပန္ခါး(လားဟူရြာ) တို႔အား လည္းေကာင္း၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)သီေပါၿမိဳ႕နယ္ရွိ ပန္ခမ္း၊ မန္လြယ္၊ ထန္စမ့္၊ ေက်ာက္မဲၿမိဳ႕နယ္ရွိ ပ်ဴေရွာ၊ ေနာင္ပစ္၊ လြယ္ဆာရြာတို႔အား လည္းေကာင္း ရပ္ရြာလူထု အေျချပဳခရီးသြား လုပ္ငန္းေဖာ္ေဆာင္ရန္ လ်ာထားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ခရီးသြားလုပ္ငန္းမွာက ပံုမွန္အားျဖင့္ ပုဂံ၊ အင္းေလးနဲ႕ ခရီးသြားလုပ္ငန္း ေဆာင္ရြက္လို႔ မျဖစ္ေတာ့ဘူး။ ခရီးစဥ္ အသစ္ေတြ ရွာေဖြေဖာ္ထုတ္ေတာ့မယ္။ ရွမ္းျပည္မွာက နိုင္ငံျခားခရီးသည္ေတြကို ဆြဲေဆာင္ နိုင္မယ့္ ေနရာေတြ အမ်ားႀကီးရွိပါတယ္။ ခရီးစဥ္သစ္ေတြရွာၿပီးတဲ့ အခ်ိန္မွာ အိမ္နီးနားခ်င္း နိုင္ငံေတြမွာ ေစ်းကြက္ ရွာမယ္။ ျပည္ပနိုင္ငံက ရွယ္ယာေတြ ပါ၀င္နိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႕ ခရီးသြားျမႇင့္တင္ေရး ေကာ္မတီတစ္ခု ဖြဲ႕စည္းထားပါတယ္။ အစိုးရအဖြဲ႕အေနနဲ႔ေတာ့ ေကာ္မတီမွာ မပါ၀င္ပါဘူး။ ကၽြန္ေတာ္တို႔က ဦးေဆာင္လုပ္ေပးမွာပါ။ ခရီးသြားလုပ္ငန္းက အလႊာေပါင္းစံုကို စီးဆင္းနိုင္ဖို႔ ပူးေပါင္းေဆာင္ရြက္မွ ခရီးသြားလုပ္ငန္းေအာင္ျမင္မွာပါ” ဟု ျပည္နယ္ဝန္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

အဆိုပါ ခရီးသြားျမႇင့္တင္ေရးေကာ္မတီကို ဇြန္လ (၁၄) ရက္ေန႔က ေညာင္ေရႊၿမိဳ႕တြင္ ရွမ္းျပည္နယ္ ခရီးသြားလုပ္ငန္း ဖြံ႔ၿဖိဳးတိုးတက္ေရးညိႇနိႈင္း ေဆြးေႏြးပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ဦးေဆာင္၍ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းရွင္မ်ားျဖင့္ စုေပါင္းဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း လာေရာက္လည္ပတ္သူ အေရအတြက္မွာ ၂၀၁၅- ၂၀၁၆ ခုႏွစ္တြင္ ျပည္တြင္း၊ ျပည္ပ ခရီးသြား (၇၉၁,၆၄၆)ဦးႏွင့္ ၂၀၁၆-၂၀၁၇ ခုႏွစ္တြင္ ခရီးသြား (၁,၀၃၃,၆၈၃)ဦးရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္တြင္း ၂၀၁၅- ၂၀၁၆ ဘ႑ာႏွစ္တြင္ ဟိုတယ္၊ တည္းခိုရိပ္သာ (၂၅၆)လံုး၊ အိပ္ခန္းေပါင္း(၈,၁၉၆)ခန္း၊ ၂၀၁၆- ၂၀၁၇ ဘ႑ာႏွစ္တြင္ ဟိုတယ္၊တည္းခိုရိပ္သာ (၃၀၁)လံုး၊ အိပ္ခန္းေပါင္း (၉,၆၆၇) ခန္းရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေဒသတြင္း ၂၀၁၇- ၂၀၁၈ ဘ႑ာႏွစ္ ေမလအထိ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာလိုင္စင္ (၃၀၆)လံုး၊ ခရီးလွည္႕လည္ေရးလုပ္ငန္းလိုင္စင္(၇၈)ခု၊ ဧည့္လမ္းညြန္လိုင္စင္ (၁၁,၉၉၀)၊ ပို႔ေဆာင္ေရးလိုင္စင္ (ကား) နံပါတ္အျပာ (၂၈၂)စီး၊ အသိအမွတ္ျပဳ(ကား)နံပါတ္အနီ (၃၅၁) စီးႏွင့္ ပို႕ေဆာင္ေရးလိုင္စင္ (စက္ေလွ) (၁၁၇၁)စီး ရွိေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ရပ်ရွာလူထုအခြပြေု ခရီးသွားလုပ်ငန်း တိုးချဲ့လုပ်ဆောင်နိုင်ရေးအတွက် ခရီးစဉ်သစ်များကို ရှာဖွေ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ထံမှ သိရသည်။

