မေကြးနည္းပညာ အထက္တန္းေက်ာင္းတြင္ ဖြင့္လွစ္မည့္ ဆိုင္ကယ္ျပင္သင္တန္းသို႔ အခမဲ့ တက္ေရာက္ႏုိင္

မေကြးနည္းပညာ အထက္တန္းေက်ာင္းတြင္ ဖြင့္လွစ္မည့္ ဆိုင္ကယ္ျပင္သင္တန္းသို႔ အခမဲ့ တက္ေရာက္ႏုိင္
ဇွန် 22, 2017
By Tachileik News Agency

Switzerland အေျခစိုက္ NGO အဖြဲ႔အစည္း ျဖစ္ေသာ HELVETAS Myanmar ၏ အေထာက္အပံ့ျဖင့္ အစိုးရနည္းပညာ အထက္တန္းေက်ာင္း(မေကြး)တြင္ ဖြင့္လွစ္မည့္ ဆိုင္ကယ္ျပင္သင္တန္းသို႔ ဇူလိုင္လ (၅)ရက္ေန႔ ေနာက္ဆံုးထား ေလွ်ာက္ထားႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းအား အစိုးရနည္းပညာအထက္တန္းေက်ာင္း(မေကြး)ႏွင့္ ရန္ကုန္ ေမာ္ေတာ္ ဆိုင္ကယ္ျပင္ဆိုင္ (မင္းလွ) တို႔ ပူးေပါင္းဖြင့္လွစ္မည္ျဖစ္ၿပီး ဇူလိုင္လ (၈)ရက္ေန႔မွ စက္တင္ဘာလ (၉)ရက္ေန႔အထိ ၾကာျမင့္မည္ ျဖစ္ေၾကာင္း သိရသည္။

“မေကြးသင္တန္းေက်ာင္းမွာ စာေတြ႔ ႏွစ္ရက္၊ မင္းလွက အလုပ္ရံုမွာ လက္ေတြ႔ ေလးရက္ သင္ၾကား ေပးမွာပါ။ သင္တန္းေၾကး အခမဲ႔ျဖစ္ၿပီး ေနရာထိုင္ခင္းနဲ႔ မေကြး - မင္းလွ သြားေရးလာေရး အတြက္ သင္တန္းက စီစဥ္ေပးမွာပါ။ ေကာင္းမြန္စြာ သင္တန္း တက္ေရာက္ၿပီးဆံုးတဲ႔အခါမွာ ပညာေရးဝန္ႀကီးဌာန၊ နည္းပညာနဲ႔ သက္ေမြးပညာဦးစီးဌာနကထုတ္ေပးတဲ႔ Polytechnic Certificate ေပးအပ္ခ်ီးျမွင့္မွာပါ”ဟု အစိုးရနည္းပညာအထက္တန္းေက်ာင္း(မေကြး) ေက်ာင္းအုပ္ႀကီး ဦးသက္ႏိုင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

သင္တန္းတက္ေရာက္လိုသူမ်ား အေနျဖင္႔ အနိမ္႔ဆံုးေလးတန္း ေအာင္ထားသူျဖစ္ၿပီး ဆိုင္ကယ္ျပဳျပင္ျခင္း အတတ္ပညာအား စိတ္ဝင္စားသူ၊ သင္တန္းၿပီးဆံုးပါက ဆိုင္ကယ္ျပဳျပင္ျခင္းအတတ္ပညာကို အမွန္ တကယ္ ျပန္လည္အသံုးခ်လိုသူ၊ သင္တန္းမွခ်မွတ္ေသာ စည္းကမ္းမ်ားကို လိုက္နာနိုင္သူ၊ သင္တန္းၿပီးဆံုးသည္ အထိ တက္ေရာက္နိုင္သူျဖစ္ရမည္ဟု သတ္မွတ္ထားေၾကာင္း သိရသည္။

“သင္တန္းသားေဖာင္ေတြကို ဇြန္ (၂၂) ရက္ကေန ဇူလိုင္လ (၅)ရက္ေန႔အထိ GTHS မေကြးနဲ႔ မင္းလွၿမိဳ႕က ရန္ကုန္ ဆိုင္ကယ္ျပင္ဆိုင္မွာ အခမဲ႔ ထုတ္ယူၿပီး ဇူလိုင္လ (၆) ရက္ေန႔မွာ လူေတြ႔ စစ္ေဆးမႈျပဳလုပ္မွာျဖစ္ပါတယ္။ သင္တန္းသား အေယာက္ (၂၀) ေရြးခ်ယ္မွာျဖစ္ၿပီး တက္ေရာက္ခြင္႔ ရတဲ႔ သင္တန္းသားေတြကို ဇူလိုင္လ (၇)ရက္မွာ အစိုးရနည္းပညာအထက္တန္းေက်ာင္း(မေကြး)ေၾကာ္ျငာဘုတ္ကေန ထုတ္ျပန္ေပးမွာ ျဖစ္ပါတယ္”ဟု ေက်ာင္းအုပ္ႀကီးက ေျပာသည္။

