နမ့္ဆန္ၿမိဳ႕နယ္မွ စစ္ေဘးေရွာင္ ၃၀၀ နီးပါး လားရိႈးသို႔ ေရာက္ရိွ

နမ့္ဆန္ၿမိဳ႕နယ္မွ စစ္ေဘးေရွာင္ ၃၀၀ နီးပါး လားရိႈးသို႔ ေရာက္ရိွ
ဇွန် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဆန္ၿမိဳ႕နယ္ ၊ နမ့္လင္းေက်းရြာအုပ္စု ၊ မန္လန္းေက်းရြာႏွင့္ အနီးတစ္ဝိုက္တြင္ တပ္မေတာ္ႏွင့္ TNLA တို႔ၾကား တုိက္ပြဲမ်ားေၾကာင့္ ေဒသခံ (၃၀၀)နီးပါး လားရိႈးၿမိဳ႕သို႔ ဇြန္လ (၂၇)ရက္ေန႔ ညမွစ၍ တိမ္းေရွာင္လာၾကသျဖင့္ စားနပ္ရိကၡာမ်ား အေရးေပၚလိုအပ္ေနေၾကာင္း သိရသည္။

“မေန႔ည(ဇြန္လ(၂၇)ရက္) ည(၈)နာရီေလာက္မွာ ဥဴးဇင္းတို႔ ေအာင္မဂၤလာေက်ာင္းတိုက္ကို ေရာက္လာတာက (၈၈)ဦး ရွိပါတယ္။ ေရာက္ ေရာက္ခ်င္းေတာ့ ေက်ာင္းမွာရွိတာေတြနဲ႔ပဲ စား၊ ဝတ္၊ ေန ေရး စီစဥ္ေပးထားပါတယ္။ ထပ္တိုးလာဦးမယ္လို႔လည္း သတင္းရထားပါတယ္။ အဓိကလိုအပ္တာကေတာ့ စားနပ္ရိကၡာ လိုအပ္မႈရွိပါတယ္”ဟု လားရႈိးၿမိဳ႕ အမွတ္(၉)ရပ္ကြက္ရွိ ေအာင္မဂၤလာေက်ာင္းတိုက္ ဆရာေတာ္က တာခီ်လိတ္သတင္းေအဂ်င္စီသို႔ မိန္႔ၾကားသည္။

နမ့္ဆန္ၿမိဳ႕နယ္ နမ့္လင္းေက်းရြာအုပ္စုတြင္ ဇြန္လ (၂၂ )ရက္ႏွင့္ (၂၃)ရက္ေန႔မ်ားတြင္ တပ္မေတာ္ႏွင့္ TNLA တို႔ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ အနီးဝန္းက်င္ေက်းရြာမ်ားတြင္ ေဒသခံမ်ား ပိတ္မိေနသည္ဟု သတင္းမ်ားထြက္လာၿပီးေနာက္ ဇြန္လ (၂၇)ရက္ေန႔ ညပိုင္းတြင္ အဆိုပါေဒသခံမ်ား လားရိႈးသို႔ ေရာက္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“သြားေခၚလာတာ မဟုတ္ဘူး။ သူတို႔အစီအစဥ္နဲ႔ ကိုယ့္ဖာသာလာၾကတာ။ ရြာေတြမွာ ဒီကိုလာခ်င္တဲ့သူေတြ ရွိေသးတယ္လို႔သိရတယ္။ ထပ္လာၾကမယ္လို႔ ထင္တာပဲ။ ကြ်န္မတို႔လည္း ကူညီဖို႔အတြက္ အဆင္သင့္ ျပင္ဆင္ၿပီး ေစာင့္ေနေပးပါတယ္”ဟု လားရိႈးၿမိဳ႕ရွိ တအာင္းအမ်ိဳးသမီး အဖြဲ႔အစည္းမွ မေလြးပုို႔ေစင္ကီက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

