နယ္စပ္ေခ်ာင္းမွတဆင့္ တာခ်ီလိတ္သို႔ တရားမ၀င္ ေရာက္ရွိကာ မိုင္းဆတ္သို႔ သြားမည့္ ထိုင္းႏုိင္ငံသား(၃)ဦးအား ဖမ္းဆီးရမိ

နယ္စပ္ေခ်ာင္းမွတဆင့္ တာခ်ီလိတ္သို႔ တရားမ၀င္ ေရာက္ရွိကာ မိုင္းဆတ္သို႔ သြားမည့္ ထိုင္းႏုိင္ငံသား(၃)ဦးအား ဖမ္းဆီးရမိ
ဇွန် 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းစစ္ေဆးေရးဂိတ္တြင္ မိုင္းဆတ္ၿမိဳ႕သို႔ သြားမည့္ ေမာ္ေတာ္ယာဥ္တစ္စီးတြင္ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ မပါသည့္ ထုိင္းႏုိင္ငံသား (၃)ဦအား စစ္ေဆး ေတြ႔ရိွရသျဖင့္ လ၀ကဥပေဒျဖင့္ အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ဇြန္လ(၁၁)ရက္ေန႔ ေန႔လယ္ (၁၁)နာရီခြဲခန္႔က ယာဥ္ေမာင္း ေမာင္က်ကာ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးစဥ္ အဆိုပါ ယာဥ္တြင္ လုိက္ပါလာသည့္ ထုိင္းႏုိင္ငံသား သံုးဦးမွာ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ မပါသည္ကို စစ္ေဆးေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထုိင္းႏုိင္ငံသားသံုးဦးသည္ ဇြန္လ (၁၀)ရက္ေန႔ ည(၈)နာရီခြဲခန္႔တြင္ ထိုင္းႏုိင္ငံ မယ္ဆိုင္ ဘက္ျခမ္းမွ  အမွတ္(၂)ခ်စ္ၾကည္ေရးတံတားအနီး ေခ်ာင္းအား ျဖတ္သန္း၍ တာခ်ီလိတ္ၿမိဳ႕ တည္းခိုခန္းတစ္ခု (အမည္စိစစ္ဆဲ)၌ တည္းခိုေနထုိင္ၿပီး ဇြန္လ (၁၁)ရက္ေန႔တြင္ မုိင္းဆတ္ၿမိဳ႕သို႔ သြားေရာက္စဥ္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း  သိရသည္။

အဆိုပါ ထုိင္းႏုိင္ငံသား(၃)ဦးအား ၁၉၄၇ ခုႏွစ္ လူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒ ပုဒ္မ ၃ (၁) အရ အေရယူႏိုင္ရန္အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်တွင် မိုင်းဆတ်မြို့သို့ သွားမည့် မော်တော်ယာဉ်တစ်စီးတွင် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် မပါသည့် ထိုင်းနိုင်ငံသား (၃)ဦအား စစ်ဆေး တွေ့ရှိရသဖြင့် လဝကဥပဒဖြေင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇွန်လ(၁၁)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲခန့်က ယာဉ်မောင်း မောင်ကျကာ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးစဉ် အဆိုပါ ယာဉ်တွင် လိုက်ပါလာသည့် ထိုင်းနိုင်ငံသား သုံးဦးမှာ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် မပါသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားသုံးဦးသည် ဇွန်လ (၁၀)ရက်နေ့ ည(၈)နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ မယ်ဆိုင် ဘက်ခြမ်းမှ အမှတ်(၂)ချစ်ကြည်ရေးတံတားအနီး ချောင်းအား ဖြတ်သန်း၍ တာချီလိတ်မြို့ တည်းခိုခန်းတစ်ခု (အမည်စိစစ်ဆဲ)၌ တည်းခိုနေထိုင်ပြီး ဇွန်လ (၁၁)ရက်နေ့တွင် မိုင်းဆတ်မြို့သို့ သွားရောက်စဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား(၃)ဦးအား ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၃ (၁) အရ အရေယူနိုင်ရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~