ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ ဖမ္းဆီးရရိွသည္မ်ားအား သက္ဆုိင္ရာဌာနမ်ားက အမႈဖြင့္ေဆာင္ရြက္

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ ဖမ္းဆီးရရိွသည္မ်ားအား သက္ဆုိင္ရာဌာနမ်ားက အမႈဖြင့္ေဆာင္ရြက္
ဇွန် 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း သိန္းနီၿမိဳ႕နယ္အတြင္းရွိ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းအေနျဖင့္ တရားမဝင္ ကုန္ပစၥည္းမ်ားႏွင့္ အေကာက္ခြန္မဲ့ပစၥည္းမ်ားအား ဖမ္းဆီးေရးကိုသာ လုပ္ေဆာင္ၿပီး အေရးယူမႈအပိုင္းမွာ သက္ဆုိင္ရာဌာနမ်ားက တာဝန္ယူ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ေရပူက ဖမ္းမယ္။ မူးယစ္ေဆးဝါးဆို မူးယစ္နဲ႔ပတ္သက္တဲ့ဌာနကိုပို႔မယ္။ သစ္ေတြဆို သစ္ေတာကိုပို႔မယ္။ သူတို႔ကေန သက္ဆိုင္တဲ့ ဥပေဒနဲ႔ ဆက္လုပ္သြားမယ့္ကိစၥျဖစ္တဲ့ အတြက္ ကြ်န္ေတာ္တို႔ စိတ္မဝင္စားဘူး။ တရားမဝင္ကုန္စည္ေတြကို ဖမ္းမိဖို႔ပဲ စိတ္ဝင္စားတယ္”ဟု ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ (၁၁)ရက္ေန႔တြင္ ေျပာၾကားလိုက္သည္။

မႏၱေလး - လားရိႈး - မူဆယ္ ခရီးသည္တင္ယာဥ္လိုင္း ႏွစ္ခုျဖစ္သည့္ ရွမ္းမင္းသား ယာဥ္လိုင္း ႏွင့္ အားသစ္ ယာဥ္လိုင္းေပၚမွ ပိေတာက္သစ္ခြဲသားမ်ားအား ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းက ေမလ (၂၀)ရက္ေန႔တြင္ ဖမ္းဆီးရမိခဲ့ၿပီး သက္ဆိုင္ရာ ရဲစခန္းတြင္ ယာဥ္ႏွင့္ယာဥ္ေမာင္းမ်ားအား အေရးယူ ထိန္းသိမ္းထားျခင္း မရွိေၾကာင္း လူမႈကြန္ရက္တြင္ ေဝဖန္ထားသည့္အတြက္ ယင္းကဲ့သို႔ ေျဖၾကားျခင္းျဖစ္သည္။

“ကြ်န္ေတာ္တို႔က ကြ်န္ေတာ္တို႔ လုပ္ေဆာင္ရမယ့္ အပိုင္းကိုပဲ စိတ္ဝင္စားတယ္။ ဖမ္းဆီးရမိရင္ သက္ဆိုင္ရာ ဌာနေတြကို လႊဲလိုက္မယ္။ သူတို႔ဟာသူတို႔ ျပန္လႊတ္ခ်င္လႊတ္၊ မီးရႈိ႕ခ်င္ရႈိ႕၊ အေမရိကန္ပဲပို႔ပို႔ ကြ်န္ေတာ္တို႔က စိတ္မဝင္စားဘူး။ အခုသူတို႔ေျပာေနတဲ့ ေမလ (၂၀)ရက္ေန႔က ကားႏွစ္စီးက အခု ကြ်န္ေတာ္ဖုန္းေျပာေနတဲ့ အေရွ႕မွာရွိတယ္။ ရဲစခန္းမွာ ထားစရာ ေနရာအခက္အခဲရွိလု႔ိ အဲဒီကားႏွစ္စီးလံုး ကြ်န္ေတာ္တို႔ ေရပူစခန္းမွာ လာရပ္ထားတယ္” ဟု ဦးတက္ထြန္းေအာင္က ေျပာသည္။

