ေက်ာက္မဲၿမိဳ႕ ကြန္ေကာ္ေက်းရြာမွ စစ္ေဘးေရွာင္မ်ား ႏွစ္ပတ္ေက်ာ္သည္အထိ ေနရပ္ မျပန္ႏုိင္ေသး

ေက်ာက္မဲၿမိဳ႕ ကြန္ေကာ္ေက်းရြာမွ စစ္ေဘးေရွာင္မ်ား ႏွစ္ပတ္ေက်ာ္သည္အထိ ေနရပ္ မျပန္ႏုိင္ေသး
ဇွန် 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕နယ္ ကြန္ေကာ္ေက်းရြာအုပ္စုတြင္ ေမလ (၂၀)ရက္ေန႔ကတည္းက စစ္ေဘးေရွာင္လာသည့္ ေဒသခံမ်ားမွာ ဇြန္လ(၆)ရက္ေန႔အထိ ေနရပ္သို႔ ျပန္ႏုိင္ျခင္းမရိွေသးေၾကာင္း သိရသည္။

“သူတို႔က ေနရပ္ျပန္ၿပီးေနထိုင္ဖို႔ မၾကာခဏသြားၿပီး ေလ့လာေနၾကတာေတာ့ရွိတယ္။ သြားလိုက္ ျပန္လာလိုက္ လုပ္ေနတာ။ ျပန္ေနဖို႔ေတာ့ အဆင္မေျပေသးဘူးလို႔ သိရတယ္။ ေလာေလာဆယ္ေတာ့ ေက်ာက္မဲမွာပဲ ဆက္ၿပီး ေနထိုင္ေနၾကတုန္းပဲ။ သူတို႔ေဒသေတြက လက္ဖက္လုပ္ငန္းေတြကို ျပန္ၿပီး လုပ္ကိုင္ဖို႔ေတာ့ ဆႏၵရွိေနၾကတယ္”ဟု ေက်ာက္မဲၿမိဳ႕ အမွတ္(၈)ရပ္ကြက္ရွိ ဗုဒၶဘာသာယဥ္ေက်းမႈ သင္တန္းေက်ာင္းရွိ စစ္ေဘးေရွာင္စခန္းမွ စခန္းတာဝန္ခံ ကိုၾကည္ျမင့္ေအးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ႏွင့္(၁၃)မိုင္ခန္႔ေဝးကြာသည့္ ကြန္ေကာ္ေက်းရြာအုပ္စုအတြင္းရွိ ေတာ့ဖယ္ေက်းရြာမွ ေဒသခံ(၉၆)ဦး ေမလ(၂၀)ရက္ေန႔တြင္ စစ္ေဘးေရွာင္လာျခင္းျဖစ္ၿပီး ေမလ(၂၄)ရက္ေန႔တြင္ (၁၄၂)ဦး ထပ္မံေရာက္လာခဲ့သျဖင့္ လက္ရွိတြင္ စုစုေပါင္း (၁၃၈) ဦး ခိုလံႈေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ဇြန္လ(၅)ရက္ေန႔အထိ လူဦးေရကေတာ့ (၁၃၈)ေယာက္ပဲရွိေတာ့တယ္။ ေက်ာင္းေနအရြယ္ကေလးက KG တန္း အရြယ္(၅)ဦးပဲ ပါတယ္။ သူတို႔ကေတာ့ ဒီႏွစ္ေက်ာင္းမတက္ေတာ့ဘူးလို႔ သိရတယ္။ စစ္ေဘးေရွာင္ေတြအတြက္ စားနပ္ရိကၡာက ေလာေလာဆယ္ လံုေလာက္မႈရွိပါတယ္။ တခ်ိဳ႕ အဖြဲ႔အစည္းေတြကေနလာၿပီးလွဴဒါန္း ထားတာေတြလည္းရွိတဲ့အတြက္ လတ္တေလာက အဆင္ေျပ ပါတယ္”ဟု စခန္းတာဝန္ခံက ေျပာသည္။

