သီေပါတြင္ လွ်ပ္စစ္ေရေႏြးအိုး ျပဳျပင္ရာမွ အမ်ိဳးသားတစ္ဦး ဓါတ္လိုက္ေသဆံုး

သီေပါတြင္ လွ်ပ္စစ္ေရေႏြးအိုး ျပဳျပင္ရာမွ အမ်ိဳးသားတစ္ဦး ဓါတ္လိုက္ေသဆံုး
ဇွန် 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ၊ေဘာ္ႀကိဳေက်းရြာတြင္ ဇြန္လ (၉) ရက္ေန႔ ေန႔လယ္(၂)နာရီခြဲ၀န္းက်င္က လွ်ပ္စစ္ေရေႏြးအိုးျပဳျပင္ရာမွ အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆံုးသြားေၾကာင္း သိရသည္။

“ေသဆံုးသူကိုေတာ့ ျပည္သူ႔ေဆးရံုမွာ ပို႔ထားၿပီး စစ္ေဆးမႈေတြျပဳလုပ္ေနပါတယ္။ ဓမၼတာအတိုင္း ေသဆံုးတာလားဆိုတာ စစ္ေဆးေနပါတယ္”ဟု သီေပါၿမိဳ႕မရဲစခန္းမွ တာဝန္မွဴးရဲအရာရွိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီေပါၿမိဳ႕နယ္၊ေဘာ္ႀကိဳေက်းရြာမွ အသက္(၃၄)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးေနအိမ္၌ တစ္ဦးတည္းရွိေနစဥ္ လွ်ပ္စစ္ေရေႏြးအိုးအား ျပဳျပင္တပ္ဆင္ေနရာမွ ေနအိမ္သမံတလင္းမွတစ္ဆင့္ လွ်ပ္စစ္ကူး၍ ဓာတ္လိုက္ ေသဆံုး သြားျခင္းျဖစ္သည္ဟု ကနဦးစစ္ေဆးေတြ႔ရွိထားေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

“ေသဆံုးသူရဲ႕အမ်ိဳးသမီးက ကေလးေက်ာင္းသြားႀကိဳေနတယ္လို႔ သိရတယ္။ အဲဒီအမ်ိဳးသားက မိန္းေတြ ဘာေတြ မခ်ဘဲ လ်ွပ္စစ္ေရေႏြးအိုးကို ျပဳျပင္တပ္ဆင္ေနတဲ့အခ်ိန္မွာ လွ်ပ္စစ္ကူးၿပီး ဓာတ္လိုက္ ေသဆံုးသြားတာလို႔ ပတ္ဝန္းက်င္ကေန သိရပါတယ္။ ေသဆံုးသူကို နယ္စည္းမျခားအသင္းက သြားေရာက္သယ္ေဆာင္ၿပီး သီေပါၿမိဳ႕ျပည္သူ႔ေဆးရံုကိုပို႔ေဆာင္ေပးထားပါတယ္”ဟု နယ္စည္းမျခား ပရဟိတ လူမႈကူညီေရးအသင္း ( သီေပါၿမိဳ႕) မွ ကိုမ်ိဳးက ေျပာသည္။

အဆိုပါ ေသဆံုးမႈအား သီေပါၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၂၆ / ၂၀၁၇ ျဖင့္ အမႈဖြင့္လက္ခံထားေၾကာင္း သိရသည္။

သတင္း - #ေနၿဖဳိးျမင့္
ဓာတ္ပံု - ကိုမ်ိဳး -နယ္စည္းမျခား ပရဟိတ လူမႈကူညီေရးအသင္း ( သီေပါၿမိဳ႕)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ဘော်ကြိုကျေးရွာတွင် ဇွန်လ (၉) ရက်နေ့ နေ့လယ်(၂)နာရီခွဲဝန်းကျင်က လျှပ်စစ်ရေနွေးအိုးပြုပြင်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သိရသည်။

“သေဆုံးသူကိုတော့ ပြည်သူ့ဆေးရုံမှာ ပို့ထားပြီး စစ်ဆေးမှုတွပြေုလုပ်နေပါတယ်။ ဓမ္မတာအတိုင်း သေဆုံးတာလားဆိုတာ စစ်ဆေးနေပါတယ်”ဟု သီပေါမြို့မရဲစခန်းမှ တာဝန်မှူးရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါမြို့နယ်၊ဘော်ကြိုကျေးရွာမှ အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦးနေအိမ်၌ တစ်ဦးတည်းရှိနေစဉ် လျှပ်စစ်ရေနွေးအိုးအား ပြုပြင်တပ်ဆင်နေရာမှ နေအိမ်သမံတလင်းမှတစ်ဆင့် လျှပ်စစ်ကူး၍ ဓာတ်လိုက် သေဆုံး သွားခြင်းဖြစ်သည်ဟု ကနဦးစစ်ဆေးတွေ့ရှိထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“သေဆုံးသူရဲ့အမျိုးသမီးက ကလေးကျောင်းသွားကြိုနေတယ်လို့ သိရတယ်။ အဲဒီအမျိုးသားက မိန်းတွေ ဘာတွေ မချဘဲ လျှပ်စစ်ရေနွေးအိုးကို ပြုပြင်တပ်ဆင်နေတဲ့အချိန်မှာ လျှပ်စစ်ကူးပြီး ဓာတ်လိုက် သေဆုံးသွားတာလို့ ပတ်ဝန်းကျင်ကနေ သိရပါတယ်။ သေဆုံးသူကို နယ်စည်းမခြားအသင်းက သွားရောက်သယ်ဆောင်ပြီး သီပေါမြို့ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးထားပါတယ်”ဟု နယ်စည်းမခြား ပရဟိတ လူမှုကူညီရေးအသင်း ( သီပေါမြို့) မှ ကိုမျိုးက ပြောသည်။

အဆိုပါ သေဆုံးမှုအား သီပေါမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၆ / ၂၀၁၇ ဖြင့် အမှုဖွင့်လက်ခံထားကြောင်း သိရသည်။

သတင်း - #နဖြေိုးမြင့်
ဓာတ်ပုံ - ကိုမျိုး -နယ်စည်းမခြား ပရဟိတ လူမှုကူညီရေးအသင်း ( သီပေါမြို့)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~