စစ္ေဘးေရွာင္မ်ားမွာ လားရႈိးၿမိဳ႕ သာသနာ(၂၅၀၀)ေက်ာင္းတိုက္တြင္ လူဦးေရ (၅)ဦး ၊ ေခးနင္း ေက်းရြာေက်ာင္းတိုက္တြင္ လူဦးေရ (၁၄၁)ဦး ႏွင့္ ေအာင္မဂၤလာေက်ာင္းတိုက္တြင္ (၈၈)ဦး စုစုေပါင္း (၂၈၇) ဦးရွိေနေၾကာင္း လားရိႈးၿမိဳ႕ ေရႊေၾကးစည္လူမႈကူညီေရး အသင္း၏ အသင္းဥကၠဌထံမွ သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - Mai Mai Mai


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု၊ မန်လန်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တပ်မတော်နှင့် TNLA တို့ကြား တိုက်ပွဲများကြောင့် ဒေသခံ (၃၀၀)နီးပါး လားရှိုးမြို့သို့ ဇွန်လ (၂၇)ရက်နေ့ ညမှစ၍ တိမ်းရှောင်လာကြသဖြင့် စားနပ်ရိက္ခါများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“မနေ့ည(ဇွန်လ(၂၇)ရက်) ည(၈)နာရီလောက်မှာ ဉူးဇင်းတို့ အောင်မင်္ဂလာကျောင်းတိုက်ကို ရောက်လာတာက (၈၈)ဦး ရှိပါတယ်။ ရောက် ရောက်ချင်းတော့ ကျောင်းမှာရှိတာတွေနဲ့ပဲ စား၊ ဝတ်၊ နေ ရေး စီစဉ်ပေးထားပါတယ်။ ထပ်တိုးလာဦးမယ်လို့လည်း သတင်းရထားပါတယ်။ အဓိကလိုအပ်တာကတော့ စားနပ်ရိက္ခါ လိုအပ်မှုရှိပါတယ်”ဟု လားရှိုးမြို့ အမှတ်(၉)ရပ်ကွက်ရှိ အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်က တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စုတွင် ဇွန်လ (၂၂ )ရက်နှင့် (၂၃)ရက်နေ့များတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အနီးဝန်းကျင်ကျေးရွာများတွင် ဒေသခံများ ပိတ်မိနေသည်ဟု သတင်းများထွက်လာပြီးနောက် ဇွန်လ (၂၇)ရက်နေ့ ညပိုင်းတွင် အဆိုပါဒေသခံများ လားရှိုးသို့ ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

“သွားခေါ်လာတာ မဟုတ်ဘူး။ သူတို့အစီအစဉ်နဲ့ ကိုယ့်ဖာသာလာကြတာ။ ရွာတွေမှာ ဒီကိုလာချင်တဲ့သူတွေ ရှိသေးတယ်လို့သိရတယ်။ ထပ်လာကြမယ်လို့ ထင်တာပဲ။ ကျွန်မတို့လည်း ကူညီဖို့အတွက် အဆင်သင့် ပြင်ဆင်ပြီး စောင့်နေပေးပါတယ်”ဟု လားရှိုးမြို့ရှိ တအာင်းအမျိုးသမီး အဖွဲ့အစည်းမှ မေလြးပုို႔ေစင္ကီက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

စစ်ဘေးရှောင်များမှာ လားရှိုးမြို့ သာသနာ(၂၅၀၀)ကျောင်းတိုက်တွင် လူဦးရေ (၅)ဦး၊ ခေးနင်း ကျေးရွာကျောင်းတိုက်တွင် လူဦးရေ (၁၄၁)ဦး နှင့် အောင်မင်္ဂလာကျောင်းတိုက်တွင် (၈၈)ဦး စုစုပေါင်း (၂၈၇) ဦးရှိနေကြောင်း လားရှိုးမြို့ ရွှေကြေးစည်လူမှုကူညီရေး အသင်း၏ အသင်းဥက္ကဌထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Mai Mai Mai

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~