တာခ်ီလိတ္၌ ဂိုေဒါင္တစ္ခုတြင္ မွီခိုေနသည့္ အိမ္ရာမဲ့တစ္ဦး ထိုင္လ်က္ျဖင့္ ေသဆံုး

တာခ်ီလိတ္၌ ဂိုေဒါင္တစ္ခုတြင္ မွီခိုေနသည့္ အိမ္ရာမဲ့တစ္ဦး ထိုင္လ်က္ျဖင့္ ေသဆံုး
ဇွန် 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္(၇)လမ္းရွိ ဂိုေဒါင္အတြင္း ခိုလံႈေနသည့္ အမ်ိဳးသားတစ္ဦး ဇြန္လ (၁၈)ရက္ေန႔က ျပင္ပဒဏ္ရာမ်ား မရိွဘဲ ေသဆံုးေနသည္ကို ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕က စစ္ေဆးေနေၾကာင္း သိရသည္။

အမ်ိဳးသားတစ္ဦး ဂိုေဒါင္အတြင္း ေသဆံုးေနသည္ကိုု ေတြ႔ရေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔  ဇြန္လ (၁၈)ရက္ေန႔ ေန႔လယ္ (၁)နာခြဲခန္႔တြင္ ဖုန္းဆက္အေၾကာင္းၾကားသျဖင့္ ရဲတပ္ဖြဲ႔က သြားေရာက္စစ္ေဆးရာ တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္(၇)လမ္းရိွ ဖေရာ္ဇင္ေရသန္႔စက္ရံုမွ ပစၥည္းမ်ားထားသည့္ ဂိုေဒါင္ အတြင္းရိွ ထိုင္ခံုတန္းလ်ားတြင္ အားဖူဆိုသူမွာ ထိုင္လ်က္ ျပင္ပဒဏ္ရာမ်ား မရိွဘဲ ေသဆံုးေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

ဂိုေဒါင္အလုပ္သမားျဖစ္သူ ေက်ာ္စိုးႏွင့္ ရင္းႏွီးသည့္ အားဖူက လြန္ခဲ့သည့္ (၄)ရက္တြင္ ဂိုေဒါင္သို႔ ေရာက္လာၿပီး ေနစရာ အိမ္မရိွေၾကာင္းေျပာသျဖင့္ ပစၥည္းမ်ားထားသည့္ ဂိုေဒါင္တြင္ ညအိပ္ခြင့္ ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

အားဖူမွာ ေန႔ဘက္တြင္ ကီလိုေကာက္ကာ ညဘက္ေရာက္မွ ဂိုေဒါင္တြင္ လာအိပ္ေလ့ရိွၿပီး ဇြန္လ (၁၆)ရက္ေန႔ကစၿပီး အားဖူမွာ ဗိုက္ေအာင့္သျဖင့္ ေဆးခန္းျပေပးေနျခင္းျဖစ္ၿပီး ဇြန္လ (၁၇)ရက္ေန႔တြင္ ေဆးခန္းမျပေတာ့ဘဲ ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အားဖူမွာ ဗိုက္ေအာင့္ေနသျဖင့္ ဇြန္လ (၁၈)ရက္ေန႔တြင္ ေဆးခန္းျပေပးရန္ ဦးေက်ာ္ဆန္းလင္းႏွင့္အတူ သြားေခၚစဥ္ ၎မွာ ထုိင္ခံုေပၚတြင္ ထုိင္လ်က္ ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

 အားဖူ၏အေလာင္းအား စစ္ေဆးႏုိင္ရန္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၂၆/၂၀၁၇ ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်(၇)လမ်းရှိ ဂိုဒေါင်အတွင်း ခိုလှုံနေသည့် အမျိုးသားတစ်ဦး ဇွန်လ (၁၈)ရက်နေ့က ပြင်ပဒဏ်ရာများ မရှိဘဲ သေဆုံးနေသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

အမျိုးသားတစ်ဦး ဂိုဒေါင်အတွင်း သေဆုံးနေသည်ကို တွေ့ရကြောင်း တာချီလိတ်မြို့မရဲစခန်းသို့ ဇွန်လ (၁၈)ရက်နေ့ နေ့လယ် (၁)နာခွဲခန့်တွင် ဖုန်းဆက်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်(၇)လမ်းရှိ ဖရော်ဇင်ရေသန့်စက်ရုံမှ ပစ္စည်းများထားသည့် ဂိုဒေါင် အတွင်းရှိ ထိုင်ခုံတန်းလျားတွင် အားဖူဆိုသူမှာ ထိုင်လျက် ပြင်ပဒဏ်ရာများ မရှိဘဲ သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

ဂိုဒေါင်အလုပ်သမားဖြစ်သူ ကျော်စိုးနှင့် ရင်းနှီးသည့် အားဖူက လွန်ခဲ့သည့် (၄)ရက်တွင် ဂိုဒေါင်သို့ ရောက်လာပြီး နေစရာ အိမ်မရှိကြောင်းပြောသဖြင့် ပစ္စည်းများထားသည့် ဂိုဒေါင်တွင် ညအိပ်ခွင့် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အားဖူမှာ နေ့ဘက်တွင် ကီလိုကောက်ကာ ညဘက်ရောက်မှ ဂိုဒေါင်တွင် လာအိပ်လေ့ရှိပြီး ဇွန်လ (၁၆)ရက်နေ့ကစပြီး အားဖူမှာ ဗိုက်အောင့်သဖြင့် ဆေးခန်းပြပေးနခြေင်းဖြစ်ပြီး ဇွန်လ (၁၇)ရက်နေ့တွင် ဆေးခန်းမပြတော့ဘဲ နခြေင်းဖြစ်ကြောင်း သိရသည်။

အားဖူမှာ ဗိုက်အောင့်နေသဖြင့် ဇွန်လ (၁၈)ရက်နေ့တွင် ဆေးခန်းပြပေးရန် ဦးကျော်ဆန်းလင်းနှင့်အတူ သွားခေါ်စဉ်၎င်းမှာ ထိုင်ခုံပေါ်တွင် ထိုင်လျက် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

 အားဖူ၏အလောင်းအား စစ်ဆေးနိုင်ရန် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါသေဆုံးမှုအား တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၆/၂၀၁၇ ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~