လက္နက္ကိုင္အဖြဲ႕အမည္သံုးၿပီး ေက်ာက္မဲေဘာ္ဒါေဆာင္သုိ႔ ၿခိမ္းေျခာက္ေငြေတာင္းခံစာပို႔

လက္နက္ကိုင္အဖြဲ႕အမည္သံုးၿပီး ေက်ာက္မဲေဘာ္ဒါေဆာင္သုိ႔ ၿခိမ္းေျခာက္ေငြေတာင္းခံစာပို႔
ဇွန် 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ အမွတ္(၉)ရပ္ကြက္တြင္ ဆရာမတစ္ဦး ဖြင့္လွစ္ထားသည့္ ေဘာ္ဒါေဆာင္ တစ္ခုသို႔ ဇြန္လ(၁၂)ရက္ညေနပိုင္းက ၿခိမ္းေျခာက္ေငြေတာင္းခံစာတစ္ေစာင္ ေပးပို႔သျဖင့္ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။

 “ဆက္ေၾကးေတာင္းစာလိုမ်ိဳး ေရးထားတဲ့စာေပါ့။ လက္ေရးကေတာ့ ကေပါက္တိကေပါက္ခ်ာနဲ႔ ေရးထားတာ။ တံဆိပ္တံုးႏွိပ္ထားတာလိုမ်ိဳး အေထာက္အထားတစ္စံုတစ္ခုမွ မပါဘူး။ ေငြက်ပ္ သိန္း(၂၀)ကို ေပးရမယ္။ ပေလာင္စစ္တပ္အတြက္ စားနပ္ရိကၡာ လိုအပ္ခ်က္ရွိတဲ့အတြက္ ေတာင္းခံရျခင္း ျဖစ္တယ္လို႔ စာမွာေဖၚျပထားတယ္။ ေငြေတာင္းခံတာနဲ႔ပတ္သက္ၿပီး တိုင္တန္းတာမ်ိဳးလုပ္ရင္ အေဆာင္နယ္နိမိတ္ထဲမွာ (၂)ေနရာခြဲၿပီး တပ္ဆင္ထားတဲ့ မိုင္းဗံုး (၄)လုံးကို ေဖါက္ခြဲမယ္လို႔ ၿခိမ္းေျခာက္ထားတယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲအုပ္တစ္ဦးက တာခီ်လိတ္သတင္းေအဂ်င္စီက ေျပာသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္(၉)ရပ္ကြက္၊ နယ္ေျမ(၁) ရွိ ပညာတံခြန္ေဘာ္ဒါေဆာင္၏ ၿခံဝန္းေပါက္အဝင္တြင္ ဇြန္လ(၁၂)ရက္ေန႔ ညေန(၆)နာရီခြဲခန္႔အခ်ိန္တြင္ေတြ႔ရွိခဲ့ၿပီး အေဆာင္တာဝန္ရွိသူမ်ားမွ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားလာသျဖင့္ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ႏွင့္ နယ္ေျမခံစစ္တပ္မွ မိုင္းရွင္းလင္းေရးအဖြဲ႔မ်ား ပူးေပါင္း၍ စာအတြင္းၿခိမ္းေျခာက္ထားသည့္ ဗံုးမ်ားႏွင့္ပတ္သက္၍ အေဆာင္နယ္နိမိတ္အတြင္း ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ထူးျခားမႈမေတြ႕ရွိေၾကာင္း သိရသည္။

“ပေလာင္အမ်ိဳးသားလြတ္လပ္ေရး အဖြဲ႔ကလို႔ ေခါင္းစဥ္တပ္ထားတဲ့ အဲဒီ ၿခိမ္းေျခာက္ေငြေတာင္းခံ စာထဲမွာက ေငြက်ပ္ သိန္း(၂၀)ကို ည(၁၀)နာရီမွာ အမွတ္(၇)ရပ္ကြက္၊ နယ္ေျမ(၈)ထဲက ဆန္စက္တစ္ခုအနီး မီးရထား သံလမ္းနံေဘးက အခ်က္ျပအလံတိုင္ေအာက္မွာ လာေပးရမယ္လို႔ ခ်ိန္းဆိုထားတဲ့အတြက္ သက္ဆိုင္ရာအဖြဲ႔ေတြနဲ႔ လံုၿခံဳေရးရ ယူလိုက္တယ္။ ကင္းပုန္းဝပ္တာေတြ လုပ္ထားလိုက္တယ္။ ဒါေပမဲ့ ထူးျခားတာ ဘာမွ မေတြ႔ရဘူး” ဟု ၿမိဳ႕မရဲတပ္ဖြဲ႔မွ ရဲအရာရွိက ေျပာသည္။

