ေတာင္ႀကီး - ဟိုပံုးလမ္းမွ အစိုးရေျမတြင္ေနထုိင္သည့္ အိမ္ေျခ (၄၀)ေက်ာ္ ဖယ္ရွားမည္

ေတာင္ႀကီး - ဟိုပံုးလမ္းမွ အစိုးရေျမတြင္ေနထုိင္သည့္ အိမ္ေျခ (၄၀)ေက်ာ္ ဖယ္ရွားမည္
ဇွန် 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီး-ဟိုပံုးသြားလမ္းေဘးရွိ အစိုးရေျမေပၚတြင္ အေဆာက္အဦ ေဆာက္လုပ္ေနထိုင္ၾကသည့္ အိမ္ေျခေပါင္း (၄၀)ေက်ာ္ကို ဖယ္ရွားရွင္းလင္းနိုင္ရန္ အေၾကာင္းၾကားစာ ေပးပို႔ထားေၾကာင္း သိရသည္။

“က်ဴးေက်ာ္အိမ္ ဆိုတာထက္ အမ်ားအားျဖင့္ေတာ့ TBC ကုန္တိုက္အတြက္ ညကား၀န္းႀကီး ေဆာက္တုန္းက အလုပ္သမားေတြ ေဆာက္ထားတာေတြပါတယ္။ ကုမၸဏီက အဆြယ္အပါးေတြလည္း ပါတယ္။ အဲဒီမွာက လူေတြကလည္းစည္ေတာ့ ေစ်းဆိုင္ေတြဖြင့္ၾကတယ္။ လမ္းကုမၸဏီက အလုပ္သမား ေတြလည္း ပါတယ္။ လမ္းလုပ္သမားေတြကေတာ့ ျပန္ဖယ္ေပးပါမယ္လို႔ ေျပာပါတယ္။ တခ်ိဳ႕က အလုပ္သမား မဟုတ္ဘဲ လာဖြင့္ထားတယ္။ အေဆာက္အဦကလည္း ယာယီသေဘာမ်ဳိး မဟုတ္ဘဲ ႀကီးေနတယ္။ တခ်ဳိ႕က်ေတာ့လည္း အိမ္၀န္းရွိၿပီးသားလူေတြ လာေနၾကတာရွိတယ္။ ဆိုင္ကယ္ပစၥည္း အေရာင္းဆိုင္ လာဖြင့္ၾကတယ္။ တခ်ဳိ႕က်ေတာ့ ပါတီကတ္တစ္ခုျပၿပီး ပါတီဥကၠဌက အဲဒီမွာ လာေနခိုင္းထားသလို လိုေတြ အမ်ဳိးစံုပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရွိ ဦးေအးကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အဆိုပါ က်ဳးေက်ာ္အိမ္ရာမ်ား ရွင္းလင္းေရးအတြက္ ေတာင္ႀကီးၿမိဳ႕စည္ပင္သာယာေရးဌာနႏွင့္ သက္ဆိုင္ရာဌာနမ်ား ဇြန္လ (၂၃)ရက္ေန႔က ကြင္းဆင္းေဆာင္ရြက္ၿပီး ေတြ႕ရိွရသည့္ အေျခအေနမ်ားေၾကာင့္ ယင္းကဲ့သို႔ အေၾကာင္းၾကားစာ ပို႕ထားျခင္းျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရွိ ဦးေအးကို ထံမွ သိရသည္။

ဌာနဆိုင္ရာ ရံုးမ်ားစိုက္ရန္ ခ်ထားေပးသည့္ေျမေနရာျဖစ္သျဖင့္ အဆိုပါက်ဴးေက်ာ္အိမ္မ်ားအား ဖ်က္သိမ္းေပးရန္ အေၾကာင္းၾကားထားၿပီး မလိုက္နာပါက ဥပေဒအတိုင္း ဆက္လက္ ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး-ဟိုပုံးသွားလမ်းဘေးရှိ အစိုးရမြေပေါ်တွင် အဆောက်အဦ ဆောက်လုပ်နေထိုင်ကြသည့် အိမ်ခြေပေါင်း (၄၀)ကျော်ကို ဖယ်ရှားရှင်းလင်းနိုင်ရန် အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

“ကျူးကျော်အိမ် ဆိုတာထက် အများအားဖြင့်တော့ TBC ကုန်တိုက်အတွက် ညကားဝန်းကြီး ဆောက်တုန်းက အလုပ်သမားတွေ ဆောက်ထားတာတွေပါတယ်။ ကုမ္ပဏီက အဆွယ်အပါးတွေလည်း ပါတယ်။ အဲဒီမှာက လူတွေကလည်းစည်တော့ ဈေးဆိုင်တွေဖွင့်ကြတယ်။ လမ်းကုမ္ပဏီက အလုပ်သမား တွေလည်း ပါတယ်။ လမ်းလုပ်သမားတွေကတော့ ပြန်ဖယ်ပေးပါမယ်လို့ ပြောပါတယ်။ တချို့က အလုပ်သမား မဟုတ်ဘဲ လာဖွင့်ထားတယ်။ အဆောက်အဦကလည်း ယာယီသဘောမျိုး မဟုတ်ဘဲ ကြီးနေတယ်။ တချို့ကျတော့လည်း အိမ်ဝန်းရှိပြီးသားလူတွေ လာနကြေတာရှိတယ်။ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင် လာဖွင့်ကြတယ်။ တချို့ကျတော့ ပါတီကတ်တစ်ခုပြပြီး ပါတီဥက္ကဌက အဲဒီမှာ လာနေခိုင်းထားသလို လိုတွေ အမျိုးစုံပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကိုက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ ကျုးကျော်အိမ်ရာများ ရှင်းလင်းရေးအတွက် တောင်ကြီးမြို့စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာဌာနများ ဇွန်လ (၂၃)ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပြီး တွေ့ရှိရသည့် အခြေအနေများကြောင့် ယင်းကဲ့သို့ အကြောင်းကြားစာ ပို့ထားခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကို ထံမှ သိရသည်။

ဌာနဆိုင်ရာ ရုံးများစိုက်ရန် ချထားပေးသည့်မြေနေရာဖြစ်သဖြင့် အဆိုပါကျူးကျော်အိမ်များအား ဖျက်သိမ်းပေးရန် အကြောင်းကြားထားပြီး မလိုက်နာပါက ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~