တာခ်ီလိတ္တြင္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေန႔ အခမ္းအနား က်င္းပ

တာခ်ီလိတ္တြင္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေန႔ အခမ္းအနား က်င္းပ
ဇွန် 26, 2017
By Tachileik News Agency

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးမႈႏွွင့္ တရားမဝင္ ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ ဇြန္လ (၂၆)ရက္ေန႔ နံနက္က က်င္းပရာ တက္ေရာက္သူ (၃၅၀)ခန္႔ရိွေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးမႈႏွွင့္ တရားမဝင္ ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ေန႔အျဖစ္ က်င္းပခဲ့သည့္ ပန္းခ်ီ၊ ကာတြန္း ၊ ပိုစတာ ၊ ကြန္ပ်ဴတာပန္းခ်ီ ၊ စာစီစာကံုး ၿပိဳင္ပြဲမ်ားတြင္ ဆုရရွိခဲ့ေသာ တာခ်ီလိတ္ၿမိဳ႕ေပၚေက်ာင္း အသီးသီးမွ ေက်ာင္းသား/ ေက်ာင္းသူမ်ားကိုလည္း ဆုခ်ီးျမႇင့္ေၾကာင္း သိရသည္။

အခမ္းအနားသို႔ တက္ေရာက္လာသည့္ တာခ်ီလိတ္ခရိုင္မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၱရာယ္ တားဆီးကာကြယ္ေရးအဖြဲ႕ ဥကၠဌ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊ၊ ဒုတိယဥကၠဌ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ထိန္ဝင္း၊ ခရိုင္တရားသူႀကီး ဦးဝင္းေအာင္ႏွင့္ ခရိုုင္ဥပေဒအရာရွိ ဦးေအာင္ေငြ၊ တာခ်ီလိတ္ခ႐ိုင္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး၊ ခရိုင္ေဆးရုံအုပ္ႀကီး ေဒါက္တာ ဇင္ကိုကိုေအာင္တို႔က အထိမ္းအမွတ္ေန႔အတြက္ ျပည္ေထာင္စုဝန္ႀကီး သဝဏ္လႊာဖတ္ၾကားျခင္း၊ မူးယစ္ေဆးဝါးႏွင့္ ပတ္သက္သည့္ ဥပေဒမ်ား၊ မူးယစ္ေဆးဝါး၏ဆိုးက်ိဳးမ်ားႏွင့္ မူးယစ္ေဆးေၾကာင့္ ျဖစ္ပြားသည့္ေရာဂါမ်ားအေၾကာင္း ေဟာေျပာမႈမ်ားကို အသီးသီးေဆြးေႏြး တင္ျပခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ စစ္ဗ်ဴ ဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ခရိုင္ / ၿမိဳ႕နယ္ ဌာနဆိုင္ရာအႀကီးအကဲမ်ား တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ဇွန်လ (၂၆)ရက်နေ့ နံနက်က ကျင်းပရာ တက်ရောက်သူ (၃၅၀)ခန့်ရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော တာချီလိတ်မြို့ပေါ်ကျောင်း အသီးသီးမှ ကျောင်းသား/ ကျောင်းသူများကိုလည်း ဆုချီးမြှင့်ကြောင်း သိရသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ဒုတိယဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ ခရိုင်တရားသူကြီး ဦးဝင်းအောင်နှင့် ခရိုင်ဥပဒေအရာရှိ ဦးအောင်ငွေ၊ တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်တို့က အထိမ်းအမှတ်နေ့အတွက် ပြည်ထောင်စုဝန်ကြီး သဝဏ်လွှာဖတ်ကြားခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် မူးယစ်ဆေးကြောင့် ဖြစ်ပွားသည့်ရောဂါများအကြောင်း ဟောပြောမှုများကို အသီးသီးဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ စစ်ဗျူ ဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင် / မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~