ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အဖြစ် တည်ထောင်ခြင်းဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲ တာချီလိတ်တွင် ပြုလုပ်ကာ အထောက်အကူပြု ပစ္စည်းများ ပေးအပ်

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အဖြစ် တည်ထောင်ခြင်းဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲ တာချီလိတ်တွင် ပြုလုပ်ကာ အထောက်အကူပြု ပစ္စည်းများ ပေးအပ်
ဇှနျ 16, 2017
By Tachileik News Agency


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်(ခေတ္တ)ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်က ရှမ်းပြည်နယ်အား ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်အဖြစ် ဖော်ဆောင်နေခြင်နှင့် ပတ်သက်၍ အဆိုပါ လုပ်ငန်းနှင့် စပ်လျဉ်းသည့် ဥပဒေအကြောင်းအရာများ၊ ဆေးလိပ်ငွေ့ကင်းမဲ့ဇုန် သတ်မှတ်မှုနေရာများ ဖော်ဆောင်ရေးနှင့် ယခုလို ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံတစ်ခုတည်းက ဖော်ဆောင်နေခြင်း မဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ဖော်ဆောင်နေခြင်းဖြစ်ပြီး အချို့နိုင်ငံများတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများ လက်တွေ့ အကောင်အထည်ဖော်နေကြသည် ဖြစ်ရာ သက်ဆိုင်ရာဌာနများ၏ လုပ်ဆောင်ချက် တစ်ခုတည်း မဟုတ်ဘဲ ကျောင်းသားမိဘများ၊ လုပ်သားပြည်သူများ စသည်တို့မှ ပူးပေါင်းမှသာ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် မီဒီယာများက ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်အဖြစ် ဖော်ဆောင်နေခြင်းနှင့် ပတ်သက်၍ အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။






~~~~~~~~⊰❂ unicode ~~~~~~~~

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အဖြစ် တည်ထောင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဦးဆောင်သည့် အဖွဲ့က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ဇွန်လ(၁၆)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က အသိပညာပေးမှုနှင့်အတူ အထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်(ခေတ္တ)ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်က ရှမ်းပြည်နယ်အား ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်အဖြစ် ဖော်ဆောင်နခြေင်နှင့်ပတ်သက်၍ အဆိုပါ လုပ်ငန်းနှင့် စပ်လျဉ်းသည့် ဥပဒေအကြောင်းအရာများ၊ ဆေးလိပ်ငွေ့ကင်းမဲ့ဇုန် သတ်မှတ်မှုနေရာများ ဖော်ဆောင်ရေးနှင့် ယခုလို ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံတစ်ခုတည်းက ဖော်ဆောင်နခြေင်း မဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ဖော်ဆောင်နခြေင်းဖြစ်ပြီး အချို့နိုင်ငံများတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများ လက်တွေ့အကောင်အထည်ဖော်နကြေသည် ဖြစ်ရာ သက်ဆိုင်ရာဌာနများ၏ လုပ်ဆောင်ချက် တစ်ခုတည်း မဟုတ်ဘဲ ကျောင်းသားမိဘများ၊ လုပ်သားပြည်သူများ စသည်တို့မှ ပူးပေါင်းမှသာ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် မီဒီယာများက ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်အဖြစ် ဖော်ဆောင်နခြေင်းနှင့် ပတ်သက်၍ အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် တည်ထောင်ခြင်းနှင့် ပတ်သက်၍ အထောက်အကူပြုပစ္စည်းများအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် တို့အား အသီးသီးပေးအပ်သည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်(ခေတ္တ)ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် အပါအဝင် တာချီလိတ်မြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ စသည်တို့မှ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~