ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းၿခံတြင္ တနဂၤေႏြေန႔တုိင္း စီစဥ္သည့္ စာဖတ္ၾကမယ္ အစီအစဥ္အား ဝါးျပားလမ္းဆံုမီးပိြဳင့္အနီးတြင္လည္း ထပ္မံ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အရပ္ဖက္ အဖြဲ႕အစည္း တစ္ခုျဖစ္သည့္ တရားဥပေဒစိုးမိုးေရး ကြန္ယက္အဖြဲ႔ထံမွ သိရသည္။
“၀ါးျပားလမ္းဆံုမီးပြိဳင့္အနားက ကားမွတ္တိုင္းနားေလးမွာ စာဖတ္ၾကမယ္ အစီအစဥ္ (၂) လုပ္မွာပါ။ အခုကၽြန္ေတာ္တို႕ ျမက္ေတြရွင္းလင္းၿပီး လွလွပပေလးျဖစ္ေအာင္ လုပ္ေနပါတယ္။ အမ်ားျပည္သူေတြ အတြက္လည္း အလြယ္တကူ ဖတ္နိုင္ေအာင္ အေနာက္ၿမိဳ႕ပတ္လမ္းတေလွ်ာက္ စာအုပ္စင္မ်ားလည္း ထားရွိေပးသြားမွာပါ” ဟု တရားဥပေဒစိုးမိုးေရးကြန္ယက္မွ ဦးဝင္းႏုိင္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ စာဖတ္ၾကမယ္ အစီအစဥ္ျဖင့္ စာအုပ္စင္မ်ား လုပ္ေဆာင္ေပးထားျခင္းျဖစ္ၿပီး ဗိုလ္ခ်ဳပ္ပန္းၿခံတြင္ စာအုပ္ေပါင္း (၅၀၀) ရိွေနကာ ဝါးျပားလမ္းဆံု ကားမွတ္တိုင္အနီးတြင္ စာအုပ္ေပါင္း (၃၀၀) ထားရိွေပးသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။
“စာအုပ္ေတြေတာ့ ထပ္စုေနပါတယ္။ ဒီေနရာေလးကလည္း ေနရာကလည္း က်ယ္ေတာ့ ျပည္သူေတြ အတြက္ ကားေစာင့္ရင္းနဲ႔ စာဖတ္နိုင္တယ္။ ၿပီးေတာ့ သူတို႕အတြက္လည္း ဗဟုသုတ အမ်ားႀကီး ရသြားပါတယ္။ ဒီအတြက္ ကၽြန္ေတာ္တို႕ တျခားေနရာေတြမွာ ေနရာရရင္ ရသလို စာအုပ္စင္ေတြ ထပ္လုပ္သြားေပးမွာပါ” ဟု ၎က ေျပာသည္။
အဆိုပါ အဖြဲ႕က စာဖတ္ၾကမယ္ အစီအစဥ္အား မတ္လကတည္းက စတင္ အေကာင္အထည္ ေဖၚေနျခင္းျဖစ္ၿပီး ရပ္ကြက္မ်ားအထိ အိမ္တိုင္ရာေရာက္ စာအုပ္အငွားစနစ္ကိုလည္း လုပ္ေဆာင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - နိုနို
“ဝါးပြားလမ်းဆုံမီးပွိုင့်အနားက ကားမှတ်တိုင်းနားလေးမှာ စာဖတ်ကြမယ် အစီအစဉ် (၂) လုပ်မှာပါ။ အခုကျွန်တော်တို့ မြက်တွေရှင်းလင်းပြီး လှလှပပလေးဖြစ်အောင် လုပ်နေပါတယ်။ အများပြည်သူတွေ အတွက်လည်း အလွယ်တကူ ဖတ်နိုင်အောင် အနောက်မြို့ပတ်လမ်းတလျှောက် စာအုပ်စင်များလည်း ထားရှိပေးသွားမှာပါ” ဟု တရားဥပဒေစိုးမိုးရေးကွန်ယက်မှ ဦးဝင်းနိုင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ စာဖတ်ကြမယ် အစီအစဉ်ဖြင့် စာအုပ်စင်များ လုပ်ဆောင်ပေးထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်ပန်းခြံတွင် စာအုပ်ပေါင်း (၅၀၀) ရှိနေကာ ဝါးပြားလမ်းဆုံ ကားမှတ်တိုင်အနီးတွင် စာအုပ်ပေါင်း (၃၀၀) ထားရှိပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
“စာအုပ်တွေတော့ ထပ်စုနေပါတယ်။ ဒီနေရာလေးကလည်း နေရာကလည်း ကျယ်တော့ ပြည်သူတွေ အတွက် ကားစောင့်ရင်းနဲ့ စာဖတ်နိုင်တယ်။ ပြီးတော့ သူတို့အတွက်လည်း ဗဟုသုတ အများကြီး ရသွားပါတယ်။ ဒီအတွက် ကျွန်တော်တို့ တခြားနေရာတွေမှာ နေရာရရင် ရသလို စာအုပ်စင်တွေ ထပ်လုပ်သွားပေးမှာပါ” ဟု၎င်းက ပြောသည်။
အဆိုပါ အဖွဲ့က စာဖတ်ကြမယ် အစီအစဉ်အား မတ်လကတည်းက စတင် အကောင်အထည် ဖော်နခြေင်းဖြစ်ပြီး ရပ်ကွက်များအထိ အိမ်တိုင်ရာရောက် စာအုပ်အငှါးစနစ်ကိုလည်း လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို