မႏၱေလး - မူဆယ္ ခရီးသည္တင္ယာဥ္ႏွစ္စီးေပၚက ပိေတာက္သစ္ခြဲသားမ်ား ဖမ္းဆီးရမိ

မႏၱေလး - မူဆယ္ ခရီးသည္တင္ယာဥ္ႏွစ္စီးေပၚက ပိေတာက္သစ္ခြဲသားမ်ား ဖမ္းဆီးရမိ
ဇွန် 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးအတိုင္း မႏၱေလးမွ မူဆယ္သို႔ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ ယာဥ္(၂)စီးတြင္ တင္ေဆာင္လာသည့္ ပိေတာက္သစ္ခြဲသားမ်ားအား သိန္းနီၿမိဳ႕နယ္ရွိ ေရပူစစ္ေဆးေရးဂိတ္တြင္ ဇြန္လ(၁) ရက္ နံနက္အေစာပိုင္းက ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ႀကိဳတင္သတင္းရထားလို႔ မနက္(၁)နာရီမွာ မႏၱေလး - လားရိႈး - မူဆယ္ ခရီးသည္တင္ ကားတစ္စီး ျဖစ္တဲ့ ရွမ္းမင္းသားယာဥ္လိုင္းက ကားတစ္စီးကို တားဆီးၿပီး စစ္ေဆးရွာေဖြတဲ့ အခါမွာ ကားရဲ႕ ဝမ္းဗိုက္ေနရာက ေနရာလြတ္ေတြမွာ ပိေတာက္သစ္သားေတြ ခြဲၿပီးသား အေနအထားနဲ႔ တင္လာတာကို ေတြ႔ရျခင္းျဖစ္ပါတယ္”ဟု ေရပူစစ္ေဆးေရးဂိတ္မွ စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇြန္လ(၁) ရက္ေန႔ နံနက္အေစာပိုင္း (၁) နာရီခန္႔အခ်ိန္တြင္ ရွမ္းမင္းသားယာဥ္လိုင္းမွ ခရီးသည္တင္ယာဥ္ တစ္စီးႏွင့္ အားသစ္ယာဥ္လိုင္းမွ ယာဥ္တစ္စီးတို႔တြင္ ပိေတာက္သစ္ခြဲသားမ်ားအား စစ္ေဆး ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ (၁၆) ရက္ေန႔တြင္ ျပန္လည္ဖြင့္လွစ္ခဲ့သည့္ ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္တြင္ စစ္ေဆးေရးလုပ္ငန္းမ်ားအား အခ်ိန္အကန္႔အသတ္ျဖင့္ စတင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေသာ္လည္း စစ္ေဆးေရး အဖဲြ႔မ်ား၏ လုပ္ေဆာင္ခ်က္မ်ားအား ေစာင့္ၾကည့္၍ အဖြဲ႔အနားယူခ်ိန္တြင္ တရားမဝင္ ကုန္စည္တင္ေဆာင္လာ သည့္ယာဥ္မ်ားအား အခေၾကးေငြယူကာ သတင္းေပး၍ ျဖတ္သန္းေစသည့္ ျပင္ပအဖြဲ႕မ်ားေၾကာင့္ လက္ရွိအခ်ိန္တြင္ စစ္ေဆးေရးလုပ္ငန္းမ်ားအား အခ်ိန္အကန္႔အသတ္မရွိ လုပ္ေဆာင္ေနရေၾကာင္း သိရသည္။

ေရပူစစ္ေဆးေရးဂိတ္အား စတင္ဖြင့္လွစ္သည့္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ (၁၆) ရက္ေန႔မွ ေမလ (၁၀) ရက္ေန႔အထိ တရားမဝင္ကုန္စည္မ်ားအား ဖမ္းဆီးရမိမႈအႀကိမ္ေရ (၂၆၄)ႀကိမ္ ရွိခဲ့ၿပီး ကာလတန္ဖိုး က်ပ္သန္းေပါင္း (၅၀၉၃) သန္း တန္ဖိုးရွိ ကုန္စည္မ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ေရပူအျမဲတမ္းစစ္ေဆးေရးစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးအတိုင်း မန္တလေးမှ မူဆယ်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်(၂)စီးတွင် တင်ဆောင်လာသည့် ပိတောက်သစ်ခွဲသားများအား သိန်းနီမြို့နယ်ရှိ ရေပူစစ်ဆေးရေးဂိတ်တွင် ဇွန်လ(၁) ရက် နံနက်အစောပိုင်းက ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကြိုတင်သတင်းရထားလို့ မနက်(၁)နာရီမှာ မန္တလေး - လားရှိုး - မူဆယ် ခရီးသည်တင် ကားတစ်စီး ဖြစ်တဲ့ ရှမ်းမင်းသားယာဉ်လိုင်းက ကားတစ်စီးကို တားဆီးပြီး စစ်ဆေးရှာဖွေတဲ့ အခါမှာ ကားရဲ့ ဝမ်းဗိုက်နေရာက နေရာလွတ်တွေမှာ ပိတောက်သစ်သားတွေ ခွဲပြီးသား အနေအထားနဲ့ တင်လာတာကို တွေ့ရခြင်းဖြစ်ပါတယ်”ဟု ရေပူစစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွန်လ(၁) ရက်နေ့ နံနက်အစောပိုင်း (၁) နာရီခန့်အချိန်တွင် ရှမ်းမင်းသားယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် တစ်စီးနှင့် အားသစ်ယာဉ်လိုင်းမှ ယာဉ်တစ်စီးတို့တွင် ပိတောက်သစ်ခွဲသားများအား စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည့် ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးရေးလုပ်ငန်းများအား အချိန်အကန့်အသတ်ဖြင့် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း စစ်ဆေးရေး အဖွဲ့များ၏ လုပ်ဆောင်ချက်များအား စောင့်ကြည့်၍ အဖွဲ့အနားယူချိန်တွင် တရားမဝင် ကုန်စည်တင်ဆောင်လာ သည့်ယာဉ်များအား အခကြေးငွေယူကာ သတင်းပေး၍ ဖြတ်သန်းစေသည့် ပြင်ပအဖွဲ့များကြောင့် လက်ရှိအချိန်တွင် စစ်ဆေးရေးလုပ်ငန်းများအား အချိန်အကန့်အသတ်မရှိ လုပ်ဆောင်နေရကြောင်း သိရသည်။

ရေပူစစ်ဆေးရေးဂိတ်အား စတင်ဖွင့်လှစ်သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့မှ မေလ (၁၀) ရက်နေ့အထိ တရားမဝင်ကုန်စည်များအား ဖမ်းဆီးရမိမှုအကြိမ်ရေ (၂၆၄)ကြိမ် ရှိခဲ့ပြီး ကာလတန်ဖိုး ကျပ်သန်းပေါင်း (၅၀၉၃) သန်း တန်ဖိုးရှိ ကုန်စည်များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~