မိုင်းဖြတ်ဒေသတွင်း ပြည်သူများအား ပြည်သူ့ဝန်ဆောင်မှု(OSS)လုပ်ငန်းအကြောင်း အပတ်စဉ် ကွင်းဆင်းဟောပြောနေ

မိုင်းဖြတ်ဒေသတွင်း ပြည်သူများအား ပြည်သူ့ဝန်ဆောင်မှု(OSS)လုပ်ငန်းအကြောင်း အပတ်စဉ် ကွင်းဆင်းဟောပြောနေ
ဇှနျ 10, 2017
By Tachileik News Agency



ရပ်ကွက်၊ ကျေးရွာအုပ်စုများအထိ ကွင်းဆင်းဟောပြောခြင်းအား မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွင်ပါဝင်သည့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ ဆောင်ရွက် နေခြင်းဖြစ်ပြီး ဇွန်လ(၁၀) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်တွင် ဝမ်လုံးကျေးရွာအုပ်စု ၊ ယန်းခမ်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ နံနက် (၁၀) နာရီအချိန်တွင် နမ်းလန်းကျေးရွာ အုပ်စု၊ ပါထွန်ကျေးရွာ တွင် လည်းကောင်း ဟောပြောကြရာ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ဟောပြောကြောင်း သိရသည်။


ဒေသခံများ အနေဖြင့် ဌာနဆိုင်ရာများတွင် လုပ်ဆောင်ရမည့်လုပ်ငန်းများအား သက်ဆိုင်ရာဌာနများသို့ သွားရောက်ရန်မလိုဘဲ တစ်နေရာထဲတွင် ဝန်ဆောင်မှုရရှိနိုင်ရန် ဌာနအလိုက်တာဝန်ရှိသူ (၂)ဦးစီ အလှည့်ကျ ရုံးထိုင် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးခန်းများကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖွင့်လှစ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်အား ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၃- ၂၀၁၄ ခုနှစ်ကတည်းက အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

အဆိုပါ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ ရည်ရွယ်ချက်မှာ ဒေသခံများအနေဖြင့် ဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆောင်ရွက်မှု ပိုမိုလွယ်ကူစေရေး၊ ဌာနဆိုင်ရာလုပ်ငန်းများ ပိုမိုပွင့်လင်းမြင်သာမှုရှိရေးနှင့် လုပ်ငန်းဆောင်ရွက်မှု ပိုမိုလွယ်ကူချောမွေ့စေရေးအတွက်ဖြစ်ကြောင်း သိရသည်။

UNDP အနေဖြင့် အဆိုပါOSS လုပ်ငန်းများအား ဗီယက်နမ်နှင့် မွန်ဂိုလီးယားတို့တွင်လည်း အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းမှ ဌာနဆိုင်ရာ လုပ်ငန်းများအား တစ်နေရာတည်းတွင် ရုံးထိုင် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (One Stop Shop - OSS ) နှင့်ပတ်သက်၍ ဒေသတွင်း ပြည်သူများ သိရှိစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ကွင်းဆင်း ဟောပြောနေကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ကတော့ မိဘပြည်သူတွေကို ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း (OSS)မှာပါတဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီး မိဘပြည်သူတွေကို လုပ်ငန်း လျင်မြန်လွယ်ကူစေဖို့အတွက် ဆောင်ရွက်ပေးပါတယ်”ဟု မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ပြောသည်။

ရပ်ကွက်၊ ကျေးရွာအုပ်စုများအထိ ကွင်းဆင်းဟောပြောခြင်းအား မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွင်ပါဝင်သည့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ ဆောင်ရွက် နခြေင်းဖြစ်ပြီး ဇွန်လ(၁၀) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်တွင် ဝမ်လုံးကျေးရွာအုပ်စု၊ ယန်းခမ်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ နံနက် (၁၀) နာရီအချိန်တွင် နမ်းလန်းကျေးရွာ အုပ်စု၊ ပါထွန်ကျေးရွာ တွင် လည်းကောင်း ဟောပြောကြရာ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ဟောပြောကြောင်း သိရသည်။

မိုင်းဖြတ်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဘေးတွင် အဆိုပါ ပြည်သူ့ဝန်ဆောင်မှုရုံးအား ဖွင့်လှစ်ထားပြီး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဒေသခံများ အနဖြေင့် ဌာနဆိုင်ရာများတွင် လုပ်ဆောင်ရမည့်လုပ်ငန်းများအား သက်ဆိုင်ရာဌာနများသို့ သွားရောက်ရန်မလိုဘဲ တစ်နေရာထဲတွင် ဝန်ဆောင်မှုရရှိနိုင်ရန် ဌာနအလိုက်တာဝန်ရှိသူ (၂)ဦးစီ အလှည့်ကျ ရုံးထိုင် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးခန်းများကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖွင့်လှစ်ဆောင်ရွက်နခြေင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်အား ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၃- ၂၀၁၄ ခုနှစ်ကတည်းက အကောင်အထည်ဖော်နခြေင်းဖြစ်သည်။

အဆိုပါ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ ရည်ရွယ်ချက်မှာ ဒေသခံများအနဖြေင့် ဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆောင်ရွက်မှု ပိုမိုလွယ်ကူစေရေး၊ ဌာနဆိုင်ရာလုပ်ငန်းများ ပိုမိုပွင့်လင်းမြင်သာမှုရှိရေးနှင့် လုပ်ငန်းဆောင်ရွက်မှု ပိုမိုလွယ်ကူချောမွေ့စေရေးအတွက်ဖြစ်ကြောင်း သိရသည်။

UNDP အနဖြေင့် အဆိုပါOSS လုပ်ငန်းများအား ဗီယက်နမ်နှင့် မွန်ဂိုလီးယားတို့တွင်လည်း အကောင်အထည် ဖော်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~