ကယားျပည္နယ္တြင္ ေျပာင္းေစ်းမက်သြားေရးအတြက္ အစိုးရမွ ထိန္းေပးရန္ ေျပာင္းစိုက္ေတာင္သူမ်ား ေမွ်ာ္လင့္ေန

ကယားျပည္နယ္တြင္ ေျပာင္းေစ်းမက်သြားေရးအတြက္ အစိုးရမွ ထိန္းေပးရန္ ေျပာင္းစိုက္ေတာင္သူမ်ား ေမွ်ာ္လင့္ေန
ဇွန် 29, 2017
By Tachileik News Agency

ကယားျပည္နယ္တြင္ ယခင္ႏွစ္က ေျပာင္းေဈး အဆမတန္ က်ဆင္းခဲ့ေသာ္လည္း ယခုႏွစ္တြင္ ေျပာင္းစိုက္ပ်ိဳးမႈ ေလ်ာ့က်သြားျခင္း မ႐ွိေၾကာင္း ႏွင့္ ေျပာင္းေစ်းမ်ား မက်သြားရန္အတြက္ အစိုးရမွ ထိန္းေပးရန္ ေမွ်ာ္လင့္ေနေၾကာင္း သိရသည္။

ေျပာင္းေစ်းမွာ ယခင္ႏွစ္က အဆမတန္ က်ဆင္းခဲ့သျဖင့္ ျပည္နယ္၏ (၈၀)ရာခုိင္ႏႈန္းခန္႔ စိုက္ပ်ိဳးသူမ်ားမွာ အရံႈးေပၚခဲ့ျခင္း ျဖစ္ေၾကာင္း ကယားျပည္နယ္ ေျပာင္းစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း တာဝန္ခံ ဦးျမင့္ေအာင္က ေျပာသည္။

"စိုက္တဲ့သူေတြကေတာ့ လုံးဝ မေလ်ာ့သြားဘူး။ မိုးေလဝသကလည္း ေကာင္းတယ္။ ၿပီးေတာ့ အပင္အေနထားလည္း ေကာင္းၾကတယ္။ ခုေျပာင္းေဈးက ၅၀၀ ထိ ျပန္တက္ေနတယ္ ။ တ႐ုတ္အဝယ္ေဈးေတာ့ လာမယ့္ႏွစ္ ေကာင္းလာမယ္ထင္တာပဲ။ အစိုးရက ေဈးကြက္ ထိန္းထားေပးဖို႔ လိုတယ္။ အရင္ႏွစ္ကလည္း အ႐ႈံးေပၚထားတာေလ" ဟု ကယားျပည္နယ္ ေျပာင္းစိုက္ပ်ိဳး ထုတ္လုပ္သူမ်ားအသင္း တာဝန္ခံ ဦးျမင့္ေအာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ယခင္ႏွစ္က အရံႈးေပၚခဲ့ေသာ္လည္း ေဒသတြင္း ေျပာင္းစိုက္ေတာင္သူမ်ားအေနျဖင့္ အျခားသီးႏွံ ေျပာင္းလဲ စိုက္ပ်ိဳးရန္ ေစ်းကြက္မရိွေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔က ဒါပဲ စိုက္စရာ႐ွိတယ္။ အရင္ႏွစ္ကေခ်းေငြေတြ ဒီႏွစ္ထိ မေက်ေသးဘူး။ အေႂကြးေတြလည္း အရမ္း တင္သြားတယ္။ အခုမွ သီးႏွံစိုက္ခ်ိန္ဆိုေတာ့ ေဈးျပန္တက္တာ။ ေျပာင္းထြက္တဲ့ အခ်ိန္ေရာက္ရင္ေတာ့ မေျပာတတ္ဘူး။ အရင္ႏွစ္လိုပဲ ေဈးက်ရင္ ထမင္းငတ္ဖို႔ပဲ႐ွိတယ္ ။ အစိုးရကလည္း မကူညီဘူးေလ"ဟု ေျပာင္းစိုက္ေတာင္သူ ဦးကူးရယ္က ေျပာသည္။

ကယားျပည္နယ္ ေျပာင္းစိုက္ပ်ိဳး ထုတ္လုပ္သူမ်ားအသင္းျဖင့္ ေျပာင္းေစ်းကြက္အား ထိန္းသိမ္းရန္ ႀကိဳးပမ္းေနၿပီး အစိုးရ အေနျဖင့္ ကူညီေပးရန္လိုအပ္သည္ဟုု ဆိုသည္။

"အရင္ႏွစ္ကဆို ေျပာင္းေစ်းက ကေလးမုန္႔ဖိုး စာေလာက္ေတာင္ မ႐ွိဘူး ။ ဆန္ေတာင္ဝယ္ မစုႏိုင္ဘူး။ အေႂကြးဆပ္ရတယ္ေလ။ ႏွစ္တိုင္းေတာ့ စိုက္ရမွာပဲ ။ ေျပာင္းပဲစိုက္ဖို႔႐ွိတာေလ။ အစိုးရကလည္း  ကူညီေပးရင္ ေကာင္းတာေပါ့။ သူတို႔လည္း မကူတတ္ေတာ့ဘူး ထင္တယ္။ ကေလးဆို အရင္ႏွစ္က အက်ၤႌပဲ ျပန္ဝတ္ရတယ္။ လြယ္အိတ္ေရာ ဝယ္ေပးဖို႔ ပိုက္ဆံက မ႐ွိေတာ့ဘူးေလ။ ဒီႏွစ္ေတာ့ ေဈးျပန္ေကာင္းဖို႔ ဆုေတာင္းေနရတာပဲ "ဟု ေဒၚမူအုန္း က ေျပာသည္။