ေက်ာက္မဲရွိ စစ္ေဘးေရွာင္စခန္းတြင္ လက္ရွိေနထိုင္ေနဆဲျဖစ္သည့္ စစ္ေဘးေရွာင္ဦးေရ (၁၃၈)ဦး အတြက္ ေန႔စဥ္ ဆန္(၁)အိတ္ခြဲခန္႔ ကုန္က်လ်က္ရွိၿပီး ၎တို႔အတြက္ ဟင္းခ်က္စရာအသီးအႏွံမ်ားအား ေက်ာက္မဲၿမိဳ႕ခံမ်ားမွ လာေရာက္လွဴဒါန္းမႈမ်ားရွိေၾကာင္း သိရသည္။

“ျပန္ၿပီးေတာ့ေနဖို႔ကေတာ့ အခက္အခဲရွိတယ္။ ရြာမွာလည္း က်န္ေနတဲ့သူေတြရွိတယ္၊ သူတို႔က ေက်ာက္မဲကို ထြက္လာလို႔ မရဘူးလို႔ သိရတယ္။ ေဒသအေျခအေနကိုေတာ့ ဒီကေနေယာက်္ားေလးေတြ သြားသြားၿပီး ျပန္ေလ့လာေနရတာေပါ့။ ရြာနားမွာ ဘာမွမျဖစ္ေတာ့ဘူးဆိုရင္ေတာ့ ရြာမွာပဲျပန္ေနခ်င္တယ္။ လက္ဖက္ခင္း ေတြျပန္လုပ္ရဦးမယ္”ဟု စစ္ေဘးေရွာင္စခန္းရွိ ေတာ့ဖယ္ေက်းရြာမွ ေဒသခံ အမ်ိဳးသား တစ္ဦးက ေျပာသည္။

ေဒသခံမ်ားသည္ လက္ဖက္စိုက္ခင္းလုပ္ငန္းကို အဓိကလုပ္ကိုင္ၾကၿပီး ေက်းရြာအနီးရွိ လက္ဖက္စိုက္ခင္း မ်ားတြင္လည္း မိုင္းနင္းမိခဲ့သည့္ ျဖစ္ရပ္မ်ားေၾကာင့္ လက္ဖက္ၿခံလုပ္ငန္းခြင္ဝင္ရန္ စိုးရိမ္ပူပန္မႈမ်ားလည္း ရိွေနေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္ ကြန္ေကာ္ေက်းရြာအုပ္စု ေတာ့ဖယ္ေက်းရြာႏွင့္အနီးတစ္ဝုိက္တြင္ ေမလအတြင္းက TNLA တပ္ႏွင့္ RCSS တပ္တို႔ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္ထိ နယ္ေျမ လံုၿခံဳမႈမရွိေသးဟု ယူဆရသည့္ အတြက္ ေဒသခံမ်ား ေနရပ္ မျပန္ေသးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စုတွင် မေလ (၂၀)ရက်နေ့ကတည်းက စစ်ဘေးရှောင်လာသည့် ဒေသခံများမှာ ဇွန်လ(၆)ရက်နေ့အထိ နေရပ်သို့ ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“သူတို့က နေရပ်ပြန်ပြီးနေထိုင်ဖို့ မကြာခဏသွားပြီး လေ့လာနကြေတာတော့ရှိတယ်။ သွားလိုက် ပြန်လာလိုက် လုပ်နေတာ။ ပြန်နေဖို့တော့ အဆင်မပြေသေးဘူးလို့ သိရတယ်။ လောလောဆယ်တော့ ကျောက်မဲမှာပဲ ဆက်ပြီး နေထိုင်နကြေတုန်းပဲ။ သူတို့ဒေသတွေက လက်ဖက်လုပ်ငန်းတွေကို ပြန်ပြီး လုပ်ကိုင်ဖို့တော့ ဆန္ဒရှိနကြေတယ်”ဟု ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်ရှိ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကျောင်းရှိ စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ကိုကြည်မြင့်အေးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့နှင့်(၁၃)မိုင်ခန့်ဝေးကွာသည့် ကွန်ကော်ကျေးရွာအုပ်စုအတွင်းရှိ တော့ဖယ်ကျေးရွာမှ ဒေသခံ(၉၆)ဦး မေလ(၂၀)ရက်နေ့တွင် စစ်ဘေးရှောင်လာခြင်းဖြစ်ပြီး မေလ(၂၄)ရက်နေ့တွင် (၁၄၂)ဦး ထပ်မံရောက်လာခဲ့သဖြင့် လက်ရှိတွင် စုစုပေါင်း (၁၃၈) ဦး ခိုလှုံနခြေင်းဖြစ်ကြောင်း သိရသည်။

