တာချီလိတ်၌ ပြုလုပ်သည့် ရပ်ရွာလူထုအခြေပြုကြက်ခြေနီ အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်း/အရှေ့မှ ကိုယ်စားလှယ် ၂၇ ဦးတက်ရောက်

တာချီလိတ်၌ ပြုလုပ်သည့် ရပ်ရွာလူထုအခြေပြုကြက်ခြေနီ အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်း/အရှေ့မှ ကိုယ်စားလှယ် ၂၇ ဦးတက်ရောက်
ဇှနျ 24, 2017
By Tachileik News Agency

ရပ်ရွာလူထုအခြေပြုကြက်ခြေနီ စေတနာ လုပ်အားရှင် စည်းရုံးရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ (၂၄) ရက်နေ့က တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် စတင်ကျင်းပနေရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကိုယ်စားလှယ် (၂၇)ဦးတက်ရောက် ဆွေးနွေးနေကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအား မြန်မာနိုင်ငံကြက်ခြေနီအသင်းကကြီးမှူး၍ တာချီလိတ် ခရိုင်နှင့် မြို့နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ် နှင့် မိုင်းတုံမြို့နယ်များမှ ကိုယ်စားလှယ် စုစုပေါင်း(၂၇)ဦးတို့က ရပ်ရွာလူထု၏ လိုအပ်ချက်များ ဖော်ထုတ်ခြင်း၊ စေတနာလုပ်အားရှင်များ၏ သန္ဓေလုပ်ငန်းများကို ဖော်ထုတ်ခြင်း၊ အသင်းခွဲများ၏ သန္ဓေလုပ်ငန်းများကို သတ်မှတ်ခြင်း၊ အသင်းခွဲများအတွက် ဦးတည် အုပ်စုများကို ဖော်ထုတ်ခြင်း၊ မတူညီသည့် ရပ်ရွာလူထုအား စည်းရုံးဆောင်ရွက်ခြင်းနည်းလမ်းများနှင့် လမ်းညွှန်ချက်များအတွက် လိုက်နာရန် အရေးကြီးသောအချက်များ၊ ရပ်ရွာလူထုစေတနာ လုပ်အားရှင်များအား စည်းရုံးရာတွင် အသင်းခွဲ၏ အခန်းကဏ္ဍ၊ ကြက်ခြေနီစေတနာလုပ်အားရှင် ကွန်ရက်ဖွဲ့စည်းခြင်းနှင့် ဦးတည်သတ်မှတ်ချက်များချမှတ်ခြင်း စသည်တို့အား အုပ်စုဖွဲ့၍ နှစ်ရက်တာဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုဂရုဏာ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရည်မှန်းချက်ဖြစ်သည့် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးကာကွယ်တားဆီးရန်၊ ဘေးဒုက္ခရောက်သူများ ကူညီစောင့်ရှောက်ရန် စသည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဂျီနီဗာကွန်ဗန်းရှင်း၏ ကြက်ခြေနီအခြေခံမူ(၇)ချက်ပါအတိုင်း လူသားချင်းစာနာထောက်ထားခြင်း၊ လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားခြင်း၊ မည်သူ့ကိုမှ ဘက်မလိုက်ဘဲ ကြားနေခြင်း၊ လွတ်လပ်စွာဆောင်ရွက်ခြင်း နှင့် လွတ်လပ်ခွင့်ကိုထိန်းသိမ်းခြင်း၊ စေတနာ့ လုပ်အားရှင် စိတ်ဓာတ်ဖြင့် အကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာအ၀ှမ်း ပျံ့နှံ့ခြင်း ဆိုသည့် အခြေခံမူကို အဓိကထား၍ ဆွေးနွေးပေးကြရန် အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲသို့ တက်ရောက်လာသည့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တိုက်တွန်းပြောကြားသည်။


သတင်း/ဓာတ်ပုံ - ဝေယံလင်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရပ်ရွာလူထုအခြပြေုကြက်ခြေနီ စေတနာ လုပ်အားရှင် စည်းရုံးရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ (၂၄) ရက်နေ့က တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် စတင်ကျင်းပနေရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကိုယ်စားလှယ် (၂၇)ဦးတက်ရောက် ဆွေးနွေးနေကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအား မြန်မာနိုင်ငံကြက်ခြေနီအသင်းကကြီးမှူး၍ တာချီလိတ် ခရိုင်နှင့် မြို့နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ် နှင့် မိုင်းတုံမြို့နယ်များမှ ကိုယ်စားလှယ် စုစုပေါင်း(၂၇)ဦးတို့က ရပ်ရွာလူထု၏ လိုအပ်ချက်များ ဖော်ထုတ်ခြင်း၊ စေတနာလုပ်အားရှင်များ၏ သန္ဓလေုပ်ငန်းများကို ဖော်ထုတ်ခြင်း၊ အသင်းခွဲများ၏ သန္ဓလေုပ်ငန်းများကို သတ်မှတ်ခြင်း၊ အသင်းခွဲများအတွက် ဦးတည် အုပ်စုများကို ဖော်ထုတ်ခြင်း၊ မတူညီသည့် ရပ်ရွာလူထုအား စည်းရုံးဆောင်ရွက်ခြင်းနည်းလမ်းများနှင့် လမ်းညွှန်ချက်များအတွက် လိုက်နာရန် အရေးကြီးသောအချက်များ၊ ရပ်ရွာလူထုစေတနာ လုပ်အားရှင်များအား စည်းရုံးရာတွင် အသင်းခွဲ၏ အခန်းကဏ္ဍ၊ ကြက်ခြေနီစေတနာလုပ်အားရှင် ကွန်ရက်ဖွဲ့စည်းခြင်းနှင့် ဦးတည်သတ်မှတ်ချက်များချမှတ်ခြင်း စသည်တို့အား အုပ်စုဖွဲ့၍ နှစ်ရက်တာဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုဂရုဏာ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရည်မှန်းချက်ဖြစ်သည့် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးကာကွယ်တားဆီးရန်၊ ဘေးဒုက္ခရောက်သူများ ကူညီစောင့်ရှောက်ရန် စသည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဂျီနီဗာကွန်ဗန်းရှင်း၏ ကြက်ခြေနီအခြေခံမူ(၇)ချက်ပါအတိုင်း လူသားချင်းစာနာထောက်ထားခြင်း၊ လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားခြင်း၊ မည်သူ့ကိုမှ ဘက်မလိုက်ဘဲ ကြားနခြေင်း၊ လွတ်လပ်စွာဆောင်ရွက်ခြင်း နှင့် လွတ်လပ်ခွင့်ကိုထိန်းသိမ်းခြင်း၊ စေတနာ့ လုပ်အားရှင် စိတ်ဓာတ်ဖြင့် အကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာအဝှမ်း ပျံ့နှံ့ခြင်း ဆိုသည့် အခြေခံမူကို အဓိကထား၍ ဆွေးနွေးပေးကြရန် အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲသို့ တက်ရောက်လာသည့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တိုက်တွန်းပြောကြားသည်။

အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သိန်းငွေ၊ တာချီလိတ်ခရိုင်နှင့် မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ တက်ရောက်သည်။

သတင်း/ဓာတ်ပုံ -ေဝယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~