ေဆာက္လုပ္ေနဆဲ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္ တပ္ရင္းစခန္းအတြက္ အမ်ားျပည္သူေကာင္းမႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးမွ ထပ္မံ၍ ထိုင္းဘတ္ေငြ (၁)သိန္းခြဲ လွဴဒါန္း

ေဆာက္လုပ္ေနဆဲ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္ တပ္ရင္းစခန္းအတြက္ အမ်ားျပည္သူေကာင္းမႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးမွ ထပ္မံ၍ ထိုင္းဘတ္ေငြ (၁)သိန္းခြဲ လွဴဒါန္း
ဇွန် 29, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း၌ ေဆာက္လုပ္ေနဆဲျဖစ္ေသာ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္ တပ္ရင္းစခန္းအတြက္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီက ဒုတိယအႀကိမ္အျဖစ္ ထိုင္းဘတ္ေငြ (၁)သိန္းခြဲအား ဇြန္လ(၂၉)ရက္ေန႔ ေန႔လယ္(၁)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္တပ္ရင္းစခန္းတြင္ လာေရာက္လွဴဒါန္းသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အရန္မီးသတ္တပ္ရင္းစခန္း အေဆာက္အဦအတြက္ တာခ်ီလိတ္ၿမိဳ႕ေန အမ်ား ျပည္သူမ်ား၏ လွ်ပ္စစ္မီး အသံုးျပဳခ ေကာက္ခံရရွိေငြမ်ားထဲမွ ၿမိဳ႕မီးလင္းေရးေကာ္မတီမွ ဦးေဆာင္နာယကမ်ားႏွင့္ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္၊ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ေကာ္မတီ၀င္မ်ား၏ သေဘာတူညီခ်က္ျဖင့္ လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အေဆာက္အဦအတြက္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ ဒုတိယဥကၠဌ ဦးၾကည္ျမင့္၊ အတြင္းေရးမွဴး(၂) ဦးစိုင္းလံုမား၊ ဘ႑ာေရးမွဴး ဦးတင္လႈိင္၊ ျပင္ပဆက္ဆံေရးတာ၀န္ခံ ဦးစိုင္းခမ္းမြန္း ႏွင့္ မန္ေနဂ်ာ ေဒၚနန္းစံေဖာင္းတို႔မွ ထိုင္းဘတ္ေငြ (၁)သိန္းခြဲ တိတိအား လွဴဒါန္းရာတြင္  တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္တပ္ရင္းမွ ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္းက လက္ခံရယူသည္။

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ အဆိုပါ အေဆာက္အဦ ေဆာက္လုပ္ရန္အတြက္ ဇန္န၀ါရီလ(၂၅)ရက္ေန႔က ထိုင္းဘတ္ေငြ (၁)သိန္း ႏွင့္ ယေန႔ ဇြန္လ(၂၉)ရက္ေန႔တြင္ လွဴဒါန္းသည့္ ထိုင္းဘတ္ေငြ (၁)သိန္းခြဲ အပါအ၀င္ စုစုေပါင္း ထိုင္းဘတ္ေငြ (၂)သိန္းခြဲ လွဴဒါန္းထားေပးေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တစ္ခုလံုးတြင္ အရန္မီးသတ္တပ္ဖြဲ႔၀င္ (၁၈၀၀)ေက်ာ္ရွိၿပီး တာခ်ီလိတ္ခရိုင္ တစ္ခုလံုးတြင္ အရန္မီးသတ္တပ္ဖြဲ႔၀င္ စုစုေပါင္း (၃၀၀၀)ေက်ာ္ ရွိေၾကာင္း သိရသည္။

ဓာတ္ပံု - ေအာင္ေက်ာ္၀င္းစိန္



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း၌ ဆောက်လုပ်နေဆဲဖြစ်သော တာချီလိတ်မြို့နယ် အရန်မီးသတ် တပ်ရင်းစခန်းအတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီက ဒုတိယအကြိမ်အဖြစ် ထိုင်းဘတ်ငွေ (၁)သိန်းခွဲအား ဇွန်လ(၂၉)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ရင်းစခန်းတွင် လာရောက်လှူဒါန်းသွားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းစခန်း အဆောက်အဦအတွက် တာချီလိတ်မြို့နေ အများ ပြည်သူများ၏ လျှပ်စစ်မီး အသုံးပြုခ ကောက်ခံရရှိငွေများထဲမှ မြို့မီးလင်းရေးကော်မတီမှ ဦးဆောင်နာယကများနှင့် ဥက္ကဌ၊ တာချီလိတ်ခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ၏ သဘောတူညီချက်ဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦအတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ဒုတိယဥက္ကဌ ဦးကြည်မြင့်၊ အတွင်းရေးမှူး(၂) ဦးစိုင်းလုံမား၊ ဘဏ္ဍာရေးမှူး ဦးတင်လှိုင်၊ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်း နှင့် မန်နေဂျာ ဒေါ်နန်းစံဖောင်းတို့မှ ထိုင်းဘတ်ငွေ (၁)သိန်းခွဲ တိတိအား လှူဒါန်းရာတွင် တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်းက လက်ခံရယူသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ အဆိုပါ အဆောက်အဦ ဆောက်လုပ်ရန်အတွက် ဇန်နဝါရီလ(၂၅)ရက်နေ့က ထိုင်းဘတ်ငွေ (၁)သိန်း နှင့် ယနေ့ ဇွန်လ(၂၉)ရက်နေ့တွင် လှူဒါန်းသည့် ထိုင်းဘတ်ငွေ (၁)သိန်းခွဲ အပါအဝင် စုစုပေါင်း ထိုင်းဘတ်ငွေ (၂)သိန်းခွဲ လှူဒါန်းထားပေးကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တစ်ခုလုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၈၀၀)ကျော်ရှိပြီး တာချီလိတ်ခရိုင် တစ်ခုလုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၃၀၀၀)ကျော် ရှိကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~