ဆလိုင္းတင္ေမာင္ဦး က်ဆံုးျခင္း (၄၁)ႏွစ္ျပည့္ေအာက္ေမ့ဖြယ္ အျဖစ္ မေကြးတြင္ ပထမဆံုးအႀကိမ္ ျပဳလုပ္

ဆလိုင္းတင္ေမာင္ဦး က်ဆံုးျခင္း (၄၁)ႏွစ္ျပည့္ေအာက္ေမ့ဖြယ္ အျဖစ္ မေကြးတြင္ ပထမဆံုးအႀကိမ္ ျပဳလုပ္
ဇွန် 26, 2017
By Tachileik News Agency

ဦးသန္႔ အေရးအခင္းတြင္ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားေခါင္းေဆာင္ ဆလိုင္းတင္္ေမာင္ဦး က်ဆံုးခဲ့သည့္ (၄၁) ႏွစ္ျပည့္အထိမ္းအမွတ္ ေအာက္ေမ့ဖြယ္အျဖစ္ ဇြန္လ (၂၆)ရက္ေန႔တြင္ မေကြးၿမိဳ႕၌ က်င္းပေၾကာင္း သိရသည္။

“ဆလိုင္းတင္ေမာင္ဦးဟာ စစ္အစိုးရလက္ထက္ အေစာပိုင္းကတည္းက ႀကိဳးေပး ကြပ္မ်က္ခံခဲ႔ရတယ္။ ေနာက္ပိုင္း ေခတ္အေျခအေန အရ အခုေခတ္လူငယ္ေတြ၊ ေက်ာင္းသားသမဂၢေခါင္းေဆာင္ေတြကအစ မသိၾကေတာ႔ဘူး။ ဒါ႔ေၾကာင္႔ ႏိုင္ငံအတြက္ အသက္ေပးခဲ႔ရတဲ႔ ေမ႔ေလ်ာ႔ခံေက်ာင္းသား တစ္ေယာက္ကို ျပည္သူေတြ၊ ေက်ာင္းသားလူငယ္ေတြသိရိွေအာင္ အခုလို စီတန္းလွည္႔လည္ၾကတာပါ”ဟု အေျခခံက်န္းမာေရး တကၠသုိလ္ ခ်င္းတိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီဥကၠဌ ဆလုိင္းဆန္းဝင္းၾကည္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ေျပာသည္။

ဦးသန္႔အေရးအခင္းႏွင့္ ပတ္သက္၍ ၁၉၇၂ ခုႏွစ္ ဦးေနဝင္းလက္ထက္တြင္ ႀကိဳးေပးခံခဲ့ရသည့္ ဆလိုင္း တင္ေမာင္ဦး ေအာက္ေမ့ဖြယ္အား မေကြးၿမိဳ႕တြင္ ပထမဆံုးအႀကိမ္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရၿပီး တကၠသိုလ္ အသီးသီးမွ ခ်င္းလူငယ္ေက်ာင္းသားေက်ာင္းသူမ်ား၊ ေက်ာင္းသားသမဂၢ ကုိယ္စားလွယ္မ်ား၊ ေျမလတ္ေက်ာင္းသားအဖဲြ႕တို႔မွ စုစုေပါင္း (၃၀)ဦးခန္႔တို႔ ပါဝင္ၾကေၾကာင္း သိရသည္။

“သူဟာခ်င္းလူမ်ိဳးေတြအတြက္သာမဟုတ္ဘဲ တစ္ႏိုင္ငံလံုးမွာရိွတဲ႔ ေက်ာင္းသားေတြနဲ႔ ျပည္သူလူထုေတြ ေကာင္းစားဖို႔အတြက္ လုပ္ခဲ႔တယ္။ သူ႔မိသားစုနဲ႔ ေဆြမ်ိဳးသားခ်င္းေတြ အသိမေပးဘဲနဲ႔ သူ အဖမ္းခံခဲ႔ရၿပီး အသတ္ခံခဲ႔ရတာေၾကာင္႔ ကၽြန္ေတာ္တို႔အေနနဲ႔ အလြန္ဝမ္းနည္းပါတယ္။ သူဟာ အလုပ္သမား အေရးအခင္း၊ ဦးသန္႔အေရးအခင္း၊ ကၽြန္းဆြယ္အေရးအခင္းေတြမွာ ဦးေဆာင္လုပ္ခဲ႔တယ္။ ဒီလို ေအာက္ေမ႔ဖြယ္ အခမ္းအနားက မေကြးတိုင္းမွာ ပထမ ဦးဆံုးအႀကိမ္ျပဳလုပ္ျခင္းျဖစ္ပါတယ္”ဟု ခ်င္းတိုင္းရင္းသားဆလိုင္း ရိုးေမာင္က ေျပာသည္။

