တာခ်ီလိတ္တြင္ စားသံုးသူသတင္းျပန္ၾကားေရးနွင့္ တုိင္ၾကားမႈ လက္ခံေဆာင္ရြက္ေရး စင္တာ ယခုႏွစ္အတြင္း ဖြင့္မည္

တာခ်ီလိတ္တြင္ စားသံုးသူသတင္းျပန္ၾကားေရးနွင့္ တုိင္ၾကားမႈ လက္ခံေဆာင္ရြက္ေရး စင္တာ ယခုႏွစ္အတြင္း ဖြင့္မည္
ဇွန် 25, 2017
By Tachileik News Agency

ခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ မဖြဲ႕စည္းႏုိင္ေသးသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္တြင္ စားသံုးသူသတင္းျပန္ၾကားေရးႏွင့္ တုိင္ၾကားမႈလက္ခံေဆာင္ရြက္ေရးစင္တာအား ယခုႏွစ္ ဒုတိယေျခာက္လပတ္အတြင္း ဖြင့္လွစ္ႏုိင္ရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“တာခ်ီလိတ္မွာကေတာ့ လတ္တေလာ ဝန္ထမ္းအင္အား အေနအထားအရ ဖြင့္ႏုိင္တဲ့အေနအထားေတာ့ မရိွေသးေပမယ့္ ဖြင့္ႏုိင္ေအာင္ေတာ့ ႀကိဳးစားသြားမွာပါ။ ကၽြန္ေတာ္တုိ႔ အခုလုပ္ေနတဲ့ ပထမ ေျခာက္လပတ္မွာ မပါေသးေပမယ့္ ဒုတိယေျခာက္လပတ္မွာ ပါဝင္ေအာင္ေတာ့ လုပ္ေဆာင္သြားမွာပါ”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

သတင္းျပန္ၾကားေရး ႏွင့္ တုိင္ၾကားမႈလက္ခံ ေဆာင္ရြက္ေရးစင္တာအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း)က်ိဳင္းတံုၿမိဳ႕တြင္ ဖြင့္လွစ္ထားေသာ္လည္း နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ စားသံုးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕ ဖြဲ႕စည္းရန္ ျပင္ဆင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

"တာခ်ီလိတ္ၿမိဳ႕ဆိုတာက နယ္စပ္ၿမိဳ႕ျဖစ္ေနတဲ့အတြက္ ခရိုင္စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔က ရိွကို ရိွသင့္ပါတယ္။ ဒါေၾကာင့္ ဒီအဖြဲ ့ဖြဲ ့ႏိုင္ဖို ့ကို ကၽြန္ေတာ္တို ့ဌာနက ႀကိဳးစားေနပါတယ္"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးက ေျပာသည္။

အဆိုပါ စင္တာမ်ားသည္ စားသံုးသူႏွင့္ ထုတ္လုပ္သူမ်ားအတြက္ စားသုံုးသူ အခြင့္အေရးဆိုင္ရာ ကိစၥရပ္မ်ားအား ေျဖရွင္းေဆြးေႏြး အႀကံေပးျခင္းအျပင္ စားသံုးသူအခြင့္အေရးနစ္နာမႈမ်ားႏွင့္ ပတ္သက္သည့္ တုိင္ၾကားမႈမ်ားအား လက္ခံၿပီး စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕ထံ တင္ျပ ေျဖရွင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕တြင္ ဥကၠဌအျဖစ္ ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီးက တာဝန္ယူထားၿပီး ခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မ်ား၏ ဥကၠဌမ်ားအျဖစ္ သက္ဆိုင္ရာ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမ်ားက တာဝန္ယူေဆာင္ရြက္ေနေၾကာင္း သိရသည္။

စားသံုးသူအခြင့္အေရး ကာကြယ္ႏုိင္ရန္အတြက္ ျပည္သူမ်ား၏ တုိင္ၾကားမႈလက္ခံေျဖရွင္းေပးႏုိင္ေရး စင္တာမ်ား ဖြင့္လွစ္ေဆာင္ရြက္ရန္ ၂၀၁၆ ခုႏွစ္ ႏွစ္ကုန္မွစ၍ ညႊန္ၾကားထားသျဖင့္ ၂၀၁၇ ႏွစ္စပိုင္းမွစ၍ အေကာင္အထည္ ေဖာ္ေဆာင္ေနရာ ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီး၊ လားရိႈးႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားတြင္ ဖြင့္လွစ္ထားၿပီး ေအာင္ပန္း၊ ေက်ာက္မဲႏွင့္ မူဆယ္ၿမိဳ႕မ်ား၌လည္း ဆက္လက္ ဖြင့္လွစ္သြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ မဖွဲ့စည်းနိုင်သေးသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်တွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာအား ယခုနှစ် ဒုတိယခြောက်လပတ်အတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“တာချီလိတ်မှာကတော့ လတ်တလော ဝန်ထမ်းအင်အား အနေအထားအရ ဖွင့်နိုင်တဲ့အနေအထားတော့ မရှိသေးပေမယ့် ဖွင့်နိုင်အောင်တော့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အခုလုပ်နေတဲ့ ပထမ ခြောက်လပတ်မှာ မပါသေးပေမယ့် ဒုတိယခြောက်လပတ်မှာ ပါဝင်အောင်တော့ လုပ်ဆောင်သွားမှာပါ”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

သတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် ဖွင့်လှစ်ထားသော်လည်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မြို့ဆိုတာက နယ်စပ်မြို့ဖြစ်နေတဲ့အတွက် ခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ရှိကို ရှိသင့်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့ဖွဲ့နိုင်ဖို့ကို ကျွန်တော်တို့ဌာနက ကြိုးစားနေပါတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။

အဆိုပါ စင်တာများသည် စားသုံးသူနှင့် ထုတ်လုပ်သူများအတွက် စားသုံးသူ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းဆွေးနွေး အကြံပေးခြင်းအပြင် စားသုံးသူအခွင့်အရေးနစ်နာမှုများနှင့် ပတ်သက်သည့် တိုင်ကြားမှုများအား လက်ခံပြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံ တင်ပြ ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့တွင် ဥက္ကဌအဖြစ် ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက တာဝန်ယူထားပြီး ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၏ ဥက္ကဌများအဖြစ် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများက တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

စားသုံးသူအခွင့်အရေး ကာကွယ်နိုင်ရန်အတွက် ပြည်သူများ၏ တိုင်ကြားမှုလက်ခံဖြေရှင်းပေးနိုင်ရေး စင်တာများ ဖွင့်လှစ်ဆောင်ရွက်ရန် ၂၀၁၆ ခုနှစ် နှစ်ကုန်မှစ၍ ညွှန်ကြားထားသဖြင့် ၂၀၁၇ နှစ်စပိုင်းမှစ၍ အကောင်အထည် ဖော်ဆောင်နေရာ ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ဖွင့်လှစ်ထားပြီး အောင်ပန်း၊ ကျောက်မဲနှင့် မူဆယ်မြို့များ၌လည်း ဆက်လက် ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~