ရွမ္း/ေျမာက္တိုင္းရင္းေဆးထုတ္လုပ္သူမ်ားႏွင့္ ေဆးလုပ္ငန္းရွင္မ်ားအသင္းဖြဲ႕စည္း

ရွမ္း/ေျမာက္တိုင္းရင္းေဆးထုတ္လုပ္သူမ်ားႏွင့္ ေဆးလုပ္ငန္းရွင္မ်ားအသင္းဖြဲ႕စည္း
ဇွန် 22, 2017
By Tachileik News Agency

တိုင္းရင္းေဆးထုတ္လုပ္သည့္ လုပ္ငန္းဆိုင္ရာ အခက္အခဲမ်ား ပူးေပါင္းေျဖရွင္းႏုိင္ေရးအတြက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တိုင္းရင္းေဆးဝါးထုတ္လုပ္သူမ်ားႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံတိုင္းရင္းေဆးထုတ္လုပ္သူမ်ားနဲ႔ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းကို အခုစၿပီးေတာ့ ဖြဲ႔စည္းတာ ျဖစ္ပါတယ္။ အသင္းဖြဲ႔ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ တိုင္းရင္းေဆးဝါးထုတ္လုပ္သူေတြမွာ အခက္အခဲ တစ္စံု တစ္ရာ ရွိလာတာတို႔၊ တိုင္းရင္းေဆးဝါးအတုေတြရွိေနတာေတြ ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ အဓိက ရည္ရြယ္တာ ျဖစ္ပါတယ္”ဟု အသင္းျဖစ္ေျမာက္ေရး ေဆာင္ရြက္ေနသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တာဝန္ခံ ဦးသိန္းလႈိင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုတ္လုပ္ထားသည့္ တိုင္းရင္းေဆးမ်ားအား သုေတသနလုပ္ျခင္း၊ မွတ္တမ္းတင္ျခင္း၊ ေဆးဝါးအတု ထုတ္လုပ္ျခင္းအား တားျမစ္ျခင္းတို႔ကို လုပ္ေဆာင္ႏုိင္ရန္အတြက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ရွိ တိုင္းရင္းေဆးလုပ္ငန္းရွင္မ်ား ဇြန္လ (၂၁)ရက္ေန႔က ေတြ႕ဆံုညိႇႏိႈင္းၿပီး ဖြဲ႕စည္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“အသင္းကဝိုင္းၿပီးေတာ့ ကူညီေပးႏိုင္ဖို႔အတြက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွာရွိတဲ့ တိုင္းရင္းေဆးဝါး ထုတ္လုပ္ေရာင္းခ်သူေတြကို အသင္းဝင္ႏိုင္ေစဖို႔အတြက္ ကြ်န္ေတာ္လားရႈိးကေန ဒီလိုလာၿပီး ေဆြးေႏြးတာျဖစ္ပါတယ္။ အျခားၿမိဳ႕ေတြမွာေတာ့ မလုပ္ရေသးပါဘူး။ ရန္ကုန္မွာေတာ့ အသင္းဖြဲ႔ထားၿပီးပါၿပီ။ က်န္တဲ့ ၿမိဳ့နယ္ေတြမွာလည္း ဒီလိုေဆြးေႏြးေပးသြားဦးမွာျဖစ္ပါတယ္”ဟု ဦးသိန္းလႈိင္က ေျပာသည္။

တိုင္းရင္းေဆးဝါးမ်ားအား ထုတ္လုပ္ေရာင္းခ်သည့္လုပ္ငန္းမ်ားတြင္ ပိုမိုေခ်ာေမြ႔ျမန္ဆန္လာေစရန္၊ အဆင့္အတန္း ပိုမိုျမင့္မားစြာထုတ္လုပ္ႏိုင္ေစရန္၊ ေဆးဝါးထုတ္လုပ္ရာတြင္ျဖစ္ေပၚတတ္သည့္ အခက္အခဲမ်ားအား ထုတ္လုပ္သူ အခ်င္းခ်င္းညွိႏႈိင္းတိုင္ပင္၍ ေျဖရွင္းႏိုင္ရန္အတြက္ အစုအဖြဲ႔တစ္ရပ္အျဖစ္ ေပၚေပါက္လာေစရန္ ရည္ရြယ္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“တိုင္းရင္းေဆးပညာသင္တန္းေတြလည္း ရွားပါးတဲ့အတြက္ တိုင္းရင္းေဆးေတြ တိမ္ေကာ ပေပ်ာက္မွာကိုလည္း စိုးရိမ္ရတယ္။ အခက္အခဲေတြအမ်ားႀကီးရွိပါတယ္”ဟု ေက်ာက္မဲၿမိဳ႕မွ တိုင္းရင္းေဆးထုတ္လုပ္သည့္ နန္းစစ္ႏြမ္းက ေျပာသည္။