ေအာက္ေမ့ဖြယ္စီတန္းလွည့္လည္ျခင္းအား မေကြးၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးတြင္ ခြင့္ျပဳခ်က္ရယူၿပီး လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ဦးသန့် အရေးအခင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့သည့် (၄၁) နှစ်ပြည့်အထိမ်းအမှတ် အောက်မေ့ဖွယ်အဖြစ် ဇွန်လ (၂၆)ရက်နေ့တွင် မကွေးမြို့၌ ကျင်းပကြောင်း သိရသည်။

“ဆလိုင်းတင်မောင်ဦးဟာ စစ်အစိုးရလက်ထက် အစောပိုင်းကတည်းက ကြိုးပေး ကွပ်မျက်ခံခဲ့ရတယ်။ နောက်ပိုင်း ခေတ်အခြေအနေ အရ အခုခေတ်လူငယ်တွေ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကအစ မသိကြတော့ဘူး။ ဒါ့ကြောင့် နိုင်ငံအတွက် အသက်ပေးခဲ့ရတဲ့ မေ့လျော့ခံကျောင်းသား တစ်ယောက်ကို ပြည်သူတွေ၊ ကျောင်းသားလူငယ်တွေသိရှိအောင် အခုလို စီတန်းလှည့်လည်ကြတာပါ”ဟု အခြေခံကျန်းမာရေး တက္ကသိုလ် ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ ဆလိုင်းဆန်းဝင်းကြည်က တာချီလိတ် သတင်းအေဂျင်စီသို့ပြောသည်။

ဦးသန့်အရေးအခင်းနှင့် ပတ်သက်၍ ၁၉၇၂ ခုနှစ် ဦးနေဝင်းလက်ထက်တွင် ကြိုးပေးခံခဲ့ရသည့် ဆလိုင်း တင်မောင်ဦး အောက်မေ့ဖွယ်အား မကွေးမြို့တွင် ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပြီး တက္ကသိုလ် အသီးသီးမှ ချင်းလူငယ်ကျောင်းသားကျောင်းသူများ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ၊ မြေလတ်ကျောင်းသားအဖွဲ့တို့မှ စုစုပေါင်း (၃၀)ဦးခန့်တို့ ပါဝင်ကြကြောင်း သိရသည်။

“သူဟာချင်းလူမျိုးတွေအတွက်သာမဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေနဲ့ ပြည်သူလူထုတွေ ကောင်းစားဖို့အတွက် လုပ်ခဲ့တယ်။ သူ့မိသားစုနဲ့ ဆွေမျိုးသားချင်းတွေ အသိမပေးဘဲနဲ့ သူ အဖမ်းခံခဲ့ရပြီး အသတ်ခံခဲ့ရတာကြောင့် ကျွန်တော်တို့အနေနဲ့ အလွန်ဝမ်းနည်းပါတယ်။ သူဟာ အလုပ်သမား အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ကျွန်းဆွယ်အရေးအခင်းတွေမှာ ဦးဆောင်လုပ်ခဲ့တယ်။ ဒီလို အောက်မေ့ဖွယ် အခမ်းအနားက မကွေးတိုင်းမှာ ပထမ ဦးဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပါတယ်”ဟု ချင်းတိုင်းရင်းသားဆလိုင်း ရိုးမောင်က ပြောသည်။

အောက်မေ့ဖွယ်စီတန်းလှည့်လည်ခြင်းအား မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ခွင့်ပြုချက်ရယူပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~