ေတာင္ႀကီးၿမိဳ႕တြင္ အခြန္မေဆာင္ထားေသာ ေၾကာ္ျငာဘုတ္ ႏွင့္ စာရြက္မ်ား စစ္ေဆးမည္

ေတာင္ႀကီးၿမိဳ႕တြင္ အခြန္မေဆာင္ထားေသာ ေၾကာ္ျငာဘုတ္ ႏွင့္ စာရြက္မ်ား စစ္ေဆးမည္
ဇွန် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ၊ေတာင္ႀကီးၿမိဳ႕တြင္ အခြန္ေဆာင္ထားျခင္း မရွိေသာ ေႀကာ္ျငာဘုတ္မ်ား၊ ေၾကညာစာရြက္မ်ားအား စိစစ္ၿပီး စည္းကမ္းခ်က္ႏွင့္အညီ ျဖစ္ေစေရး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။

“အခြန္မေဆာင္ထားတဲ့ေၾကာ္ျငာေတြကို ဟိုကပ္ဒီကပ္လုပ္တာေတြက အခြန္ကလည္း လြတ္ေနတယ္။ ႀကီးၾကပ္မယ့္လူလည္းမရွိဘူး။ ေတြ႕သမွ်ကြမ္းယာဆိုင္၊ သစ္ပင္ႀကီးေတြမွာ အမ်ားႀကီး ေၾကာ္ျငာ ကပ္တာေတြရွိတယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ စစ္ေဆးေဆာင္ရြက္နိုင္ဖို႔ ျပည္နယ္အစိုးရ အဖြဲ႕ကို အဆိုျပဳတင္ထားတာရွိတယ္။ ၿမိဳ႕ထဲမွာကပ္မယ္ဆိုရင္ စည္ပင္ကေနၿပီးေတာ့ ေၾကာ္ျငာခြင့္ျပဳထားၿပီးသား ျဖစ္ရမယ္။ ကန္႕သတ္ ခ်က္ရွိရမယ္။ ကပ္တယ္ဆိုရင္လည္း အခြန္ေဆာင္ၿပီးသား ျဖစ္ရမယ္။ ေၾကာ္ျငာေတြ ကပ္ထားတာေတြကို အခြန္က ဘယ္သူ ေဆာင္မလဲဆိုတာေတြၾကည့္ေတာ့ ေၾကာ္ျငာ ကပ္တဲ့သူက ဘယ္ကုမၸဏီလည္း ဆိုတာေတြ မသိဘူး” ဟု ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကို ကေျပာသည္။

ၿမိဳ႕တြင္း ေၾကာ္ျငာကပ္မည္ဆိုပါက အေရအတြက္ႏွင့္ ေၾကာ္ျငာကပ္မည့္ ကာလတို႔အား တင္ျပၿပီး အခြန္ေဆာင္ရန္ လိုအပ္ေၾကာင္း စည္ပင္သာယာေရးဌာနမွ သိရသည္။

“ေၾကာ္ျငာေတြ ကပ္ထားတာက အရမ္းကို ၾကည္ရလည္းဆိုးတယ္။ သစ္ပင္တစ္ပင္ရဲ႕ ပင္စည္တိုင္မွာလည္း ေၾကာျငာ စာရြက္ေတြနဲ႕ဆိုရင္ လံုး၀ မလွေတာ့ပါဘူး”ဟု ရွင္သန္ကမၻာေျမ အစိမ္းေရာင္ကြန္ရက္အဖြဲ႕မွ ဦးေဆာင္သူ ေဒၚခ်ယ္ရီေက်ာ္က ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ လမ္းေဘးသစ္ပင္မ်ားအား ေၾကာ္ျငာမ်ားလိုက္လံကပ္ျခင္း၊ ေၾကာ္ျငာမ်ား ရိုက္ထားျခင္း တို႔အား စည္းကမ္းမဲ့ လုပ္ေဆာင္ေနသျဖင့္ စိစစ္ေဆာင္ရြက္ရန္ စည္ပင္သာယာေရးဌာနက ျပည္နယ္ အစိုးရထံ တင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့တွင် အခွန်ဆောင်ထားခြင်း မရှိသော ကြော်ငြာဘုတ်များ၊ ကြေညာစာရွက်များအား စိစစ်ပြီး စည်းကမ်းချက်နှင့်အညီ ဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

“အခွန်မဆောင်ထားတဲ့ကြော်ငြာတွေကို ဟိုကပ်ဒီကပ်လုပ်တာတွေက အခွန်ကလည်း လွတ်နေတယ်။ ကြီးကြပ်မယ့်လူလည်းမရှိဘူး။ တွေ့သမျှကွမ်းယာဆိုင်၊ သစ်ပင်ကြီးတွေမှာ အများကြီး ကြော်ငြာ ကပ်တာတွေရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးဆောင်ရွက်နိုင်ဖို့ ပြည်နယ်အစိုးရ အဖွဲ့ကို အဆိုပြုတင်ထားတာရှိတယ်။ မြို့ထဲမှာကပ်မယ်ဆိုရင် စည်ပင်ကနပြေီးတော့ ကြော်ငြာခွင့်ပြုထားပြီးသား ဖြစ်ရမယ်။ ကန့်သတ် ချက်ရှိရမယ်။ ကပ်တယ်ဆိုရင်လည်း အခွန်ဆောင်ပြီးသား ဖြစ်ရမယ်။ ကြော်ငြာတွေ ကပ်ထားတာတွေကို အခွန်က ဘယ်သူ ဆောင်မလဲဆိုတာတွကြေည့်တော့ ကြော်ငြာ ကပ်တဲ့သူက ဘယ်ကုမ္ပဏီလည်း ဆိုတာတွေ မသိဘူး” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကို ကပြောသည်။

မြို့တွင်း ကြော်ငြာကပ်မည်ဆိုပါက အရေအတွက်နှင့် ကြော်ငြာကပ်မည့် ကာလတို့အား တင်ပြပြီး အခွန်ဆောင်ရန် လိုအပ်ကြောင်း စည်ပင်သာယာရေးဌာနမှ သိရသည်။

“ကြော်ငြာတွေ ကပ်ထားတာက အရမ်းကို ကြည်ရလည်းဆိုးတယ်။ သစ်ပင်တစ်ပင်ရဲ့ ပင်စည်တိုင်မှာလည်း ကြောငြာ စာရွက်တွေနဲ့ဆိုရင် လုံးဝ မလှတော့ပါဘူး”ဟု ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်အဖွဲ့မှ ဦးဆောင်သူ ဒေါ်ချယ်ရီကျော်က ပြောသည်။

တောင်ကြီးမြို့တွင် လမ်းဘေးသစ်ပင်များအား ကြော်ငြာများလိုက်လံကပ်ခြင်း၊ ကြော်ငြာများ ရိုက်ထားခြင်း တို့အား စည်းကမ်းမဲ့ လုပ်ဆောင်နေသဖြင့် စိစစ်ဆောင်ရွက်ရန် စည်ပင်သာယာရေးဌာနက ပြည်နယ် အစိုးရထံ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~