တာခ်ီလိတ္ - ၀မ္ပံုသြား လမ္းေဘးရွိ လယ္ထဲတြင္ အမည္မသိ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုး

တာခ်ီလိတ္ - ၀မ္ပံုသြား လမ္းေဘးရွိ လယ္ထဲတြင္ အမည္မသိ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုး
ဇွန် 16, 2017
By Tachileik News Agency

တာခ်ီလိတ္ - ၀မ္ပံုသြား ကားလမ္းေဘး လယ္ကြက္မ်ားအၾကားရွိ ေရေျမာင္းထဲတြင္ အမည္မသိ အမ်ဳိးသားအေလာင္း တစ္ေလာင္းအား ဇြန္လ(၁၆)ရက္ေန႔ နံနက္က ေတြ႕ရွိရ၍ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔က စစ္ေဆးမႈမ်ား ျပဳလုပ္ရာ ျပင္ပ ဒဏ္ရာတစ္စံုတစ္ရာ မေတြ႕ရွိရ၍ ေရနစ္ေသဆံုးျခင္း ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ေဆခမ္းရပ္ကြက္ရွိ ၀မ္ေဟာင္ရြာ၊ တာခ်ီလိတ္ - ၀မ္ပံုသြား ကားလမ္းမေဘး လယ္ကြက္မ်ား အၾကားရွိ ေရေျမာင္းထဲတြင္ အမ်ဳိးသားတစ္ဦး ေသဆံုးေၾကာင္းကို လယ္လုပ္သားတစ္ဦးက သက္ဆိုင္ရာသို႔ အသိေပးခ်က္အရ သိရွိရ၍ သက္ဆိုင္ရာမွ သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာ ေသဆံုးသူသည္ အက်ယ္(၅)ေပခန္႔ ႏွင့္ အနက္(၄)ေပခန္႕ရွိသည့္ ေရမ်က္ႏွာျပင္ႏွင့္ လယ္ကန္သင္း အျမင့္တို႔တြင္ ပက္လက္အေနအထားျဖင့္ ေရနစ္ေသဆံုးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာ အနီးတြင္ လယ္ေစာင့္တဲ(၁)လံုးရွိေၾကာင္း၊ အဆိုပါ တဲေဘးတြင္ အ၀တ္အစားမ်ားႏွင့္ အရက္ အနည္းငယ္ပါသည့္ အရက္ပုလင္း (၁)လံုးထည့္ထားသည့္ ေက်ာပိုးအိတ္(၁)လံုးတို႔အား စစ္ေဆးေတြ႕ရွိရသည့္ အျပင္ ေသဆံုးသူသည္ လြန္ခဲ့ေသာ တစ္ပတ္ခန္႔က ကားလမ္းမေပၚတြင္ အေျခအေနမဲ့ သြားလာ ေတာင္းရမ္းစားေသာက္ၿပီး ညအခ်ိန္တြင္ လူမေနသည့္ လမ္းေဘးတဲမ်ားတြင္ အိပ္စက္ေလ့ရွိသူျဖစ္ေၾကာင္းကို စံုစမ္းသိရွိရေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ေသဆံုးသူမွာ မည္သူမည္၀ါဆိုသည္ကို စံုစမ္းေနေၾကာင္းႏွင့္ အသက္မွာ (၃၀)၀န္းက်င္ရွိၿပီျဖစ္ေၾကာင္း အျပင္ လြန္ခဲ့ေသာညက လယ္ေစာင့္တဲေပၚတြင္ ရွိခဲ့ၿပီး အရက္ေသစာ ေသာက္စား မူးယစ္ကာ ေရေျမာင္းအတြင္းရွိ ေရကို ကုန္းခတ္ရာမွ ေရထဲသို႔ ျပဳတ္က်ကာ ေရနစ္ ေသဆံုးျခင္း ျဖစ္ႏိုင္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦး၏ သံုးသပ္ခ်က္အရ သိရသည္။

ေသဆံုးသူ၏ ရုပ္အေလာင္းအား ဆက္လက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ အခင္းျဖစ္ပြားရာ ေနရာမွ တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းက သယ္ယူပို႔ေဆာင္ ေပးထားရွိေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၂၅/၂၀၁၇ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ် - ဝမ်ပုံသွား ကားလမ်းဘေး လယ်ကွက်များအကြားရှိ ရေမြောင်းထဲတွင် အမည်မသိ အမျိုးသားအလောင်း တစ်လောင်းအား ဇွန်လ(၁၆)ရက်နေ့ နံနက်က တွေ့ရှိရ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ရာ ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရ၍ ရေနစ်သေဆုံးခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ ဝမ်ဟောင်ရွာ၊ တာချီလိတ် - ဝမ်ပုံသွား ကားလမ်းမဘေး လယ်ကွက်များ အကြားရှိ ရေမြောင်းထဲတွင် အမျိုးသားတစ်ဦး သေဆုံးကြောင်းကို လယ်လုပ်သားတစ်ဦးက သက်ဆိုင်ရာသို့ အသိပေးချက်အရ သိရှိရ၍ သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာ သေဆုံးသူသည် အကျယ်(၅)ပေခန့် နှင့် အနက်(၄)ပေခန့်ရှိသည့် ရေမျက်နှာပြင်နှင့် လယ်ကန်သင်း အမြင့်တို့တွင် ပက်လက်အနေအထားဖြင့် ရေနစ်သေဆုံးနခြေင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ အနီးတွင် လယ်စောင့်တဲ(၁)လုံးရှိကြောင်း၊ အဆိုပါ တဲဘေးတွင် အဝတ်အစားများနှင့် အရက် အနည်းငယ်ပါသည့် အရက်ပုလင်း (၁)လုံးထည့်ထားသည့် ကျောပိုးအိတ်(၁)လုံးတို့အား စစ်ဆေးတွေ့ရှိရသည့် အပြင် သေဆုံးသူသည် လွန်ခဲ့သော တစ်ပတ်ခန့်က ကားလမ်းမပေါ်တွင် အခြေအနေမဲ့ သွားလာ တောင်းရမ်းစားသောက်ပြီး ညအချိန်တွင် လူမနေသည့် လမ်းဘေးတဲများတွင် အိပ်စက်လေ့ရှိသူဖြစ်ကြောင်းကို စုံစမ်းသိရှိရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ မည်သူမည်ဝါဆိုသည်ကို စုံစမ်းနေကြောင်းနှင့် အသက်မှာ (၃၀)ဝန်းကျင်ရှိပြီဖြစ်ကြောင်း အပြင် လွန်ခဲ့သောညက လယ်စောင့်တဲပေါ်တွင် ရှိခဲ့ပြီး အရက်သေစာ သောက်စား မူးယစ်ကာ ရေမြောင်းအတွင်းရှိ ရေကို ကုန်းခတ်ရာမှ ရေထဲသို့ ပြုတ်ကျကာ ရေနစ် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ သုံးသပ်ချက်အရ သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် အခင်းဖြစ်ပွားရာ နေရာမှ တာချီလိတ်ပြည်သူ့ဆေးရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းက သယ်ယူပို့ဆောင် ပေးထားရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၅/၂၀၁၇ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~