Update News

တာခ်ီလိတ္၌္ TBA မွ က်င္းပသည့္ ဒုတိယအႀကိမ္ေျမာက္ ကာယဗလႏွင့္ ကာယႀက့ံခိုင္မႈ ၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲ၀င္ (၆၅)ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္

တာခ်ီလိတ္ၿမဳိ႕ ေအာင္ျမတ္ခန္းမတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ကာယဗလႏွင့္ ကာယအလွဝါသနာရွင္မ်ား အသင္း(TBA)က ဒုတိယအႀကိမ္အျဖစ္ ႀကီးမွဴးၿပီး အိုလံပစ္ေန႔ အထိမ္းအမွတ္အျဖစ္ ဇြန္လ(၁၀)ရက္ေန႔ ညပိုင္းက က်င္းပသည့္ ကာယဗလႏွင့္ ကာယႀက့ံခိုင္မႈ လူသစ္တန္း ဖိတ္ေခၚျပဳိင္ပဲြတြင္ ၿပိဳင္ပြဲ၀င္စုစုေပါင္း (၆၅)ဦး ၀င္ေရာက္ယွဥ္ၿပိဳင္ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲအား ရွမ္း(အေရွ႕)ကာယႀကံ႕ခိုင္မႈေမာင္(လူသစ္တန္း) တြင္ (၂၂)ဦး၊ ရွမ္း(အေရွ႕)ကာယႀကံ႕ခိုင္မႈေမာင္ 170CM အထက္ တြင္ (၈)ဦး၊ ရွမ္း(အေရွ႕)ကာယႀကံ႕ခိုင္မႈေမာင္ 170CM ေအာက္ တြင္ (၇)ဦး၊၊ ကာယဗလတြင္ (၈)ဦး၊ ကာယဗလ အလြတ္တန္း 70KG အထက္ တြင္ (၁၀)ဦး ႏွင့္ ကာယဗလ အလြတ္တန္း 70KG ေအာက္တြင္ (၁၀)ဦး စသည့္ အမ်ဳိးအစားမ်ား သတ္မွတ္၍ ျပဳလုပ္ရာ ၿပိဳင္ပြဲ၀င္ စုစုေပါင္း (၆၅)ဦး ၀င္ေရာက္ယွဥ္ၿပိဳင္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲသို႔ စစ္ဗ်ဴဟာအဖြဲ႔ ( အေျခခ် ) တာခ်ီလိတ္ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ခရိုင္လ၀ကမွဴး ဦးေက်ာ္ေမာ္ထြန္း၊ ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီးထိန္၀င္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ကာယဗလႏွင့္ကာယအလွဝါသနာရွင္မ်ားအသင္း(TBA) ဥကၠဌ ဦးစိုင္းစြမ္၀ဒ္ အပါအ၀င္ နာယကႏွင့္ အသင္း၀င္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ကာယဗလ ၀ါသနာရွင္မ်ား တက္ေရာက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ကာယဗလႏွင့္ကာယအလွဝါသနာရွင္မ်ားအသင္း(TBA)က ပထမအႀကိမ္အျဖစ္ ၂၀၁၆ခုႏွစ္ ဇြန္လ(၄)ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ၿပီး ယခု ၿပိဳင္ပြဲမွာ အဆိုပါ အသင္း၏ ဒုတိယအႀကိမ္ေျမာက္ ၿပိဳင္ပြဲျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ





















~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တာချီလိတ်မြို့နယ်ကာယဗလနှင့် ကာယအလှဝါသနာရှင်များ အသင်း(TBA)က ဒုတိယအကြိမ်အဖြစ် ကြီးမှူးပြီး အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ(၁၀)ရက်နေ့ ညပိုင်းက ကျင်းပသည့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု လူသစ်တန်း ဖိတ်ခေါ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်စုစုပေါင်း (၆၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား ရှမ်း(အရှေ့)ကာယကြံ့ခိုင်မှုမောင်(လူသစ်တန်း) တွင် (၂၂)ဦး၊ ရှမ်း(အရှေ့)ကာယကြံ့ခိုင်မှုမောင် 170CM အထက် တွင် (၈)ဦး၊ ရှမ်း(အရှေ့)ကာယကြံ့ခိုင်မှုမောင် 170CM အောက် တွင် (၇)ဦး၊ ကာယဗလတွင် (၈)ဦး၊ ကာယဗလ အလွတ်တန်း 70KG အထက် တွင် (၁၀)ဦး နှင့် ကာယဗလ အလွတ်တန်း 70KG အောက်တွင် (၁၀)ဦး စသည့် အမျိုးအစားများ သတ်မှတ်၍ ပြုလုပ်ရာ ပြိုင်ပွဲဝင် စုစုပေါင်း (၆၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ စစ်ဗျူဟာအဖွဲ့ ( အခြေချ ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်လဝကမှူး ဦးကျော်မော်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း နှင့် တာချီလိတ်မြို့နယ်ကာယဗလနှင့်ကာယအလှဝါသနာရှင်များအသင်း(TBA) ဥက္ကဌ ဦးစိုင်းစွမ်ဝဒ် အပါအဝင် နာယကနှင့် အသင်းဝင်များ၊ ဖိတ်ကြားထားသူများနှင့် ကာယဗလ ဝါသနာရှင်များ တက်ရောက်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ကာယဗလနှင့်ကာယအလှဝါသနာရှင်များအသင်း(TBA)က ပထမအကြိမ်အဖြစ် ၂၀၁၆ခုနှစ် ဇွန်လ(၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ယခု ပြိုင်ပွဲမှာ အဆိုပါ အသင်း၏ ဒုတိယအကြိမ်မြောက် ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။


သတင်း/ဓာတ်ပုံ - #ဇောင်းညီ


 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::