Update News

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ရံုးအနီး ေျမာင္းထဲတြင္ အေလာင္းတစ္ေလာင္း ေတြ႕ရွိ


ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးအနီးရွိ ေရေျမာင္းအတြင္း ေသဆံုးၿပီး ပုပ္ပြေနသည့္ အမည္မသိ အမ်ဳိးသား အေလာင္း တစ္ေလာင္းအား ဇြန္လ(၁၅)ရက္ေန႔ မြန္းလြဲပိုင္းက ေတြ႕ရွိရ၍ သက္ဆိုင္ရာမွ စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

အဆိုပါ အေလာင္းအား မည္သည့္အေၾကာင္းေၾကာင့္ ေသဆံုးျခင္းကို သိရွိႏိုင္ရန္အတြက္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ စစ္ေဆးႏိုင္ရန္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ကနဦး သိရွိရသည္၊

အေလာင္းစတင္ေတြ႕ရွိရသည့္ ေနရာသို႔ တာခ်ီလိတ္ၿမိဳ႕ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးထိန္လင္း ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား၊ ဆန္ဆိုင္(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေက်ာက္ ႏွင့္ တာ၀န္ရွိသူမ်ား ေရာက္ရွိၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ဓာတ္ပံု - S-Rose









~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ရေမြောင်းအတွင်း သေဆုံးပြီး ပုပ်ပွနေသည့် အမည်မသိ အမျိုးသား အလောင်း တစ်လောင်းအား ဇွန်လ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရှိရ၍ သက်ဆိုင်ရာမှ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ အလောင်းအား မည်သည့်အကြောင်းကြောင့် သေဆုံးခြင်းကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးနိုင်ရန် တာချီလိတ်နာရေးကူညီမှုအသင်းက ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း ကနဦး သိရှိရသည်၊

အလောင်းစတင်တွေ့ရှိရသည့် နေရာသို့ တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်း နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ ဆန်ဆိုင်(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် နှင့် တာဝန်ရှိသူများ ရောက်ရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - S-Rose
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::