ရွမ္းျပည္နယ္မွ တစ္ႏွစ္အတြင္း ဖမ္းဆီးရမိသည့္ မူးယစ္ေဆး အေမရိကန္ေဒၚလာ ၁၂၂ သန္းဖိုး မီးရိႈ႕ဖ်က္ဆီးမည္

ရွမ္းျပည္နယ္မွ တစ္ႏွစ္အတြင္း ဖမ္းဆီးရမိသည့္ မူးယစ္ေဆး အေမရိကန္ေဒၚလာ ၁၂၂ သန္းဖိုး မီးရိႈ႕ဖ်က္ဆီးမည္
ဇွန် 20, 2017
By Tachileik News Agency

ႏွစ္(၃၀)ေျမာက္ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါး အလြဲသံုးစားမႈႏွင့္ တရားမဝင္ ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အေနျဖင့္ ရွမ္းျပည္နယ္အတြင္း ဖမ္းဆီးရမိေသာ မူးယစ္ေဆးဝါးမ်ား မီးရိႈ႕ဖ်က္ဆီးမည့္တန္ဖိုးမွာ လက္ရိွစာရင္းအရ က်ပ္သန္းပါင္း (၁၆၆,၃၀၇ )ေက်ာ္ (အေမရိကန္ေဒၚလာ ၁၂၂သန္း)ရိွေနၿပီး ထပ္တိုးလာႏုိင္ေၾကာင္း သိရသည္။

အဆိုပါ အထိမ္းအမွတ္ အခမ္းအနားတြင္ ျပည္နယ္အတြင္းမွ ဖမ္းဆီးရမိထားသည့္ မူးယစ္ေဆးဝါးမ်ိဳးစံုအား မီးရိႈ႕ဖ်က္ဆီးပြဲ၊ ဆုေပးပြဲ ႏွင့္ ျပခန္းမ်ား ခင္းက်င္းျပသနိုင္ေရးတို႔အတြက္ တတိယအႀကိမ္ေျမာက္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးကို ဇြန္လ (၁၅) ရက္ေန႔က ေတာင္ႀကီးၿမိဳ႕ရိွ ရွမ္းျပည္နယ္ အစိုးရရံုး အစည္းအေဝး ခန္းမတြင္ က်င္းပျခင္းျဖစ္သည္။

“မီးရိႈ႕ဖ်က္ဆီးပြဲ၊ ဆုေပးပြဲနဲ႔ ျပခန္းမ်ား ခင္းက်င္း ျပသနိုင္ေရးအတြက္ ကၽြန္ေတာ္တို႔ သက္ဆိုင္ရာ ဌာနေတြနဲ႔ ပူးေပါင္းၿပီး ေဆာင္ရြက္ေနပါတယ္။ ၿမိဳ႕ေတာ္ခန္းမမွာ ျပခန္းေတြလုပ္သြားမယ္။ မီးပံုးပ်ံကြင္းမွာကေတာ့ မီးရိႈ႕ဖ်က္ဆီးပြဲ ျပဳလုပ္သြားမွာပါ။ လံုၿခံဳေရးအေနနဲ႔လည္း ကၽြန္ေတာ္တို႔ အျပည့္အဝ ေဆာင္ရြက္သြားမွာပါ ။ မီးရိႈ႕ဖ်က္ဆီးတဲ့ စာရင္းကေတာ့ အခုလက္ရွိဖမ္းဆီးထားတဲ့ စာရင္းေတြေပါ့ေနာ္။ ထပ္တိုးရင္တိုးအံုးမွာပါ” ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ အခမ္းအနားကို ဇြန္လ (၂၆) ရက္ေန႔၊ အေဝရာမီးပံုးပ်ံကြင္းတြင္ ျပဳလုပ္မည္ျဖစ္ၿပီး ရွမ္းျပည္နယ္ အတြင္းမွ ဖမ္းဆီးရမိသည့္ ဘိန္းျဖဴ၊ ဘိန္းျဖဴဘေလာက္တံုး၊ ဘိန္းညိဳမႈန္႔၊ ဘိန္းညိဳခဲ၊ ကဖင္းအမႈန္႔၊ အိုက္စ္၊ ဘိန္းဆီ ခဲ၊ ဘိန္းစိမ္း၊ စိတ္ၾကြရူးသြပ္ေဆးျပား၊ ဆူဒိုအက္ဖီဒရင္းေဆးျပား၊ စိတ္ၾကြေဆးျပားအေၾက/အမႈန္႕၊ အက္ဖက္ဒရင္းအမႈန္႕၊ ေကာ့စတစ္ဆိုဒါ ၊ ေဆးေျခာက္၊ ဘိန္းေခ်း ၊ ခပ္ခူး ၊ ဘိန္းစစ္ဖတ္၊ ဘိန္းမ်ဳိးေစ့၊ အရိုးမီးေသြးမႈန္႕၊ ဘိန္းဆီရည္၊ ဆာလဖ်ဴရစ္အက္ဆစ္၊ ဟိုက္ဒရို ကလိုရစ္အက္ဆစ္၊ အျဖဴေရာင္ အက္ဆစ္အခဲ၊ အီသိုင္းအီသာ၊ အရက္ျပန္တို႔ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလမွ ၂၀၁၇ ခုႏွစ္ ေမလအထိ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိမႈ အေျခအေနမွာ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ (၉၂၉) မႈတြင္ တရားခံ (၁,၅၁၆)ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ (၁,၉၈၃)မႈ တရားခံ (၂,၇၉၈) ဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အမႈေပါင္း (၅၇၆)မႈတြင္ တရားခံ (၈၇၉) ဦးရွိေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