ရှမ်းပြည်နယ်တွင်း ရွာငံ၊ ပင်းတယဒေသ၊ ရှေးဟောင်းပြဒါးလင်းဂူ၊ သဘာဝရေတံခွန်၊ ရပြောအိုင်၊ သဘာဝလှိုဏ်ဂူများအား ခရီးစဉ်သစ်များ အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများတွင်လည်း ခရီးစဉ်သစ်များ ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ခရီးသွားလုပ်ငန်းက တစ်ကယ်တမ်းပြောရရင် မီးခိုးမထွက်တဲ့ စက်မှုလုပ်ငန်းတစ်ခုဖြစ်တယ်။ အိမ်နီးနားချင်း နိုင်ငံတွေဆိုရင် မဟာဗျူဟာစီမံချက်ရေးဆွဲပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ဖို့အတွက် ကြိုးစားနကြေတယ်။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုတွေမှာဆို ခရီးသွားလုပ်ငန်း အရမ်းအောင်မြင်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ခရီးသွားလုပ်ငန်း ကျဆင်းရတဲ့ အကြောင်းရင်းက အရင်ခေတ်အဆက်ဆက်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေကလည်း အဓိက အဟန့်အတားဖြစ်စေတယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာတော့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ အဓိကဆောင်ရွက်နေပါတယ်” ဟု ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေဒေသရှိ ဟိုလတ်(အာခါရွာ)၊ နောင်ချို (ဝရွာ)၊ ပန်ခါး(လားဟူရွာ) တို့အား လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်ရှိ ပန်ခမ်း၊ မန်လွယ်၊ ထန်စမ့်၊ ကျောက်မဲမြို့နယ်ရှိ ပျူရှော၊ နောင်ပစ်၊ လွယ်ဆာရွာတို့အား လည်းကောင်း ရပ်ရွာလူထု အခြပြေုခရီးသွား လုပ်ငန်းဖော်ဆောင်ရန် လျာထားကြောင်း သိရသည်။

“ကျွန်တော်တို့ ခရီးသွားလုပ်ငန်းမှာက ပုံမှန်အားဖြင့် ပုဂံ၊ အင်းလေးနဲ့ ခရီးသွားလုပ်ငန်း ဆောင်ရွက်လို့ မဖြစ်တော့ဘူး။ ခရီးစဉ် အသစ်တွေ ရှာဖွေဖော်ထုတ်တော့မယ်။ ရှမ်းပြည်မှာက နိုင်ငံခြားခရီးသည်တွေကို ဆွဲဆောင် နိုင်မယ့် နေရာတွေ အများကြီးရှိပါတယ်။ ခရီးစဉ်သစ်တွေရှာပြီးတဲ့ အချိန်မှာ အိမ်နီးနားချင်း နိုင်ငံတွေမှာ ဈေးကွက် ရှာမယ်။ ပြည်ပနိုင်ငံက ရှယ်ယာတွေ ပါဝင်နိုင်ဖို့အတွက် ကျွန်တော်တို့ ခရီးသွားမြှင့်တင်ရေး ကော်မတီတစ်ခု ဖွဲ့စည်းထားပါတယ်။ အစိုးရအဖွဲ့အနေနဲ့တော့ ကော်မတီမှာ မပါဝင်ပါဘူး။ ကျွန်တော်တို့က ဦးဆောင်လုပ်ပေးမှာပါ။ ခရီးသွားလုပ်ငန်းက အလွှာပေါင်းစုံကို စီးဆင်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှ ခရီးသွားလုပ်ငန်းအောင်မြင်မှာပါ” ဟု ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

အဆိုပါ ခရီးသွားမြှင့်တင်ရေးကော်မတီကို ဇွန်လ (၁၄) ရက်နေ့က ညောင်ရွှမြေို့တွင် ရှမ်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များဖြင့် စုပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း လာရောက်လည်ပတ်သူ အရေအတွက်မှာ ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွား (၇၉၁,၆၄၆)ဦးနှင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ခရီးသွား (၁,ဝ၃၃,၆၈၃)ဦးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင်း ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ဟိုတယ်၊ တည်းခိုရိပ်သာ (၂၅၆)လုံး၊ အိပ်ခန်းပေါင်း(၈,၁၉၆)ခန်း၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ဟိုတယ်၊တည်းခိုရိပ်သာ (၃၀၁)လုံး၊ အိပ်ခန်းပေါင်း (၉,၆၆၇) ခန်းရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်ဒေသတွင်း ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် မေလအထိ ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင် (၃၀၆)လုံး၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်(၇၈)ခု၊ ဧည့်လမ်းညွန်လိုင်စင် (၁၁,၉၉၀)၊ ပို့ဆောင်ရေးလိုင်စင် (ကား) နံပါတ်အပြာ (၂၈၂)စီး၊ အသိအမှတ်ပြု(ကား)နံပါတ်အနီ (၃၅၁) စီးနှင့် ပို့ဆောင်ရေးလိုင်စင် (စက်လှေ) (၁၁၇၁)စီး ရှိကြောင်း သိရသည်။

သတင်း - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~