ေတာင္ႀကီးၿမိဳ႕မေစ်းေဘးရွိ ညေစ်းတန္းေစ်းသည္မ်ား စည္းကမ္းမဲ့ မေရာင္းရန္ အတြက္ ညပိုင္းအေစာင့္ျဖင့္ တာဝန္ခ်ထား

ေတာင္ႀကီးၿမိဳ႕မေစ်းေဘးရွိ ညေစ်းတန္းေစ်းသည္မ်ား စည္းကမ္းမဲ့ မေရာင္းရန္ အတြက္ ညပိုင္းအေစာင့္ျဖင့္ တာဝန္ခ်ထား
ဇွန် 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မေစ်းေတာင္ဘက္ ညေစ်းတန္းတြင္ စည္းကမ္းမဲ့ ေစ်းေရာင္းခ်ျခင္း မ်ားအား ေတာင္ႀကီးၿမိဳ႕ စည္ပင္သာယာေရးဌာနမွ ရွင္းလင္းၿပီးေနာက္ ညပိုင္း အေစာင့္မ်ားျဖင့္ တာဝန္ခ်ထား ေစာင့္ၾကည့္ေနေၾကာင္း သိရသည္။

ၿမိဳ႕မေစ်းေတာင္ဘက္ရိွွိ ညေစ်းတန္း ပ်ံက်ေစ်းသည္မ်ားမွာ လမ္းမ၏ ပလက္ေဖာင္းေက်ာ္လြန္၍ ခင္းက်င္း ေရာင္းခ်ေနေသာေၾကာင့္ ေတာင္ႀကီးၿမိဳ႕နယ္္ စည္ပင္သာယာေရးဌာန တာ၀န္ရွိသူမ်ားက ဇြန္လ (၁၅) ရက္ေန႔တြင္ ဖယ္ရွား ရွင္းလင္းေစခဲ့ၿပီးေနာက္ ညပိုင္းအေစာင့္မ်ားျဖင့္ စတင္ ေစာင့္ၾကည့္ေနျခင္း ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕မေစ်း တာ၀န္ခံ ဦးခင္ေအးထံမွ သိရသည္။

“ပ်ံက်ေစ်းသည္ေတြက ညေစ်းတန္းေနရာနဲ႔ ဆက္ေနေတာ့ လာ လာေရာင္းေနၾကတာ။ သံုးေလး ဆိုင္ကေတာ့ ပလက္ေဖာင္းေက်ာ္ၿပီး ေရာင္းခ်ေနတယ္။ မေန႔ကပဲ ကၽြန္ေတာ္တို႕ ဖယ္ရွား ရွင္းလင္း လိုက္ပါၿပီ။ ဝက္သားတုတ္ထိုးသည္ေတြက ပလက္ေဖာင္းတင္မကဘူး လမ္းမနားထိကို ေက်ာ္ ေရာင္းေနတာပါ။ ညဘက္ က်ေတာ့ ကၽြန္ေတာ္တို႔ မရွိတာနဲ႔ သူတို႔က လာေရာင္းၾကတယ္။ အခုကေတာ့ ေန႔ေရာ ညေရာ ကၽြန္ေတာ္တို႔ အေစာင့္ေတြထားၿပီး ေစာင့္ၾကည့္ေနပါတယ္။ လမ္းမေပၚေရာင္းလို႔ ဒီလို လုပ္ရတာပါ။ သူ႔ေနရာသူ ေရာင္း တဲ့ေနရာမွာဆိုရင္ေတာ့ ဘာမွမျဖစ္ပါဘူး။ တကယ္လို႔ဖယ္ရွားခိုင္းလို႔မွ ထပ္လာေရာင္းခ်အံုးမယ္ဆိုရင္ေတာ့ ဥပေဒ အတိုင္းေဆာင္ရြက္သြားမွာပါ” ဟု ဦးခင္ေအးက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕စည္ပင္သာယာေရးဌာနပိုင္ေစ်းမ်ားတြင္ ပ်ံက်ေစ်းသည္မ်ားေရာင္းခ်ရမည့္ေနရာမ်ားအား မ်ဥ္းမ်ားဆြဲ၍ သတ္မွတ္ေပးထားျခင္းကို ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ (၁၄) ရက္ေန႔တြင္ စတင္ ေရးဆြဲေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ ႏွစ္စကတည္းက ခ်မွတ္ထားတဲ့ စည္းကမ္းအတိုင္းေရာင္းဖို႔ စည္းကမ္း စာရြက္ေတြကိုျဖန္႕ေဝၿပီးသားပါ။ လမ္းမအထိကို က်ဴးေက်ာ္ၿပီး ေရာင္းခ်ေနတဲ့ ေစ်းသည္ေတြကို စတင္ဖယ္ရွားရွင္းလင္းေတာ့မွာပါ။ ေစ်းအတြင္းထဲမွာလည္း စည္းကမ္းအတိုင္းေရာင္းခ်ဖို႔ စည္းမ်ဥ္းေတြလည္း စနစ္တက်ဆြဲထားၿပီးပါၿပီ” ဟု ဦးခင္ေအးက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕မေစ်းအတြင္း ပ်ံက်ေစ်းသည္ ဆိုင္ခန္း စုစုေပါင္း (၇၀၀) နီးပါးရိွေနၿပီး ေစ်းအျပင္ဘက္ ညေစ်းတန္းမွာ ဆိုင္ခန္းေပါင္း (၈၅)ခန္းေက်ာ္ ရွိေၾကာင္း သိရသည္။