နှစ်(၃၀)မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အနဖြေင့် ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမည့်တန်ဖိုးမှာ လက်ရှိစာရင်းအရ ကျပ်သန်းပါင်း (၁၆၆,၃၀၇ )ကျော် (အမေရိကန်ဒေါ်လာ ၁၂၂သန်း)ရှိနပြေီး ထပ်တိုးလာနိုင်ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်အတွင်းမှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးမျိုးစုံအား မီးရှို့ဖျက်ဆီးပွဲ၊ ဆုပေးပွဲ နှင့် ပြခန်းများ ခင်းကျင်းပြသနိုင်ရေးတို့အတွက် တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၁၅) ရက်နေ့က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခြင်းဖြစ်သည်။

“မီးရှို့ဖျက်ဆီးပွဲ၊ ဆုပေးပွဲနဲ့ ပြခန်းများ ခင်းကျင်း ပြသနိုင်ရေးအတွက် ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ မြို့တော်ခန်းမမှာ ပြခန်းတွေလုပ်သွားမယ်။ မီးပုံးပျံကွင်းမှာကတော့ မီးရှို့ဖျက်ဆီးပွဲ ပြုလုပ်သွားမှာပါ။ လုံခြုံရေးအနေနဲ့လည်း ကျွန်တော်တို့ အပြည့်အဝ ဆောင်ရွက်သွားမှာပါ။ မီးရှို့ဖျက်ဆီးတဲ့ စာရင်းကတော့ အခုလက်ရှိဖမ်းဆီးထားတဲ့ စာရင်းတွေပေါ့နော်။ ထပ်တိုးရင်တိုးအုံးမှာပါ” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အခမ်းအနားကို ဇွန်လ (၂၆) ရက်နေ့၊ အဝေရာမီးပုံးပျံကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ရှမ်းပြည်နယ် အတွင်းမှ ဖမ်းဆီးရမိသည့် ဘိန်းဖြူ၊ ဘိန်းဖြူဘလောက်တုံး၊ ဘိန်းညိုမှုန့်၊ ဘိန်းညိုခဲ၊ ကဖင်းအမှုန့်၊ အိုက်စ်၊ ဘိန်းဆီ ခဲ၊ ဘိန်းစိမ်း၊ စိတ်ကြွရူးသွပ်ဆေးပြား၊ ဆူဒိုအက်ဖီဒရင်းဆေးပြား၊ စိတ်ကြွဆေးပြားအကြေ/အမှုန့်၊ အက်ဖက်ဒရင်းအမှုန့်၊ ကော့စတစ်ဆိုဒါ၊ ဆေးခြောက်၊ ဘိန်းချေး၊ ခပ်ခူး၊ ဘိန်းစစ်ဖတ်၊ ဘိန်းမျိုးစေ့၊ အရိုးမီးသွေးမှုန့်၊ ဘိန်းဆီရည်၊ ဆာလဖျူရစ်အက်ဆစ်၊ ဟိုက်ဒရို ကလိုရစ်အက်ဆစ်၊ အဖြူရောင် အက်ဆစ်အခဲ၊ အီသိုင်းအီသာ၊ အရက်ပြန်တို့ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ် မေလအထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အခြေအနေမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၉၂၉) မှုတွင် တရားခံ (၁,၅၁၆)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁,၉၈၃)မှု တရားခံ (၂,၇၉၈) ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမှုပေါင်း (၅၇၆)မှုတွင် တရားခံ (၈၇၉) ဦးရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~