ထိုင္းဘက္မွ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သား (၁၁)ဦး တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းဘက္မွ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သား (၁၁)ဦး တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဇွန် 29, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ လ၀က ႏွင့္ ရဲတပ္ဖြ႔ဲတို႔က ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း  တရားမ၀င္ ၀င္ေရာက္ျခင္းႏွင့္အတူ ရက္ေက်ာ္ေနထိုင္သူ ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ားအား ဖမ္းဆီးအေရးယူၿပီး ျမန္မာႏိုင္ငံ တာခ်ီလိတ္သို႔ ဇြန္လ(၂၉)ရက္ေန႔ နံနက္က စုစုေပါင္း (၁၁)ဦးအား လႊဲေျပာင္းလာေၾကာင္း သိရသည္။

အမ်ဳိးသား(၃)ဦး ႏွင့္ အမ်ဳိးသမီး(၇)ဦး အျပင္ ကေလး(၁)ဦး စုစုေပါင္း (၁၁)ဦးအား ထိုင္းဘက္က  ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတား ျမန္မာဘက္သို႔ လာေရာက္၍  ျမန္မာဘက္ တာ၀န္ရွိသူမ်ားထံ လႊဲေျပာင္း ေပးအပ္လာျခင္း ျဖစ္သည္။

ထိုင္းႏိုင္ငံမွ ယခုလို လာေရာက္၍ တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား လႊဲေျပာင္း ေပးအပ္လာရင္တြင္ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ယေန႔ အထိတြင္ အမ်ဳိးသား (၆၀၅)ဦး၊ အမ်ဳိးသမီး(၂၆၅)ဦး ႏွင့္ ကေလးငယ္ (၄၅)ဦး စုစုေပါင္း (၉၁၅)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ လဝက နှင့် ရဲတပ်ဖွဲ့တို့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း တရားမဝင် ဝင်ရောက်ခြင်းနှင့်အတူ ရက်ကျော်နေထိုင်သူ ရွှေ့ပြောင်း မြန်မာလုပ်သားများအား ဖမ်းဆီးအရေးယူပြီး မြန်မာနိုင်ငံ တာချီလိတ်သို့ ဇွန်လ(၂၉)ရက်နေ့ နံနက်က စုစုပေါင်း (၁၁)ဦးအား လွှဲပြောင်းလာကြောင်း သိရသည်။

အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၇)ဦး အပြင် ကလေး(၁)ဦး စုစုပေါင်း (၁၁)ဦးအား ထိုင်းဘက်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား မြန်မာဘက်သို့ လာရောက်၍ မြန်မာဘက် တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံမှ ယခုလို လာရောက်၍ တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သားများအား လွှဲပြောင်း ပေးအပ်လာရင်တွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ယနေ့ အထိတွင် အမျိုးသား (၆၀၅)ဦး၊ အမျိုးသမီး(၂၆၅)ဦး နှင့် ကလေးငယ် (၄၅)ဦး စုစုပေါင်း (၉၁၅)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~