“ဇွန်လ(၅)ရက်နေ့အထိ လူဦးရေကတော့ (၁၃၈)ယောက်ပဲရှိတော့တယ်။ ကျောင်းနေအရွယ်ကလေးက KG တန်း အရွယ်(၅)ဦးပဲ ပါတယ်။ သူတို့ကတော့ ဒီနှစ်ကျောင်းမတက်တော့ဘူးလို့ သိရတယ်။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခါက လောလောဆယ် လုံလောက်မှုရှိပါတယ်။ တချို့ အဖွဲ့အစည်းတွေကနေလာပြီးလှူဒါန်း ထားတာတွေလည်းရှိတဲ့အတွက် လတ်တလောက အဆင်ပြေ ပါတယ်”ဟု စခန်းတာဝန်ခံက ပြောသည်။

ကျောက်မဲရှိ စစ်ဘေးရှောင်စခန်းတွင် လက်ရှိနေထိုင်နေဆဲဖြစ်သည့် စစ်ဘေးရှောင်ဦးရေ (၁၃၈)ဦး အတွက် နေ့စဉ် ဆန်(၁)အိတ်ခွဲခန့် ကုန်ကျလျက်ရှိပြီး၎င်းတို့အတွက် ဟင်းချက်စရာအသီးအနှံများအား ကျောက်မဲမြို့ခံများမှ လာရောက်လှူဒါန်းမှုများရှိကြောင်း သိရသည်။

“ပြန်ပြီးတော့နေဖို့ကတော့ အခက်အခဲရှိတယ်။ ရွာမှာလည်း ကျန်နေတဲ့သူတွေရှိတယ်၊ သူတို့က ကျောက်မဲကို ထွက်လာလို့ မရဘူးလို့ သိရတယ်။ ဒေသအခြေအနေကိုတော့ ဒီကနေယောကျာ်းလေးတွေ သွားသွားပြီး ပြန်လေ့လာနေရတာပေါ့။ ရွာနားမှာ ဘာမှမဖြစ်တော့ဘူးဆိုရင်တော့ ရွာမှာပဲပြန်နေချင်တယ်။ လက်ဖက်ခင်း တွပြေန်လုပ်ရဦးမယ်”ဟု စစ်ဘေးရှောင်စခန်းရှိ တော့ဖယ်ကျေးရွာမှ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ဒေသခံများသည် လက်ဖက်စိုက်ခင်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ကျေးရွာအနီးရှိ လက်ဖက်စိုက်ခင်း များတွင်လည်း မိုင်းနင်းမိခဲ့သည့် ဖြစ်ရပ်များကြောင့် လက်ဖက်ခြံလုပ်ငန်းခွင်ဝင်ရန် စိုးရိမ်ပူပန်မှုများလည်း ရှိနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စု တော့ဖယ်ကျေးရွာနှင့်အနီးတစ်ဝိုက်တွင် မေလအတွင်းက TNLA တပ်နှင့် RCSS တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နယ်မြေ လုံခြုံမှုမရှိသေးဟု ယူဆရသည့် အတွက် ဒေသခံများ နေရပ် မပြန်သေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~