မိုင်းဆတ် နှင့် မိုင်းတုံတို့တွင် ဘဏ္ဍာရန်ပုံငွေကျပ်သန်း ၇၀၀၀ ကျော်ဖြင့် အကောင်အထည်ဖေါ်မည့် လုပ်ငန်းများ လွှဲပြောင်း

မိုင်းဆတ် နှင့် မိုင်းတုံတို့တွင် ဘဏ္ဍာရန်ပုံငွေကျပ်သန်း ၇၀၀၀ ကျော်ဖြင့် အကောင်အထည်ဖေါ်မည့် လုပ်ငန်းများ လွှဲပြောင်း
ဇှနျ 20, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် (၇၃၂၆ ဒဿမ ၁၆၆ )သန်း ခွင့်ပြုငွေဖြင့် လုပ်ဆောင်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇွန်လ (၂၀)ရက်နေ့တွင် ရှင်းလင်းကြောင်း သိရသည်။

အဆိုပါ ခွင့်ပြုဘဏ္ဍာငွေဖြင့် ရေ ရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတား၊ ရေပြွန်၊ အခြေခံ အဆောက်အအုံ အပါအဝင် လုပ်ငန်း စုစုပေါင်း(၈၆)ခု လုပ်ဆောင်မည်ဖြစ်ပြီး မိုင်းဆတ်ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီက တာဝန်ရှိသူများအား လုပ်ငန်းတာဝန် လွှဲပြောင်း ပေးအပ်ကြောင်း သိရသည်။


သတင်း - သန်းဇော်ဦး

`
~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် (၇၃၂၆ ဒဿမ ၁၆၆ )သန်း ခွင့်ပြုငွဖြေင့် လုပ်ဆောင်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇွန်လ (၂၀)ရက်နေ့တွင် ရှင်းလင်းကြောင်း သိရသည်။

အဆိုပါ ခွင့်ပြုဘဏ္ဍာငွဖြေင့် ရေ ရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတား၊ ရပြွေန်၊ အခြေခံ အဆောက်အအုံ အပါအဝင် လုပ်ငန်း စုစုပေါင်း(၈၆)ခု လုပ်ဆောင်မည်ဖြစ်ပြီး မိုင်းဆတ်ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီက တာဝန်ရှိသူများအား လုပ်ငန်းတာဝန် လွှဲပြောင်း ပေးအပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးသန်းငွေနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~