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းအား ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလတြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး တရားမဝင္ ကုန္စည္မ်ားႏွင့္ အေကာက္ခြန္မဲ့ ကုန္စည္မ်ားအား အမ်ားအျပားဖမ္းဆီးရမိၿပီးေနာက္ ေဝဖန္ ပုတ္ခတ္မႈမ်ားႏွင့္ စစ္ေဆးေရး စခန္းအဖြဲ႔အား ၿခိမ္းေျခာက္မႈမ်ား၊ ေႏွာင့္ယွက္မႈမ်ားရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စစ္ေဆးေရးစခန္းတြင္ ဇြန္လ(၁၀)ရက္ေန႔ကလည္း သစၥာဟိဏ္း၊ GI နဲ႔ ဂ်ဴပီတာ ခရီးသည္တင္ ယာဥ္မ်ားတြင္ တရားမဝင္ တင္ေဆာင္လာသည့္ အမဲသားေျခာက္မ်ား၊ လိုင္စင္မဲ့ အိမ္စီးယာဥ္ႏွစ္စီး ေပၚမွ ေက်ာက္စိမ္းအရြယ္အစားအမ်ိဳးမိ်ဳး စုစုေပါင္း( ၉၄၄ )ကီလိုဂရမ္၊(တန္ဖိုး ၁၆၄ သိန္း ဟုခန္႔မွန္း) တို႔အား ဖမ္းဆီးရမိထားေၾကာင္းသိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - ေရပူအျမဲတမ္းစစ္ေဆးေရးစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ်အတွင်းရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနဖြေင့် တရားမဝင် ကုန်ပစ္စည်းများနှင့် အကောက်ခွန်မဲ့ပစ္စည်းများအား ဖမ်းဆီးရေးကိုသာ လုပ်ဆောင်ပြီး အရေးယူမှုအပိုင်းမှာ သက်ဆိုင်ရာဌာနများက တာဝန်ယူ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရေပူက ဖမ်းမယ်။ မူးယစ်ဆေးဝါးဆို မူးယစ်နဲ့ပတ်သက်တဲ့ဌာနကိုပို့မယ်။ သစ်တွေဆို သစ်တောကိုပို့မယ်။ သူတို့ကနေ သက်ဆိုင်တဲ့ ဥပဒေနဲ့ ဆက်လုပ်သွားမယ့်ကိစ္စဖြစ်တဲ့ အတွက် ကျွန်တော်တို့ စိတ်မဝင်စားဘူး။ တရားမဝင်ကုန်စည်တွေကို ဖမ်းမိဖို့ပဲ စိတ်ဝင်စားတယ်”ဟု ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁၁)ရက်နေ့တွင် ပြောကြားလိုက်သည်။

မန္တလေး - လားရှိုး - မူဆယ် ခရီးသည်တင်ယာဉ်လိုင်း နှစ်ခုဖြစ်သည့် ရှမ်းမင်းသား ယာဉ်လိုင်း နှင့် အားသစ် ယာဉ်လိုင်းပေါ်မှ ပိတောက်သစ်ခွဲသားများအား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက မေလ (၂၀)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းတွင် ယာဉ်နှင့်ယာဉ်မောင်းများအား အရေးယူ ထိန်းသိမ်းထားခြင်း မရှိကြောင်း လူမှုကွန်ရက်တွင် ဝေဖန်ထားသည့်အတွက် ယင်းကဲ့သို့ ဖြကြေားခြင်းဖြစ်သည်။

“ကျွန်တော်တို့က ကျွန်တော်တို့ လုပ်ဆောင်ရမယ့် အပိုင်းကိုပဲ စိတ်ဝင်စားတယ်။ ဖမ်းဆီးရမိရင် သက်ဆိုင်ရာ ဌာနတွေကို လွှဲလိုက်မယ်။ သူတို့ဟာသူတို့ ပြန်လွှတ်ချင်လွှတ်၊ မီးရှို့ချင်ရှို့၊ အမေရိကန်ပဲပို့ပို့ ကျွန်တော်တို့က စိတ်မဝင်စားဘူး။ အခုသူတို့ပြောနေတဲ့ မေလ (၂၀)ရက်နေ့က ကားနှစ်စီးက အခု ကျွန်တော်ဖုန်းပြောနေတဲ့ အရှေ့မှာရှိတယ်။ ရဲစခန်းမှာ ထားစရာ နေရာအခက်အခဲရှိလို့ အဲဒီကားနှစ်စီးလုံး ကျွန်တော်တို့ ရေပူစခန်းမှာ လာရပ်ထားတယ်” ဟု ဦးတက်ထွန်းအောင်က ပြောသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တရားမဝင် ကုန်စည်များနှင့် အကောက်ခွန်မဲ့ ကုန်စည်များအား အများအပြားဖမ်းဆီးရမိပြီးနောက် ဝေဖန် ပုတ်ခတ်မှုများနှင့် စစ်ဆေးရေး စခန်းအဖွဲ့အား ခြိမ်းခြောက်မှုများ၊ နှောင့်ယှက်မှုများရှိနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းတွင် ဇွန်လ(၁၀)ရက်နေ့ကလည်း သစ္စာဟိဏ်း၊ GI နဲ့ ဂျူပီတာ ခရီးသည်တင် ယာဉ်များတွင် တရားမဝင် တင်ဆောင်လာသည့် အမဲသားခြောက်များ၊ လိုင်စင်မဲ့ အိမ်စီးယာဉ်နှစ်စီး ပေါ်မှ ကျောက်စိမ်းအရွယ်အစားအမျိုးမျိုး စုစုပေါင်း( ၉၄၄ )ကီလိုဂရမ်၊(တန်ဖိုး ၁၆၄ သိန်း ဟုခန့်မှန်း) တို့အား ဖမ်းဆီးရမိထားကြောင်းသိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~