ထိုင္းဘက္မွ တရားမ၀င္ေရႊ႕ေျပာင္း ျမန္မာလုပ္သား (၃၂)ဦး တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္း

ထိုင္းဘက္မွ တရားမ၀င္ေရႊ႕ေျပာင္း ျမန္မာလုပ္သား (၃၂)ဦး တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္း
ဇွန် 28, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးရမိသည့္ တရားမ၀င္ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ားအား ထိုင္းဘက္ တာ၀န္ရွိသူမ်ားက ဖမ္းဆီး အေရးယူကာ ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးအပ္လာရာ  ဇြန္လ(၂၈)ရက္ေန႔တြင္ စုစုေပါင္း (၃၁)ဦးအား ျမန္မာဘက္သို႔ လႊဲေျပာင္းလာေၾကာင္း သိရသည္။

အမ်ဳိးသား (၁၈)ဦး ႏွင့္ အမ်ဳိးသမီး (၁၃)ဦး အပါအ၀င္ ကေလးငယ္ (၁)ဦး စုစုေပါင္း (၃၂)ဦးအား ဇြန္လ (၂၈)ရက္ေန႔ နံနက္(၁၁)နာရီခြဲ၀န္းက်င္ အခ်ိန္က ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားတြင္ ျမန္မာဘက္ တာ၀န္ရွိသူမ်ားထံသို႔ ထိုင္းဘက္ လ၀က မွ လာေရာက္ လႊဲေျပာင္း ေပးအပ္လာျခင္း ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူကုန္တားရဲတပ္ဖြဲ႔၊ လ၀က ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္သည့္ အဖြဲ႔က ထိုင္းဘက္က လာေရာက္လႊဲေျပာင္းလာမႈတြင္ ျမန္မာႏိုင္ငံသား မဟုတ္ဘဲ အျခားႏိုင္ငံသားမ်ား ပါ၀င္လာမႈ ရွိမရွိကို စိစစ္ကာ လက္ခံခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ ယခုလို လာေရာက္၍ တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား လႊဲေျပာင္း ေပးအပ္လာရင္တြင္ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ယေန႔ အထိတြင္ အမ်ဳိးသား (၆၀၂)ဦး၊ အမ်ဳိးသမီး(၂၅၈)ဦး ႏွင့္ ကေလးငယ္ (၄၄)ဦး စုစုေပါင္း (၉၀၄)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် တရားမဝင်ရွှေ့ပြောင်း မြန်မာလုပ်သားများအား ထိုင်းဘက် တာဝန်ရှိသူများက ဖမ်းဆီး အရေးယူကာ မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးအပ်လာရာ ဇွန်လ(၂၈)ရက်နေ့တွင် စုစုပေါင်း (၃၁)ဦးအား မြန်မာဘက်သို့ လွှဲပြောင်းလာကြောင်း သိရသည်။

အမျိုးသား (၁၈)ဦး နှင့် အမျိုးသမီး (၁၃)ဦး အပါအဝင် ကလေးငယ် (၁)ဦး စုစုပေါင်း (၃၂)ဦးအား ဇွန်လ (၂၈)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင် အချိန်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် မြန်မာဘက် တာဝန်ရှိသူများထံသို့ ထိုင်းဘက် လဝက မှ လာရောက် လွှဲပြောင်း ပေးအပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်တားရဲတပ်ဖွဲ့၊ လဝက နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့က ထိုင်းဘက်က လာရောက်လွှဲပြောင်းလာမှုတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ပါဝင်လာမှု ရှိမရှိကို စိစစ်ကာ လက်ခံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ယခုလို လာရောက်၍ တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သားများအား လွှဲပြောင်း ပေးအပ်လာရင်တွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ယနေ့ အထိတွင် အမျိုးသား (၆၀၂)ဦး၊ အမျိုးသမီး(၂၅၈)ဦး နှင့် ကလေးငယ် (၄၄)ဦး စုစုပေါင်း (၉၀၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~