မိုင္းျဖတ္ၿမိဳ႕ ဆိုင္းေလရြာအနီးတြင္ ယာဥ္တစ္စီး လမ္းေဘးထိုးက်၍ ယာဥ္ေမာင္းႏွင္သည့္ ေျမစာရင္းဌာနအရာရိွ ေသဆံုး

မိုင္းျဖတ္ၿမိဳ႕ ဆိုင္းေလရြာအနီးတြင္ ယာဥ္တစ္စီး လမ္းေဘးထိုးက်၍ ယာဥ္ေမာင္းႏွင္သည့္ ေျမစာရင္းဌာနအရာရိွ ေသဆံုး
ဇွန် 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံု - မိုင္းျဖတ္လမ္း ဆိုင္းေလရြာအနီးတြင္ ဇြန္လ (၂၀)ရက္ေန႔က ေမာ္ေတာ္ယာဥ္ တစ္စီး အရွိန္လြန္ကာ လမ္းေဘး ေခ်ာက္ကမ္းပါး အတြင္းသို႔ က်သြားသျဖင့္ ယာဥ္ေမာင္းႏွင္သည့္ တာေလ ေျမစာရင္းဦးစီးဌာနမွ လက္ေထာက္ဦးစီးအရာရိွ ေသဆံုးသြားေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕မရဲစခန္းသို႔ ဇြန္လ (၂၀)ရက္ေန႔ ေန႔လယ္ (၁)နာခြဲခန္႔က ေမာ္ေတာ္ယာဥ္တိမ္းေမွာက္ေၾကာင္း ဆက္သြယ္ အေၾကာင္းလာသျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ အခင္းျဖစ္ပြားရာ က်ိဳင္းတံု - မိုင္းျဖတ္လမ္း မိုင္တိုင္ အမွတ္ (၇၀၂)ႏွင့္ (၇၀၃)ၾကား ဆိုင္းေလရြာအနီးသို႔ သြားေရာက္ စစ္ေဆးရာ က်ိဳင္းတံုဘက္မွ မိုင္းျဖတ္ဘက္သို႔ ဦးေက်ာ္စိုး ေမာင္းႏွင္ၿပီး ၎၏ ဇနီးျဖစ္သူ ေဒၚမီမီယဥ္၊ ဦးသန္းထြန္းေလးတို႔ လုိက္ပါလာသည့္ ယာဥ္သည္ လမ္း၏ ယာဘက္ေဘး ေခ်ာက္ကမ္းပါးတြင္ ထိုးက်တိမ္းေမွာက္ေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းႏွင္သူ ဦးေက်ာ္စိုးမွာ ေနရာတြင္ ေသဆံုးသြားၿပီး ယာဥ္ေပၚ လုိက္ပါလာသူႏွစ္ဦးမွာ ဒဏ္ရာရသြားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းႏွင္သူ ေက်ာ္စိုး(ေသဆံုး)အား မုိင္းျဖတ္ၿမိဳ႕မ ရဲစခန္းတြင္ ယာဥ္(ပ) ၁၈/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/ ၃၃၇/ ၃၀၄ -က တို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ယာဥ္ေမွာက္မႈ ျဖစ္ပြားရာ ေနရာသို႔ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ႏွင့္ ၀န္ထမ္းမ်ား၊ အမွတ္(၇၀၀၂) သံခ်ပ္ကာတိုက္ခိုက္ေရးတပ္ရင္း မွ တပ္ရင္းမွဴး ႏွင့္ တပ္ဖြဲ႔ဝင္မ်ား လူမႈေရးအသင္းအဖြဲ႔မ်ား သြားေရာက္ကူညီ ေပးခဲ့ေၾကာင္း သိရသည္။

သတင္း - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - မိုင်းဖြတ်လမ်း ဆိုင်းလေရွာအနီးတွင် ဇွန်လ (၂၀)ရက်နေ့က မော်တော်ယာဉ် တစ်စီး အရှိန်လွန်ကာ လမ်းဘေး ချောက်ကမ်းပါး အတွင်းသို့ ကျသွားသဖြင့် ယာဉ်မောင်းနှင်သည့် တာလေ မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးအရာရှိ သေဆုံးသွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့မရဲစခန်းသို့ ဇွန်လ (၂၀)ရက်နေ့ နေ့လယ် (၁)နာခွဲခန့်က မော်တော်ယာဉ်တိမ်းမှောက်ကြောင်း ဆက်သွယ် အကြောင်းလာသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ ကျိုင်းတုံ - မိုင်းဖြတ်လမ်း မိုင်တိုင် အမှတ် (၇၀၂)နှင့် (၇၀၃)ကြား ဆိုင်းလေရွာအနီးသို့ သွားရောက် စစ်ဆေးရာ ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ ဦးကျော်စိုး မောင်းနှင်ပြီး၎င်း၏ ဇနီးဖြစ်သူ ဒေါ်မီမီယဉ်၊ ဦးသန်းထွန်းလေးတို့ လိုက်ပါလာသည့် ယာဉ်သည် လမ်း၏ ယာဘက်ဘေး ချောက်ကမ်းပါးတွင် ထိုးကျတိမ်းမှောက်နေသည်ကို တွေ့ရကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင်သူ ဦးကျော်စိုးမှာ နေရာတွင် သေဆုံးသွားပြီး ယာဉ်ပေါ် လိုက်ပါလာသူနှစ်ဦးမှာ ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းနှင်သူ ကျော်စိုး(သေဆုံး)အား မိုင်းဖြတ်မြို့မ ရဲစခန်းတွင် ယာဉ်(ပ) ၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇/ ၃၀၄ -က တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

ယာဉ်မှောက်မှု ဖြစ်ပွားရာ နေရာသို့ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ အမှတ်(၇၀၀၂) သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း မှ တပ်ရင်းမှူး နှင့် တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ သွားရောက်ကူညီ ပေးခဲ့ကြောင်း သိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~