ထိုင္းဘက္က တရားမ၀င္ ေရႊ႕ေျပာင္း ျမန္မာလုပ္သား (၈)ဦး တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းဘက္က တရားမ၀င္ ေရႊ႕ေျပာင္း ျမန္မာလုပ္သား (၈)ဦး တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဇွန် 20, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ ေရႊ႕ေျပာင္းေနထိုင္ကာ လုပ္ကိုင္ေနၾကသည့္ ျမန္မာအလုပ္သမားမ်ားအား ထိုင္းဘက္မွ ဖမ္းဆီး အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ ဇြန္လ(၂၀)ရက္ေန႔တြင္ စုစုေပါင္း (၈)ဦးအား ျပန္လည္လႊဲေျပာင္း ေပးအပ္လာေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ရွိ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာ ႏွင့္ သက္ဆိုင္ရာ ဌာနမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြ႔ဲသို႔ ဇြန္လ(၂၀)ရက္ေန႔ နံနက္(၁၁း၃၀)နာရီ ၀န္းက်င္အခ်ိန္က လႊဲေျပာင္းေပးလာရာတြင္ အမ်ဳိးသား(၄)ဦး ႏွင့္ အမ်ဳိးသမီး(၄)ဦး စုစုေပါင္း (၈)ဦး ပါ၀င္ေၾကာင္း သိရသည္။

ထိုင္းဘက္မွ လာေရာက္လႊဲေျပာင္းရာတြင္ ျမန္မာႏိုင္ငံသား မဟုတ္သည့္ အျခားႏိုင္ငံသားမ်ား ပါ၀င္လာျခင္း ရွိမရွိကို ျမန္မာဘက္က စိစစ္ကာ လက္ခံခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တရားမ၀င္ေရႊ႕ေျပာင္း ျမန္မာႏိုင္ငံသားမ်ားအား ဖမ္းဆီး၍ ျပန္လည္ လႊဲေျပာင္းေပးလာရာတြင္ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ စ၍ ဇြန္လ(၂၀)ရက္ေန႔အထိ အမ်ဳိးသား(၅၇၀)ဦး၊ အမ်ဳိးသမီး(၂၄၅)ဦး ႏွင့္ ကေလးသူငယ္(၄၃)ဦး စုစုေပါင္း (၈၅၈)ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်ကာ လုပ်ကိုင်နကြေသည့် မြန်မာအလုပ်သမားများအား ထိုင်းဘက်မှ ဖမ်းဆီး အရေးယူပြီးနောက် တာချီလိတ်သို့ ဇွန်လ(၂၀)ရက်နေ့တွင် စုစုပေါင်း (၈)ဦးအား ပြန်လည်လွှဲပြောင်း ပေးအပ်လာကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာဝန်ရှိသူများက တာချီလိတ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နှင့် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သို့ ဇွန်လ(၂၀)ရက်နေ့ နံနက်(၁၁း၃၀)နာရီ ဝန်းကျင်အချိန်က လွှဲပြောင်းပေးလာရာတွင် အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၈)ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းဘက်မှ လာရောက်လွှဲပြောင်းရာတွင် မြန်မာနိုင်ငံသား မဟုတ်သည့် အခြားနိုင်ငံသားများ ပါဝင်လာခြင်း ရှိမရှိကို မြန်မာဘက်က စိစစ်ကာ လက်ခံခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တရားမဝင်ရွှေ့ပြောင်း မြန်မာနိုင်ငံသားများအား ဖမ်းဆီး၍ ပြန်လည် လွှဲပြောင်းပေးလာရာတွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စ၍ ဇွန်လ(၂၀)ရက်နေ့အထိ အမျိုးသား(၅၇၀)ဦး၊ အမျိုးသမီး(၂၄၅)ဦး နှင့် ကလေးသူငယ်(၄၃)ဦး စုစုပေါင်း (၈၅၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~