အေၾကာင္းၾကားစာအရ ပေလာင္အမ်ိဳးသားလြတ္လပ္ေရးအဖြဲ႔၏ လယ္အိမ္မွဴးဟု ညႊန္းဆိုထားသူတစ္ဦးမွ ပေလာင္စစ္တပ္အတြက္ စားနပ္ရိကၡာလိုအပ္ခ်က္အား ျဖည့္ဆည္းေပးရန္အတြက္ က်ပ္သိန္း(၂၀)ကို ေတာင္းဆိုထားၿပီး ေငြအားမေပးခ်င္သည့္အေနအထားႏွင့္ တစ္စံုတစ္ရာတိုင္ၾကားမႈမ်ားရွိသည္ဟု ျမင္ေတြ႔ရပါက အေဆာင္အတြင္း တပ္ဆင္ထားသည့္ မိုင္းဗံုး(၂)လံုး၊ အေဆာင္၏အေနာက္ဘက္ရွိ ေနအိမ္တြင္ တပ္ဆင္ ထားသည့္ မုိင္းဗံုး(၂)လံုး၊ စုစုေပါင္း မိုင္းဗံုး(၄)လံုးအား ခလုပ္ႏွိပ္၍ ေဖါက္ခြဲပစ္မည္ျဖစ္ကာ က်ပ္သိန္း(၂၀)ႏွင့္ အသက္အိုးအိမ္ စည္းစိမ္မ်ားအား မလဲလွယ္ေစလိုေၾကာင္း၊ ထိုေငြမ်ားအား ဂ်ပ္ဖာထဲတြင္ထည့္ပိတ္၍ ဆန္စက္ နံေဘးအလံတိုင္ေအာက္တြင္ ည (၁၀)နာရီ အခ်ိန္၌ တစ္ဦးတည္း လာေရာက္ေပးေဆာင္လိုေၾကာင္း ေရးသားထားျခင္းျဖစ္ေၾကာင္း သိရသည္။

ပေလာင္အမ်ိဳးသားလြတ္လပ္ေရးအဖြဲ႔အမည္ကို အသံုးျပဳၿပီး ၿခိမ္းေျခာက္ေငြေတာင္းခံထားျခင္းသာ ျဖစ္ႏုိင္ေၾကာင္း သက္ဆုိင္ရာမွ သံုးသပ္ထားသည္။

သတင္း - ဇူးဇူးေနျခည္ ( ေက်ာက္မဲ )


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက်တွင် ဆရာမတစ်ဦး ဖွင့်လှစ်ထားသည့် ဘော်ဒါဆောင် တစ်ခုသို့ ဇွန်လ(၁၂)ရက်ညနေပိုင်းက ခြိမ်းခြောက်ငွေတောင်းခံစာတစ်စောင် ပေးပို့သဖြင့် ကျောက်မဲမြို့မရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

 “ဆက်ကြေးတောင်းစာလိုမျိုး ရေးထားတဲ့စာပေါ့။ လက်ရေးကတော့ ကပေါက်တိကပေါက်ချာနဲ့ ရေးထားတာ။ တံဆိပ်တုံးနှိပ်ထားတာလိုမျိုး အထောက်အထားတစ်စုံတစ်ခုမှ မပါဘူး။ ငွေကျပ် သိန်း(၂၀)ကို ပေးရမယ်။ ပလောင်စစ်တပ်အတွက် စားနပ်ရိက္ခါ လိုအပ်ချက်ရှိတဲ့အတွက် တောင်းခံရခြင်း ဖြစ်တယ်လို့ စာမှာဖော်ပြထားတယ်။ ငွေတောင်းခံတာနဲ့ပတ်သက်ပြီး တိုင်တန်းတာမျိုးလုပ်ရင် အဆောင်နယ်နိမိတ်ထဲမှာ (၂)နေရာခွဲပြီး တပ်ဆင်ထားတဲ့ မိုင်းဗုံး (၄)လုံးကို ဖောက်ခွဲမယ်လို့ ခြိမ်းခြောက်ထားတယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီက ပြောသည်။

ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက်၊ နယ်မြေ(၁) ရှိ ပညာတံခွန်ဘော်ဒါဆောင်၏ ခြံဝန်းပေါက်အဝင်တွင် ဇွန်လ(၁၂)ရက်နေ့ ညနေ(၆)နာရီခွဲခန့်အချိန်တွင်တွေ့ရှိခဲ့ပြီး အဆောင်တာဝန်ရှိသူများမှ သက်ဆိုင်ရာသို့ အကြောင်းကြားလာသဖြင့် ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့် နယ်မြေခံစစ်တပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့များ ပူးပေါင်း၍ စာအတွင်းခြိမ်းခြောက်ထားသည့် ဗုံးများနှင့်ပတ်သက်၍ အဆောင်နယ်နိမိတ်အတွင်း ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ထူးခြားမှုမတွေ့ရှိကြောင်း သိရသည်။

“ပလောင်အမျိုးသားလွတ်လပ်ရေး အဖွဲ့ကလို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီ ခြိမ်းခြောက်ငွေတောင်းခံ စာထဲမှာက ငွေကျပ် သိန်း(၂၀)ကို ည(၁၀)နာရီမှာ အမှတ်(၇)ရပ်ကွက်၊ နယ်မြေ(၈)ထဲက ဆန်စက်တစ်ခုအနီး မီးရထား သံလမ်းနံဘေးက အချက်ပြအလံတိုင်အောက်မှာ လာပေးရမယ်လို့ ချိန်းဆိုထားတဲ့အတွက် သက်ဆိုင်ရာအဖွဲ့တွေနဲ့ လုံခြုံရေးရ ယူလိုက်တယ်။ ကင်းပုန်းဝပ်တာတွေ လုပ်ထားလိုက်တယ်။ ဒါပေမဲ့ ထူးခြားတာ ဘာမှ မတွေ့ရဘူး” ဟု မြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောသည်။

အကြောင်းကြားစာအရ ပလောင်အမျိုးသားလွတ်လပ်ရေးအဖွဲ့၏ လယ်အိမ်မှူးဟု ညွှန်းဆိုထားသူတစ်ဦးမှ ပလောင်စစ်တပ်အတွက် စားနပ်ရိက္ခါလိုအပ်ချက်အား ဖြည့်ဆည်းပေးရန်အတွက် ကျပ်သိန်း(၂၀)ကို တောင်းဆိုထားပြီး ငွေအားမပေးချင်သည့်အနေအထားနှင့် တစ်စုံတစ်ရာတိုင်ကြားမှုများရှိသည်ဟု မြင်တွေ့ရပါက အဆောင်အတွင်း တပ်ဆင်ထားသည့် မိုင်းဗုံး(၂)လုံး၊ အဆောင်၏အနောက်ဘက်ရှိ နေအိမ်တွင် တပ်ဆင် ထားသည့် မိုင်းဗုံး(၂)လုံး၊ စုစုပေါင်း မိုင်းဗုံး(၄)လုံးအား ခလုပ်နှိပ်၍ ဖောက်ခွဲပစ်မည်ဖြစ်ကာ ကျပ်သိန်း(၂၀)နှင့် အသက်အိုးအိမ် စည်းစိမ်များအား မလဲလှယ်စေလိုကြောင်း၊ ထိုငွေများအား ဂျပ်ဖာထဲတွင်ထည့်ပိတ်၍ ဆန်စက် နံဘေးအလံတိုင်အောက်တွင် ည (၁၀)နာရီ အချိန်၌ တစ်ဦးတည်း လာရောက်ပေးဆောင်လိုကြောင်း ရေးသားထားခြင်းဖြစ်ကြောင်း သိရသည်။

ပလောင်အမျိုးသားလွတ်လပ်ရေးအဖွဲ့အမည်ကို အသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံထားခြင်းသာ ဖြစ်နိုင်ကြောင်း သက်ဆိုင်ရာမှ သုံးသပ်ထားသည်။

သတင်း - ဇူးဇူးနခြေည် ( ကျောက်မဲ )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~