ယခင္ႏွစ္တြင္ ေျပာင္းဖူး တစ္ပိႆာက်ပ္ (၂၅၀)အထိ က်ဆင္းခဲ့ၿပီး ေျပာင္းရာသီကုန္ခ်ိန္ျဖစ္သည့္ လက္႐ွိတြင္ ေျပာင္းတစ္ပိႆာက်ပ္ (၅၀၀) ႐ွိေနေၾကာင္းသိရသည္။

သတင္း -  ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် ယခင်နှစ်က ပြောင်းဈေး အဆမတန် ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ပြောင်းစိုက်ပျိုးမှု လျော့ကျသွားခြင်း မရှိကြောင်း နှင့် ပြောင်းဈေးများ မကျသွားရန်အတွက် အစိုးရမှ ထိန်းပေးရန် မျှော်လင့်နေကြောင်း သိရသည်။

ပြောင်းဈေးမှာ ယခင်နှစ်က အဆမတန် ကျဆင်းခဲ့သဖြင့် ပြည်နယ်၏ (၈၀)ရာခိုင်နှုန်းခန့် စိုက်ပျိုးသူများမှာ အရှုံးပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ကယားပြည်နယ် ပြောင်းစိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ခံ ဦးမြင့်အောင်က ပြောသည်။

"စိုက်တဲ့သူတွေကတော့ လုံးဝ မလျော့သွားဘူး။ မိုးလေဝသကလည်း ကောင်းတယ်။ ပြီးတော့ အပင်အနေထားလည်း ကောင်းကြတယ်။ ခုပြောင်းဈေးက ၅၀၀ ထိ ပြန်တက်နေတယ်။ တရုတ်အဝယ်ဈေးတော့ လာမယ့်နှစ် ကောင်းလာမယ်ထင်တာပဲ။ အစိုးရက ဈေးကွက် ထိန်းထားပေးဖို့လိုတယ်။ အရင်နှစ်ကလည်း အရှုံးပေါ်ထားတာလေ" ဟု ကယားပြည်နယ် ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများအသင်း တာဝန်ခံ ဦးမြင့်အောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ယခင်နှစ်က အရှုံးပေါ်ခဲ့သော်လည်း ဒေသတွင်း ပြောင်းစိုက်တောင်သူများအနဖြေင့် အခြားသီးနှံ ပြောင်းလဲ စိုက်ပျိုးရန် ဈေးကွက်မရှိကြောင်း သိရသည်။

"ကျွန်တော်တို့က ဒါပဲ စိုက်စရာရှိတယ်။ အရင်နှစ်ကချေးငွေတွေ ဒီနှစ်ထိ မကျေသေးဘူး။ အကြွေးတွေလည်း အရမ်း တင်သွားတယ်။ အခုမှ သီးနှံစိုက်ချိန်ဆိုတော့ ဈေးပြန်တက်တာ။ ပြောင်းထွက်တဲ့ အချိန်ရောက်ရင်တော့ မပြောတတ်ဘူး။ အရင်နှစ်လိုပဲ ဈေးကျရင် ထမင်းငတ်ဖို့ပဲရှိတယ်။ အစိုးရကလည်း မကူညီဘူးလေ"ဟု ပြောင်းစိုက်တောင်သူ ဦးကူးရယ်က ပြောသည်။

ကယားပြည်နယ် ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများအသင်းဖြင့် ပြောင်းဈေးကွက်အား ထိန်းသိမ်းရန် ကြိုးပမ်းနပြေီး အစိုးရ အနဖြေင့် ကူညီပေးရန်လိုအပ်သည်ဟု ဆိုသည်။

"အရင်နှစ်ကဆို ပြောင်းဈေးက ကလေးမုန့်ဖိုး စာလောက်တောင် မရှိဘူး။ ဆန်တောင်ဝယ် မစုနိုင်ဘူး။ အကြွေးဆပ်ရတယ်လေ။ နှစ်တိုင်းတော့ စိုက်ရမှာပဲ။ ပြောင်းပဲစိုက်ဖို့ရှိတာလေ။ အစိုးရကလည်း ကူညီပေးရင် ကောင်းတာပေါ့။ သူတို့လည်း မကူတတ်တော့ဘူး ထင်တယ်။ ကလေးဆို အရင်နှစ်က အင်္ကျငီ်္ပဲ ပြန်ဝတ်ရတယ်။ လွယ်အိတ်ရော ဝယ်ပေးဖို့ ပိုက်ဆံက မရှိတော့ဘူးလေ။ ဒီနှစ်တော့ ဈေးပြန်ကောင်းဖို့ ဆုတောင်းနေရတာပဲ "ဟု ဒေါ်မူအုန်း က ပြောသည်။

ယခင်နှစ်တွင် ပြောင်းဖူး တစ်ပိဿါကျပ် (၂၅၀)အထိ ကျဆင်းခဲ့ပြီး ပြောင်းရာသီကုန်ချိန်ဖြစ်သည့် လက်ရှိတွင် ပြောင်းတစ်ပိဿါကျပ် (၅၀၀) ရှိနေကြောင်းသိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~