ရွမ္္း/ေျမာက္မွ လူကုန္ကူးကိစၥမ်ား ေနျပည္ေတာ္သို႔ တိုက္ရိုက္ဆက္သြယ္ အေၾကာင္းၾကားမႈ မ်ားျပား

ရွမ္္း/ေျမာက္မွ လူကုန္ကူးကိစၥမ်ား ေနျပည္ေတာ္သို႔ တိုက္ရိုက္ဆက္သြယ္ အေၾကာင္းၾကားမႈ မ်ားျပား
ဇွန် 24, 2017
By Tachileik News Agency

တစ္ႏုိင္ငံလံုး အတုိင္းအတာျဖင့္ အမ်ားဆံုးျဖစ္ပြားသည့္ ရွမ္းျပည္နယ္(ေျမာက္ပုိင္း)မွ လူကုန္ကူးမႈႏွင့္ သက္ဆိုင္ေသာ သတင္းမ်ားအား ေနျပည္ေတာ္ရိွ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔၏ Hot Line ဖုန္းနံပါတ္မ်ားသို႔ အမ်ားဆံုး ဆက္သြယ္အေၾကာင္းၾကားေၾကာင္း  လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔၊ တပ္ဖြဲ႔စု(၁၆)လားရႈိး ထံမွ သိရသည္။

“မ်ားေသာအားျဖင့္ေတာ့ ေဟာ့လိုင္းဖုန္းေတြက ေနျပည္ေတာ္ကိုပဲ ဝင္သြားၾကတာမ်ားတယ္။ ကြ်န္ေတာ္တို႔ ရံုးဖုန္းေတြကိုလည္း တိုက္ရိုက္ဆက္သြယ္ၿပီးေတာ့ သတင္းေပးတိုင္ၾကားတာေတြလည္း ရွိပါတယ္။ ရံုးဖုန္းကို ဆက္သြယ္ၿပီး တိုင္ၾကားသတင္းေပးတာကေတာ့ အဲဒီေလာက္ႀကီး မ်ားမ်ားစားစား မရွိပါဘူး”ဟု လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔၊ တပ္ဖြဲ႔စု(၁၆)လားရႈိးမွ ရဲမွဴးေအာင္လြင္က တာခီ်လိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံမွ အမ်ိဳးသမီးမ်ားအား လူကုန္ကူးခံရမႈအမ်ားစုမွာ လိင္စီးပြားေရး လုပ္ငန္းမ်ားတြင္ အသံုးခ်ရန္၊ သတို႔သမီးအျဖစ္ ေရာင္းခ်ရန္၊ အိမ္ေဖာ္ လုပ္ငန္းမ်ားအတြက္ ေရာင္းခ်ရန္၊ လုပ္သားမ်ား အျဖစ္ အသံုးခ်ရန္ႏွင့္ ကေလးသူငယ္မ်ားအား ေတာင္းရမ္းခိုင္းေစရန္ အတြက္ အမ်ားဆံုးျဖစ္ပြားၿပီး လူကုန္ကူးမႈမ်ား တားဆီးႏွိမ္ႏွင္းေရးတြင္ ျပည္သူလူထု ပူးေပါင္းပါဝင္မႈ အထိုက္အေလ်ာက္ ရရိွေနေၾကာင္း လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔၊ တပ္ဖြဲ႔စု(၁၆)လားရႈိးထံမွ သိရသည္။

“ျဖစ္စဥ္ရွိရင္ ဖုန္းဆက္တုိင္ၾကားလာတာမ်ိဳးေတာ့ ရွိပါတယ္။ ျပည္သူလူထု ပူးေပါင္းပါဝင္မႈကေတာ့ အားနည္းတယ္လို႔လည္း ေျပာလို႔မရဘူး။ ဖုန္းဆက္တိုင္လာတိုင္းလည္း လူကုန္ကူးမႈျဖစ္ခ်င္မွျဖစ္တာ။ ေတာ္ေတာ္မ်ားမ်ားက စံုစမ္းလိုက္တဲ့အခါ လူေပ်ာက္မႈေတြ ျဖစ္ေနတာမ်ားပါတယ္” ဟု   ရဲမွဴးေအာင္လြင္က ေျပာသည္။

လူကုန္ကူးမႈ အမ်ားဆံုး ျဖစ္ပြားသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ လားရိႈးေဒသသည္ တရုတ္ႏိုင္ငံသို႔ ဦးတည္သည့္ လူကုန္ကူးမႈလမ္းေၾကာင္းျဖစ္ျခင္း၊ ထိုင္းႏိုင္ငံသုိ႔ဦးတည္သည့္ လူေမွာင္ခိုမ်ား စတင္ထြက္ခြာရာ ေဒသတစ္ခုျဖစ္ျခင္းတို႔ေၾကာင့္ ေဒသတြင္းမွ ျပည္သူမ်ားအေနျဖင့္ လူကုန္ကူးဟု သံသယျဖစ္ဖြယ္မ်ား ေတြ႔ရိွပါက ထုတ္ျပန္ထားသည့္ hot line နံပါတ္မ်ားအျပင္ ေဒသတြင္း ရဲတပ္ဖြဲ႕မ်ားထံလည္း ဆက္သြယ္သတင္းေပးၾကရန္ ရဲမွဴးေအာင္လြင္က တို္က္တြန္းထာားသည္။

လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးအတြက္ လူကုန္ကူးျခင္း၊ လူေမွာင္ခိုျခင္းႏွင့္ ပတ္သက္၍ သကၤာမကင္းသည့္ ကိစၥရပ္မ်ားရွိပါက Hot Line ဖုန္းမ်ားျဖစ္သည့္ ၀၉ ၄၉၅၅၅၆၆၆၊ ၀၉ ၄၉၅၅၅၇၇၇၊ ၀၉ ၄၉၅၅၅၈၈၈၊ ၀၉ ၄၉၅၅၅၉၉၉ မ်ားအျပင္ လားရိႈးၿမိဳ႕ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔ တပ္ဖြဲ႔စုရံုးဖုန္း ၀၈၂ ၃၀၇၀၁၊ ၀၉ ၄၇၃၀၀၄၈၁၊ မူဆယ္ တပ္ဖြဲ႕စုရံုးဖုန္း ၀၈၂ ၅၂၈၉၀၊ ေလာက္ကိုင္ တပ္ဖြဲ႕စိတ္ဖုန္း ၀၉ ၂၅၆၁၃၃၅၄၈၊ ခ်င္းေရႊေဟာ္ တပ္ဖြဲ႕စိတ္ဖုန္း ၀၉ ၄၉၂၄၁၄၂၄ တို႔သို႔ အခ်ိန္မေရြးဆက္သြယ္ အေၾကာင္းၾကားႏုိင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အများဆုံးဖြစ်ပွားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ လူကုန်ကူးမှုနှင့် သက်ဆိုင်သော သတင်းများအား နပြေည်တော်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ Hot Line ဖုန်းနံပါတ်များသို့ အများဆုံး ဆက်သွယ်အကြောင်းကြားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၆)လားရှိုး ထံမှ သိရသည်။

“များသောအားဖြင့်တော့ ဟော့လိုင်းဖုန်းတွေက နပြေည်တော်ကိုပဲ ဝင်သွားကြတာများတယ်။ ကျွန်တော်တို့ ရုံးဖုန်းတွေကိုလည်း တိုက်ရိုက်ဆက်သွယ်ပြီးတော့ သတင်းပေးတိုင်ကြားတာတွေလည်း ရှိပါတယ်။ ရုံးဖုန်းကို ဆက်သွယ်ပြီး တိုင်ကြားသတင်းပေးတာကတော့ အဲဒီလောက်ကြီး များများစားစား မရှိပါဘူး”ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၆)လားရှိုးမှ ရဲမှူးအောင်လွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများအား လူကုန်ကူးခံရမှုအများစုမှာ လိင်စီးပွားရေး လုပ်ငန်းများတွင် အသုံးချရန်၊ သတို့သမီးအဖြစ် ရောင်းချရန်၊ အိမ်ဖော် လုပ်ငန်းများအတွက် ရောင်းချရန်၊ လုပ်သားများ အဖြစ် အသုံးချရန်နှင့် ကလေးသူငယ်များအား တောင်းရမ်းခိုင်းစေရန် အတွက် အများဆုံးဖြစ်ပွားပြီး လူကုန်ကူးမှုများ တားဆီးနှိမ်နှင်းရေးတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အထိုက်အလျောက် ရရှိနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၆)လားရှိုးထံမှ သိရသည်။

“ဖြစ်စဉ်ရှိရင် ဖုန်းဆက်တိုင်ကြားလာတာမျိုးတော့ ရှိပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှုကတော့ အားနည်းတယ်လို့လည်း ပြောလို့မရဘူး။ ဖုန်းဆက်တိုင်လာတိုင်းလည်း လူကုန်ကူးမှုဖြစ်ချင်မှဖြစ်တာ။ တော်တော်များများက စုံစမ်းလိုက်တဲ့အခါ လူပျောက်မှုတွေ ဖြစ်နေတာများပါတယ်” ဟု ရဲမှူးအောင်လွင်က ပြောသည်။

လူကုန်ကူးမှု အများဆုံး ဖြစ်ပွားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးဒေသသည် တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှုလမ်းကြောင်းဖြစ်ခြင်း၊ ထိုင်းနိုင်ငံသို့ဦးတည်သည့် လူမှောင်ခိုများ စတင်ထွက်ခွာရာ ဒေသတစ်ခုဖြစ်ခြင်းတို့ကြောင့် ဒေသတွင်းမှ ပြည်သူများအနဖြေင့် လူကုန်ကူးဟု သံသယဖြစ်ဖွယ်များ တွေ့ရှိပါက ထုတ်ပြန်ထားသည့် hot line နံပါတ်များအပြင် ဒေသတွင်း ရဲတပ်ဖွဲ့များထံလည်း ဆက်သွယ်သတင်းပေးကြရန် ရဲမှူးအောင်လွင်က တို်က်တွန်းထားသည်။

လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအတွက် လူကုန်ကူးခြင်း၊ လူမှောင်ခိုခြင်းနှင့် ပတ်သက်၍ သင်္ကာမကင်းသည့် ကိစ္စရပ်များရှိပါက Hot Line ဖုန်းများဖြစ်သည့် ဝ၉ ၄၉၅၅၅၆၆၆၊ ဝ၉ ၄၉၅၅၅၇၇၇၊ ဝ၉ ၄၉၅၅၅၈၈၈၊ ဝ၉ ၄၉၅၅၅၉၉၉ များအပြင် လားရှိုးမြို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စုရုံးဖုန်း ဝ၈၂ ၃၀၇၀၁၊ ဝ၉ ၄၇၃၀၀၄၈၁၊ မူဆယ် တပ်ဖွဲ့စုရုံးဖုန်း ဝ၈၂ ၅၂၈၉၀၊ လောက်ကိုင် တပ်ဖွဲ့စိတ်ဖုန်း ဝ၉ ၂၅၆၁၃၃၅၄၈၊ ချင်းရွှေဟော် တပ်ဖွဲ့စိတ်ဖုန်း ဝ၉ ၄၉၂၄၁၄၂၄ တို့သို့ အချိန်မရွေးဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~