ပ်ံက်ေစ်းသည္မ်ား အတြက္ သတ္မွတ္ထားသည့္ စည္းထက္ ေက်ာ္လြန္ေစ်းေရာင္းခ်ပါက ရွမ္းျပည္နယ္စည္ပင္သာယာေရး ဥပေဒ (၁၀/၂၀၁၃) ၊ စီမံခန္႕ခြဲေရးဥပေဒပုဒ္မ ရ၅၊ ပုဒ္မခြဲ(ဂ)အရ လည္းေကာင္း၊ ေစ်းစည္းကမ္းမ်ား (by_law) အရ လည္းေကာင္း အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
ဓာတ္ပံု - ေတာင္ႀကီး စည္ပင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ မြို့မဈေးတောင်ဘက် ညဈေးတန်းတွင် စည်းကမ်းမဲ့ ဈေးရောင်းချခြင်း များအား တောင်ကြီးမြို့ စည်ပင်သာယာရေးဌာနမှ ရှင်းလင်းပြီးနောက် ညပိုင်း အစောင့်များဖြင့် တာဝန်ချထား စောင့်ကြည့်နေကြောင်း သိရသည်။

မြို့မဈေးတောင်ဘက်ရှိ ညဈေးတန်း ပျံကျဈေးသည်များမှာ လမ်းမ၏ ပလက်ဖောင်းကျော်လွန်၍ ခင်းကျင်း ရောင်းချနေသောကြောင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန တာဝန်ရှိသူများက ဇွန်လ (၁၅) ရက်နေ့တွင် ဖယ်ရှား ရှင်းလင်းစေခဲ့ပြီးနောက် ညပိုင်းအစောင့်များဖြင့် စတင် စောင့်ကြည့်နခြေင်း ဖြစ်ကြောင်း တောင်ကြီးမြို့မဈေး တာဝန်ခံ ဦးခင်အေးထံမှ သိရသည်။

“ပျံကျဈေးသည်တွေက ညဈေးတန်းနေရာနဲ့ ဆက်နေတော့ လာ လာရောင်းနကြေတာ။ သုံးလေး ဆိုင်ကတော့ ပလက်ဖောင်းကျော်ပြီး ရောင်းချနေတယ်။ မနေ့ကပဲ ကျွန်တော်တို့ ဖယ်ရှား ရှင်းလင်း လိုက်ပါပြီ။ ဝက်သားတုတ်ထိုးသည်တွေက ပလက်ဖောင်းတင်မကဘူး လမ်းမနားထိကို ကျော် ရောင်းနေတာပါ။ ညဘက် ကျတော့ ကျွန်တော်တို့ မရှိတာနဲ့ သူတို့က လာရောင်းကြတယ်။ အခုကတော့ နေ့ရော ညရော ကျွန်တော်တို့ အစောင့်တွေထားပြီး စောင့်ကြည့်နေပါတယ်။ လမ်းမပေါ်ရောင်းလို့ ဒီလို လုပ်ရတာပါ။ သူ့နေရာသူ ရောင်း တဲ့နေရာမှာဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ တကယ်လို့ဖယ်ရှားခိုင်းလို့မှ ထပ်လာရောင်းချအုံးမယ်ဆိုရင်တော့ ဥပဒေ အတိုင်းဆောင်ရွက်သွားမှာပါ” ဟု ဦးခင်အေးက ပြောသည်။

တောင်ကြီးမြို့စည်ပင်သာယာရေးဌာနပိုင်ဈေးများတွင် ပျံကျဈေးသည်များရောင်းချရမည့်နေရာများအား မျဉ်းများဆွဲ၍ သတ်မှတ်ပေးထားခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် စတင် ရေးဆွဲပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“ နှစ်စကတည်းက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းရောင်းဖို့ စည်းကမ်း စာရွက်တွေကိုဖြန့်ဝပြေီးသားပါ။ လမ်းမအထိကို ကျူးကျော်ပြီး ရောင်းချနေတဲ့ ဈေးသည်တွေကို စတင်ဖယ်ရှားရှင်းလင်းတော့မှာပါ။ ဈေးအတွင်းထဲမှာလည်း စည်းကမ်းအတိုင်းရောင်းချဖို့ စည်းမျဉ်းတွေလည်း စနစ်တကျဆွဲထားပြီးပါပြီ” ဟု ဦးခင်အေးက ပြောသည်။

တောင်ကြီးမြို့မဈေးအတွင်း ပျံကျဈေးသည် ဆိုင်ခန်း စုစုပေါင်း (၇၀၀) နီးပါးရှိနပြေီး ဈေးအပြင်ဘက် ညဈေးတန်းမှာ ဆိုင်ခန်းပေါင်း (၈၅)ခန်းကျော် ရှိကြောင်း သိရသည်။

ပျံကျဈေးသည်များ အတွက် သတ်မှတ်ထားသည့် စည်းထက် ကျော်လွန်ဈေးရောင်းချပါက ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေ (၁၀/၂၀၁၃)၊ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ရ၅၊ ပုဒ်မခွဲ(ဂ)အရ လည်းကောင်း၊ ဈေးစည်းကမ်းများ (by_law) အရ လည်းကောင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - တောင်ကြီး စည်ပင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~