တာေလ - က်ဳိင္းလပ္သြား လမ္းတြင္ အမ်ဳိးသားႏွစ္ဦးထံမွ စိတ္ၾကြေဆးျပား ဖမ္းဆီးရရွိ

တာေလ - က်ဳိင္းလပ္သြား လမ္းတြင္ အမ်ဳိးသားႏွစ္ဦးထံမွ စိတ္ၾကြေဆးျပား ဖမ္းဆီးရရွိ
ဇွန် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ က်ိဳင္းလပ္ၿမိဳ႕ ၊ မုိင္းပါလွ်ိဳးေက်းရြာအုပ္စု ၊ နမ့္ကိုင္းေက်းရြာတြင္ တာေလ - က်ိဳင္းလပ္သြားလမ္းမွ ဆိုင္ကယ္ျဖင့္ စိတ္ၾကြေဆး သယ္ေဆာင္ လာသူႏွစ္ဦးအား နယ္ေျမရဲစခန္းမွ ဇြန္လ (၂၅)ရက္ေန႔က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မိုင္းပါလွ်ိဳးနယ္ေျမရဲစခန္းမွ ဒု-ရဲအုပ္ဦးေဆာင္သည့္ ရဲတပ္ဖြဲ႕ႏွင့္ သက္ဆုိင္ရာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ဇြန္လ (၂၅)ရက္ေန႔ ညေန (၆)နာရီခြဲခန္႔တြင္ တာေလဘက္မွ က်ိဳင္းလပ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္လူႏွစ္ဦးကို စစ္ေဆးရာ ဆိုင္ကယ္တြင္ဝွက္၍ သယ္ေဆာင္လာသည့္ WY စိတ္ၾကြေဆးျပား (၅၃)ျပား ရွာေဖြေတြ႕ရွိရ၍  ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ စစ္ေဆးေတြ႔ရိွရသည့္ အသက္(၂၇)ႏွစ္အရြယ္ က်တိႏွင့္ အသက္ (၂၅)ႏွစ္အရြယ္ ရွီးမူတို႔အား မိုင္းပါလွ်ိဳးနယ္ေျမရဲစခန္းတြင္ မယ(ပ) ၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာတွင် တာလေ - ကျိုင်းလပ်သွားလမ်းမှ ဆိုင်ကယ်ဖြင့် စိတ်ကြွဆေး သယ်ဆောင် လာသူနှစ်ဦးအား နယ်မြေရဲစခန်းမှ ဇွန်လ (၂၅)ရက်နေ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။

မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ ဒု-ရဲအုပ်ဦးဆောင်သည့် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ (၂၅)ရက်နေ့ ညနေ (၆)နာရီခွဲခန့်တွင် တာလေဘက်မှ ကျိုင်းလပ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့်လူနှစ်ဦးကို စစ်ဆေးရာ ဆိုင်ကယ်တွင်ဝှက်၍ သယ်ဆောင်လာသည့် WY စိတ်ကြွဆေးပြား (၅၃)ပြား ရှာဖွေတွေ့ရှိရ၍ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ စစ်ဆေးတွေ့ရှိရသည့် အသက်(၂၇)နှစ်အရွယ် ကျတိနှင့် အသက် (၂၅)နှစ်အရွယ် ရှီးမူတို့အား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ) ၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~