ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းအနီးရွိ ေတာလမ္းတြင္ ေက်ာက္စိမ္းသယ္လာသည့္ကား ဖမ္းဆီးရမိ

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းအနီးရွိ ေတာလမ္းတြင္ ေက်ာက္စိမ္းသယ္လာသည့္ကား ဖမ္းဆီးရမိ
ဇွန် 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕နယ္မွ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းႏွင့္ (၆)မိုင္ခန္႔အကြာ ေတာလမ္းတြင္ ေက်ာက္စိမ္းမ်ားအား ထင္း၊ဝါးမ်ားျဖင့္ ဖံုးအုပ္ကာ တရားမဝင္ တင္ေဆာင္လာသည့္ လုပ္ငန္းသံုး ကားတစ္စီးအား အမ်ိဳးသားသံုးဦးႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း စစ္ေဆးေရး အဖြဲ႔ေခါင္းေဆာင္ထံမွ သိရသည္။

“ကြ်န္ေတာ္တို႔ ဒီေန႔မနက္ အေစာပိုင္းမွာကတည္းက သတင္းႀကိဳရထားတဲ့အတြက္ ေစာင့္ၾကည့္ေနတာပါ။ အခ်ိန္ေတာ္ေတာ္ၾကာတဲ့ အထိ အေျခအေန မထူးျခားတာနဲ႔ ေရွာင္ကြင္းေတာလမ္းအတိုင္း လိုက္လံ ရွာေဖြတဲ့အခါမွာ ဗြက္နစ္ေနတဲ့ တုန္ဖန္းယာဥ္ေပၚမွာ ေက်ာက္စိမ္းတံုးေတြကို ထင္းေတြ ၊ ဝါးေတြ ၊ မိုးကာေတြနဲ႔ ဖံုးအုပ္ၿပီး တင္ေဆာင္လာတာကိုေတြ႔ရပါတယ္” ဟု ေရပူစခန္းမွ စစ္ေဆးေရး အဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လမ္းမွ ေက်ာက္စိမ္းသယ္ေဆာင္လာမည္ျဖစ္ေၾကာင္း သတင္းရရိွထားသျဖင့္ ေစာင့္ဆုိင္း ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

“ဖမ္းမိထားသမွ် တရားမဝင္သယ္ေဆာင္လာတဲ့ ေက်ာက္စိမ္းေတြအားလံုးကို တရားဥပေဒအတိုင္း ဆက္လက္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဒီေန႔ဖမ္းမိတဲ့ ေက်ာက္စိမ္းေတြကေတာ့ စခန္းကို မေရာက္လာေသးတဲ့အတြက္ ပမာဏမသိရေသးပါဘူး” ဟု ေရပူစစ္ေဆးေရးစခန္း၏ စစ္ေဆးေရးအဖြဲ႔ဝင္ တစ္ဦးျဖစ္သည့္ ေတာအုပ္ႀကီး ဦးစိုးတင့္က ေျပာသည္။

ဇြန္လ(၂၉)ရက္ေန႔ တစ္ေန႔တည္းတြင္ ျပည္တြင္းမွ ျပည္ပသို႔တင္ပို႔မည့္ ေက်ာက္စိမ္းမ်ား တင္ေဆာင္လာေသာ ကားတစ္စီးအျပင္ တရုတ္ႏိုင္ငံမွဝင္ေရာက္လာသည့္ လွ်ပ္စစ္(ထမင္း)ေပါင္းအိုးမ်ား၊ ထီး၊ ေစာင္ ႏွင့္ တရုတ္ ႏိုင္ငံထုတ္ မုန္႔မ်ိဳးစံုမ်ားကိုလည္း ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်မှ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းနှင့် (၆)မိုင်ခန့်အကွာ တောလမ်းတွင် ကျောက်စိမ်းများအား ထင်း၊ဝါးများဖြင့် ဖုံးအုပ်ကာ တရားမဝင် တင်ဆောင်လာသည့် လုပ်ငန်းသုံး ကားတစ်စီးအား အမျိုးသားသုံးဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ဆေးရေး အဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

“ကျွန်တော်တို့ ဒီနေ့မနက် အစောပိုင်းမှာကတည်းက သတင်းကြိုရထားတဲ့အတွက် စောင့်ကြည့်နေတာပါ။ အချိန်တော်တော်ကြာတဲ့ အထိ အခြေအနေ မထူးခြားတာနဲ့ ရှောင်ကွင်းတောလမ်းအတိုင်း လိုက်လံ ရှာဖွေတဲ့အခါမှာ ဗွက်နစ်နေတဲ့ တုန်ဖန်းယာဉ်ပေါ်မှာ ကျောက်စိမ်းတုံးတွေကို ထင်းတွေ၊ ဝါးတွေ၊ မိုးကာတွေနဲ့ ဖုံးအုပ်ပြီး တင်ဆောင်လာတာကိုတွေ့ရပါတယ်” ဟု ရေပူစခန်းမှ စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းမှ ကျောက်စိမ်းသယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းရရှိထားသဖြင့် စောင့်ဆိုင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းမိထားသမျှ တရားမဝင်သယ်ဆောင်လာတဲ့ ကျောက်စိမ်းတွေအားလုံးကို တရားဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီနေ့ဖမ်းမိတဲ့ ကျောက်စိမ်းတွေကတော့ စခန်းကို မရောက်လာသေးတဲ့အတွက် ပမာဏမသိရသေးပါဘူး” ဟု ရေပူစစ်ဆေးရေးစခန်း၏ စစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် တောအုပ်ကြီး ဦးစိုးတင့်က ပြောသည်။

ဇွန်လ(၂၉)ရက်နေ့ တစ်နေ့တည်းတွင် ပြည်တွင်းမှ ပြည်ပသို့တင်ပို့မည့် ကျောက်စိမ်းများ တင်ဆောင်လာသော ကားတစ်စီးအပြင် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် လျှပ်စစ်(ထမင်း)ပေါင်းအိုးများ၊ ထီး၊ စောင် နှင့် တရုတ် နိုင်ငံထုတ် မုန့်မျိုးစုံများကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~