တာခ်ီလိတ္တြင္ အမ်ဳိးသားတစ္ဦး တူမီးေသနတ္တိုျဖင့္ မိမိကိုယ္ကိုယ္ ပစ္သတ္ေသဆံုး

တာခ်ီလိတ္တြင္ အမ်ဳိးသားတစ္ဦး တူမီးေသနတ္တိုျဖင့္ မိမိကိုယ္ကိုယ္ ပစ္သတ္ေသဆံုး
ဇွန် 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္လံုးေက်းရြာအုပ္စု၊ ေဟြခိုက္ရြာ ၊ မိုးႏွင္းဘုရားအနီးရွိ ေနအိမ္တြင္ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ တူမီးေသနတ္တိုျဖင့္ ပစ္သတ္ေသဆံုးမႈ ဇြန္လ(၂၃)ရက္ေန႔ နံနက္(၁၀)နာရီ ၀န္းက်င္အခ်ိန္က ျဖစ္ပြားေၾကာင္း သိရသည္။

မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္သတ္ေသဆံုးသူမွာ အသက္(၃၆)ႏွစ္ရွိ ေစာလု ျဖစ္ၿပီး ၎သည္ အိပ္ယာေပၚတြင္ ပက္လက္အေနအထားျဖင့္ ေသဆံုးေနျခင္း ျဖစ္ေသာ္လည္း မည္သည့္အေၾကာင္း ကိစၥေၾကာင့္ ယခုလို  ျပဳလုပ္သြားျခင္း ျဖစ္ေၾကာင္းကို မသိရေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာ ေနရာသို႔ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူမ်ား ေရာက္ရွိလာၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ကာ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ဥပေဒအရ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ရွာ၊ မိုးနှင်းဘုရားအနီးရှိ နေအိမ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် တူမီးသေနတ်တိုဖြင့် ပစ်သတ်သေဆုံးမှု ဇွန်လ(၂၃)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားကြောင်း သိရသည်။

မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်သတ်သေဆုံးသူမှာ အသက်(၃၆)နှစ်ရှိ စောလု ဖြစ်ပြီး၎င်းသည် အိပ်ယာပေါ်တွင် ပက်လက်အနေအထားဖြင့် သေဆုံးနခြေင်း ဖြစ်သော်လည်း မည်သည့်အကြောင်း ကိစ္စကြောင့် ယခုလို ပြုလုပ်သွားခြင်း ဖြစ်ကြောင်းကို မသိရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ တာချီလိတ်နာရေးကူညီမှုအသင်းမှ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် ဥပဒေအရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~