အသင္းျဖစ္ေျမာက္ေရးေဆြးေႏြးပဲြသို႔ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တန္႔ယန္းၿမိဳ႕၊ လားရိႈးၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕နယ္ အတြင္းရွိ တိုင္းရင္းေဆးဝါးထုတ္လုပ္သူ (၁၇)ဦး တက္ေရာက္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

တိုင်းရင်းဆေးထုတ်လုပ်သည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများ ပူးပေါင်းဖြေရှင်းနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

“မြန်မာနိုင်ငံတိုင်းရင်းဆေးထုတ်လုပ်သူများနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကို အခုစပြီးတော့ ဖွဲ့စည်းတာ ဖြစ်ပါတယ်။ အသင်းဖွဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းရင်းဆေးဝါးထုတ်လုပ်သူတွေမှာ အခက်အခဲ တစ်စုံ တစ်ရာ ရှိလာတာတို့၊ တိုင်းရင်းဆေးဝါးအတုတွေရှိနေတာတွေ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်”ဟု အသင်းဖြစ်မြောက်ရေး ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးသိန်းလှိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထုတ်လုပ်ထားသည့် တိုင်းရင်းဆေးများအား သုတေသနလုပ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆေးဝါးအတု ထုတ်လုပ်ခြင်းအား တားမြစ်ခြင်းတို့ကို လုပ်ဆောင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တိုင်းရင်းဆေးလုပ်ငန်းရှင်များ ဇွန်လ (၂၁)ရက်နေ့က တွေ့ဆုံညှိနှိုင်းပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အသင်းကဝိုင်းပြီးတော့ ကူညီပေးနိုင်ဖို့အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာရှိတဲ့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူတွေကို အသင်းဝင်နိုင်စေဖို့အတွက် ကျွန်တော်လားရှိုးကနေ ဒီလိုလာပြီး ဆွေးနွေးတာဖြစ်ပါတယ်။ အခြားမြို့တွေမှာတော့ မလုပ်ရသေးပါဘူး။ ရန်ကုန်မှာတော့ အသင်းဖွဲ့ထားပြီးပါပြီ။ ကျန်တဲ့ မြို့နယ်တွေမှာလည်း ဒီလိုဆွေးနွေးပေးသွားဦးမှာဖြစ်ပါတယ်”ဟု ဦးသိန်းလှိုင်က ပြောသည်။

တိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများတွင် ပိုမိုချောမွေ့မြန်ဆန်လာစေရန်၊ အဆင့်အတန်း ပိုမိုမြင့်မားစွာထုတ်လုပ်နိုင်စေရန်၊ ဆေးဝါးထုတ်လုပ်ရာတွင်ဖြစ်ပေါ်တတ်သည့် အခက်အခဲများအား ထုတ်လုပ်သူ အချင်းချင်းညှိနှိုင်းတိုင်ပင်၍ ဖြေရှင်းနိုင်ရန်အတွက် အစုအဖွဲ့တစ်ရပ်အဖြစ် ပေါ်ပေါက်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းရင်းဆေးပညာသင်တန်းတွေလည်း ရှားပါးတဲ့အတွက် တိုင်းရင်းဆေးတွေ တိမ်ကော ပပျောက်မှာကိုလည်း စိုးရိမ်ရတယ်။ အခက်အခဲတွေအများကြီးရှိပါတယ်”ဟု ကျောက်မဲမြို့မှ တိုင်းရင်းဆေးထုတ်လုပ်သည့် နန်းစစ်နွမ်းက ပြောသည်။

အသင်းဖြစ်မြောက်ရေးဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့၊ လားရှိုးမြို့၊ ကျောက်မဲမြို့နယ် အတွင်းရှိ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ (၁၇)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~