အစိုးရနည္းပညာ အထက္တန္းေက်ာင္း(မေကြး)မွ ေဒသ၏ လူ႔စြမ္းအားအရင္းအျမစ္မ်ား ျပဳန္းတီးမႈ မရိွေစေရးအတြက္ ဘက္စံုသက္ေမြးပညာသင္ဌာန ဖြင္႔လွစ္၍ ျပဳစုပ်ိဳးေထာင္လ်က္ရိွေနရာ ကာလတို သင္တန္းမ်ားအေနျဖင္႔ အေျခခံကြန္ပ်ဴတာသင္တန္း၊ လယ္ယာသံုးစက္ပစၥည္းက္ရိယာမ်ား ျပဳျပင္ ထိန္းသိမ္းမႈသင္တန္း၊ အေျခခံဒီဇယ္ႏွင္႔ ဓာတ္ဆီအင္ဂ်င္ျပဳျပင္မႈသင္တန္း၊ အိမ္တြင္း လွ်ပ္စစ္ သြယ္တန္းျခင္းႏွင္႔ ျပဳျပင္ထိန္းသိမ္းျခင္းသင္တန္း၊ အေျခခံေျမတိုင္းတာျခင္းသင္တန္း အစရိွသည့္ သင္တန္းမ်ားကို အခမဲ႔သင္ၾကားေပးလ်က္ရိွေနၿပီး ယခုအခါ ဆိုင္ကယ္ျပင္ သင္တန္း အပတ္စဥ္(၁)ကို ဖြင္႔လွစ္ပို႔ခ်မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

Switzerland အခြေစိုက် NGO အဖွဲ့အစည်း ဖြစ်သော HELVETAS Myanmar၏ အထောက်အပံ့ဖြင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)တွင် ဖွင့်လှစ်မည့် ဆိုင်ကယ်ပြင်သင်တန်းသို့ ဇူလိုင်လ (၅)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)နှင့် ရန်ကုန် မော်တော် ဆိုင်ကယ်ပြင်ဆိုင် (မင်းလှ) တို့ ပူးပေါင်းဖွင့်လှစ်မည်ဖြစ်ပြီး ဇူလိုင်လ (၈)ရက်နေ့မှ စက်တင်ဘာလ (၉)ရက်နေ့အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

“မကွေးသင်တန်းကျောင်းမှာ စာတွေ့ နှစ်ရက်၊ မင်းလှက အလုပ်ရုံမှာ လက်တွေ့ လေးရက် သင်ကြား ပေးမှာပါ။ သင်တန်းကြေး အခမဲ့ဖြစ်ပြီး နေရာထိုင်ခင်းနဲ့ မကွေး - မင်းလှ သွားရေးလာရေး အတွက် သင်တန်းက စီစဉ်ပေးမှာပါ။ ကောင်းမွန်စွာ သင်တန်း တက်ရောက်ပြီးဆုံးတဲ့အခါမှာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာနဲ့ သက်မွေးပညာဦးစီးဌာနကထုတ်ပေးတဲ့ Polytechnic Certificate ပေးအပ်ချီးမြှင့်မှာပါ”ဟု အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) ကျောင်းအုပ်ကြီး ဦးသက်နိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

သင်တန်းတက်ရောက်လိုသူများ အနဖြေင့် အနိမ့်ဆုံးလေးတန်း အောင်ထားသူဖြစ်ပြီး ဆိုင်ကယ်ပြုပြင်ခြင်း အတတ်ပညာအား စိတ်ဝင်စားသူ၊ သင်တန်းပြီးဆုံးပါက ဆိုင်ကယ်ပြုပြင်ခြင်းအတတ်ပညာကို အမှန် တကယ် ပြန်လည်အသုံးချလိုသူ၊ သင်တန်းမှချမှတ်သော စည်းကမ်းများကို လိုက်နာနိုင်သူ၊ သင်တန်းပြီးဆုံးသည် အထိ တက်ရောက်နိုင်သူဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

“သင်တန်းသားဖောင်တွေကို ဇွန် (၂၂) ရက်ကနေ ဇူလိုင်လ (၅)ရက်နေ့အထိ GTHS မကွေးနဲ့ မင်းလှမြို့က ရန်ကုန် ဆိုင်ကယ်ပြင်ဆိုင်မှာ အခမဲ့ ထုတ်ယူပြီး ဇူလိုင်လ (၆) ရက်နေ့မှာ လူတွေ့ စစ်ဆေးမှုပြုလုပ်မှာဖြစ်ပါတယ်။ သင်တန်းသား အယောက် (၂၀) ရွေးချယ်မှာဖြစ်ပြီး တက်ရောက်ခွင့် ရတဲ့ သင်တန်းသားတွေကို ဇူလိုင်လ (၇)ရက်မှာ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)ကြော်ငြာဘုတ်ကနေ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်”ဟု ကျောင်းအုပ်ကြီးက ပြောသည်။

အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)မှ ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ပြုန်းတီးမှု မရှိစေရေးအတွက် ဘက်စုံသက်မွေးပညာသင်ဌာန ဖွင့်လှစ်၍ ပြုစုပျိုးထောင်လျက်ရှိနေရာ ကာလတို သင်တန်းများအနဖြေင့် အခြေခံကွန်ပျူတာသင်တန်း၊ လယ်ယာသုံးစက်ပစ္စည်းက်ရိယာများ ပြုပြင် ထိန်းသိမ်းမှုသင်တန်း၊ အခြေခံဒီဇယ်နှင့် ဓာတ်ဆီအင်ဂျင်ပြုပြင်မှုသင်တန်း၊ အိမ်တွင်း လျှပ်စစ် သွယ်တန်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ အခြေခံမြေတိုင်းတာခြင်းသင်တန်း အစရှိသည့် သင်တန်းများကို အခမဲ့သင်ကြားပေးလျက်ရှိနပြေီး ယခုအခါ ဆိုင်ကယ်ပြင် သင်တန်း အပတ်စဉ်(၁)ကို ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~